အမ်းမရိတ်ကွင်းတွင် ခေါင်မိုးပေါက်နေမှုကြောင့် ပရိသတ်များ ထိုင်ခုံမှထကာ ရှောင်ပြေးခဲ့ရ

အာဆင်နယ်ပရိသတ်များဟာအမ်းမရိတ်ခေါင်မိုးပေါက်နေမှုကြောင့်ရေမစိုအောင်ထိုင်ခုံမှထကာရှောင်ပြေးခဲ့ရပါတယ်။

အမ်းမရိတ်ကွင်းခေါင်းမိုးရဲ့နှစ်နေရာမှာ ပေါက်နေတာဖြစ်ပြီးတစ်ခုမှာကွင်းလယ်တစ်ဝက်မှာဖြစ်ကာကျန်တစ်ခုမှာဂိုးပေါက်နောက်မှဦပေါက်နေတာလည်းဖြစ်ပါတယ်။

ဒါပေမဲ့အာဆင်နယ်ပရိသတ်များဟာအမ်းမရိတ်ခေါင်မိုးပေါက်နေမှုကိုအာရုံမထားနိုင်ဘဲ ဘောလုံးပွဲကိုသာဆက်လက်အာရုံစိုက်ကြည့်နေခဲ့ကြတာတွေ့ရပါတယ်။

အာဆင်နယ်ဟာမနေ့ညကစပို့တင်းလစ္စဘွန်းနှင့်ပွဲတွင်ဂရာနစ်ဇာခါရဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပေမဲ့ဒုတိယပိုင်းမှာပီဒရိုဂိုကယ်ဗစ်ရဲ့ ကွင်းလယ်တစ်ဝက်မှဂိုးကြောင့်ချေပဂိုးပြန်ပေးခဲ့ရပါတယ်။

ပွဲချိန်နှင့်အချိန်ပိုတွင်နှစ်ကျော့ပေါင်းရလဒ်၃ဂိုးစီသရေဖြစ်နေလို့ ပင်နယ်တီအဆုံးအဖြတ်ကန်ရာမှာတော့အာဆင်နယ်ဟာ၅-၃ဂိုးဖြင့်ရှုံးနိမ့်ကာယူရိုပါလိဂ်မှထွက်ခဲ့ရပါတယ်။

ZawGyi

အမ်းမရိတ်ကွင်းတွင် ခေါင်းမိုးပေါက်နေမှုကြောင့် ပရိသတ်များ ထိုင်ခုံမှထကာ ရှောင်ပြေးခဲ့ရ




