အမ်မရီရဲ့ပယ်ချခြင်းခံရပြီးနောက် အက်ဒီဟိုဝီကို ပစ်မှတ်ထားလာတဲ့ နယူးကာဆယ်

နယူးကာဆယ်ဟာအူနိုင်းအမ်မရီကဗီလာရီးရဲလ်တွင်ပင်ဆက်ရှိနေမယ်လို့အတည်ပြုလာပြီးနောက်အက်ဒီဟိုဝီကိုပစ်မှတ်ထားလာပါတယ်။

ဆော်ဒီကျောထောက်နောက်ခံရှိတဲ့နယူးကာဆယ်ဟာတနင်္ဂနွေနေ့တုန်းကအာဆင်နယ်နည်းပြဟောင်းအမ်မရီကိုခန့်အပ်ရန်ဆွေးနွေးမှုများစွာတိုးတက်မှုရှိခဲ့ပါတယ။

ဒါပေမယ့်စပိန်လူမျိုးနည်းပြဟာနယူးကာဆယ်အသင်းတွင်ဘောလုံးဒါရိုက်တာမရှိတဲ့အပြင်ရေရှည်စီမံကိန်းမရှိမှုနဲ့အတူပယ်ချခဲ့ပါတယ်။

ဒါကြောင့်လည်းနယူးကာဆယ်ဟာသူတို့ရဲ့ဒုတိယဦးစားပေးပစ်မှတ်ဖြစ်တဲ့ဘုန်းမောက်နည်းပြဟောင်းဟိုဝီကိုခန့်အပ်ရန်ကြိုးပမ်းလာပါတယ်။

အက်ဒီဟိုဝီဟာဘုန်းမောက်ကိုပရီးမီးယားလိဂ်တွင်လေးရာသီကြာရပ်တည်နိုင်အောင်ဦးဆောင်နိုင်ခဲ့သူဖြစ်ပြီးဆွဲဆောင်မှုရှိတဲ့ကစားဟန်အားပြုအသုံးပြုတာကြောင့်အာဆင်နယ်နည်းပြရာထူးအတွက်ရေပန်းစားခဲ့ဖူးသူလည်းဖြစ်ပါတယ်။

သူဟာဘုန်းမောက်မှထွက်ခွာလာပြီးနောက်ကလပ်လက်မဲ့ဖြစ်နေခဲ့ကာနည်းပြလောကသို့ပြန်လည်ဝင်ရောက်ရန်စိတ်အားထက်သန်နေသူလည်းဖြစ်ပါတယ်။

ZawGyi






