အမ်ဘက်ပီအပြောင်းအရွှေ့သီအိုရီကြောင့် လုပ်ခလျှော့မယူကြရန် ကစားဖော်များကို ရာမို့စ်ပြောကြားထား

ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဆာဂျီယိုရာမို့စ်ကရီးရဲလ်မက်ဒရစ်ကစားဖော်များအားကလပ်ကလုပ်ခလျှော့ယူရန်ပြောကြားထားမှုကိုလက်မခံကြရန်တိုက်တွန်းထားကြောင်းသိရပါတယ်။

ရာမို့စ်က၎င်းတို့လျှော့ပေးလိုက်တဲ့လုပ်ခဖြင့်ရီးရဲလ်မက်ဒရစ်မှာပီအက်စ်ဂျီစတားကိုင်လီယန်အမ်ဘက်ပီအားခေါ်ယူရန်ကြိုးပမ်းလာမည်ဖြစ်သောကြောင့်ယင်းသို့တိုက်တွန်းထားခြင်းဖြစ်ကြောင်းသိရပါတယ်။

El Transisitor ရေဒီယိုအစီအစဉ်တွင်အစီအစဉ်တင်ဆက်သူဟိုဆေးရေမွန်ဒီလာမိုရီနာကရာမို့စ်ကကစားဖော်များကိုလုပ်ခလျှော့မယူကြရန်ပြောကြားထားသည်ဟုအမည်မဖော်လိုသူရီးရဲလ်မက်ဒရစ်ကစားသမားက၎င်းကိုပြောကြားထားကြောင်းဆိုသွားပါတယ်။

ဆာဂျီယိုရာမို့စ်ဟာယခုရာသီအကုန်တွင်ရီးရဲလ်မက်ဒရစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုမှာလအတန်ကြာပြီဖြစ်သော်လည်းယခုတိုင်အဆင်ပြေမှုမရရှိသေးပါဘူး။

ရီးရဲလ်မက်ဒရစ်ကကိုဗစ်ကြောင့်ငွေကြေးအကြပ်တွေ့နေမှုကြောင့်ရာမို့စ်ကိုလုပ်ခလျှော့ယူရန်ပြောကြားမှုကိုကစားသမားဘက်ကလက်ခံရန်ငြင်းဆိုထားပါတယ်။

ယခုလအကုန်တွင်ရီးရဲလ်မက်ဒရစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်ရာမို့စ်ကိုပီအက်စ်ဂျီနှင့်မန်စီးတီးတို့ကခေါ်ယူရန်စိတ်ဝင်စားလျက်ရှိကြပါတယ်။

ZawGyi

အမ္ဘက္ပီအေျပာင္းအေ႐ႊ႕သီအိုရီေၾကာင့္ လုပ္ခေလွ်ာ့မယူၾကရန္ ကစားေဖာ္မ်ားကို ရာမို႔စ္ေျပာၾကားထား

ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ဆာဂ်ီယိုရာမို႔စ္ကရီးရဲလ္မက္ဒရစ္ကစားေဖာ္မ်ားအားကလပ္ကလုပ္ခေလွ်ာ့ယူရန္ေျပာၾကားထားမႈကိုလက္မခံၾကရန္တိုက္တြန္းထားေၾကာင္းသိရပါတယ္။

ရာမို႔စ္က၎တို႔ေလွ်ာ့ေပးလိုက္တဲ့လုပ္ချဖင့္ရီးရဲလ္မက္ဒရစ္မွာပီအက္စ္ဂ်ီစတားကိုင္လီယန္အမ္ဘက္ပီအားေခၚယူရန္ႀကိဳးပမ္းလာမည္ျဖစ္ေသာေၾကာင့္ယင္းသို႔တိုက္တြန္းထားျခင္းျဖစ္ေၾကာင္းသိရပါတယ္။

El Transisitor ေရဒီယိုအစီအစဥ္တြင္အစီအစဥ္တင္ဆက္သူဟိုေဆးေရမြန္ဒီလာမိုရီနာကရာမို႔စ္ကကစားေဖာ္မ်ားကိုလုပ္ခေလွ်ာ့မယူၾကရန္ေျပာၾကားထားသည္ဟုအမည္မေဖာ္လိုသူရီးရဲလ္မက္ဒရစ္ကစားသမားက၎ကိုေျပာၾကားထားေၾကာင္းဆိုသြားပါတယ္။

ဆာဂ်ီယိုရာမို႔စ္ဟာယခုရာသီအကုန္တြင္ရီးရဲလ္မက္ဒရစ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးမႈမွာလအတန္ၾကာၿပီျဖစ္ေသာ္လည္းယခုတိုင္အဆင္ေျပမႈမရရွိေသးပါဘူး။

ရီးရဲလ္မက္ဒရစ္ကကိုဗစ္ေၾကာင့္ေငြေၾကးအၾကပ္ေတြ႕ေနမႈေၾကာင့္ရာမို႔စ္ကိုလုပ္ခေလွ်ာ့ယူရန္ေျပာၾကားမႈကိုကစားသမားဘက္ကလက္ခံရန္ျငင္းဆိုထားပါတယ္။

ယခုလအကုန္တြင္ရီးရဲလ္မက္ဒရစ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ရာမို႔စ္ကိုပီအက္စ္ဂ်ီႏွင့္မန္စီးတီးတို႔ကေခၚယူရန္စိတ္ဝင္စားလ်က္ရွိၾကပါတယ္။