အများအမြင်တွင် ဘာစီလိုနာတွင် ဆက်လိုနေကြောင်း ပြသနေပေမဲ့ ယူနိုက်တက်သို့ ပြောင်းလိုနေတဲ့ ဖရန်ကီဒီဂျောင်

ဘာစီလိုနာကွင်းလယ်ကစားသမားဖရန်ကီဒီဂျောင်ဟာအများအများအပြင်တွင်ဘာစီလိုနာတွင်ဆက်ကစားလိုကြောင်းပြသနေပေမဲ့လည်းတကယ်တမ်းတွင်ယူနိုက်တက်သို့ပြောင်းရွှေ့ကစားရန်စိတ်အားထက်သန်နေကြောင်းသိရပါတယ်။

ဒါ့အပြင်ယနေ့ထွက်ပေါ်လာတဲ့သတင်းအရအသက်၂၅နှစ်ရှိဒတ်ချ်ကွင်းလယ်ကစားသမားဟာဆရာဟောင်းဖြစ်သူအဲရစ်တန်ဟက်နှင့်အဆက်မပြတ်ဆက်သွယ်မှုများရှိနေကြောင်းလည်းသိရပါတယ်။

ယူနိုက်တက်ဟာဘာစီလိုနာကွင်းလယ်ကစားသမားဖရန်ကီဒီဂျောင်ကိုယခုနွေရာသီနံပါတ်တစ်ပစ်မှတ်အဖြစ်ခေါ်ယူလိုနေတာပါ။

ယူနိုက်တက်ဟာယခုအပတ်တွင်ဖရန်ကီဒီဂျောင်ကိုပေါင်၇၂သန်းဖြင့်ခေါ်ယူရန်သဘောတူညီမှုရရှိခဲ့ပါတယ်။

ဒါပေမဲ့အပြောင်းအရွှေ့မှာဖရန်ကီဒီဂျောင်ရဲ့ဘာစီလိုနာထံရရန်ရှိနေတဲ့ကြွေးမြီပေါင်၁၇သန်းကြောင့်ကြန့်ကြာနေပါတယ်။

ဖရန်ကီဒီဂျောင်အနေဖြင့်ယူနိုက်တက်သို့ပြောင်းရွှေ့ပါကအဆိုပါကြွေးမြီပေါင်၁၇ရရန်မသေချာတော့တဲ့အနေအထားမျိုးတွင်ရှိနေပါတယ်။

ဖရန်ကီဒီဂျောင်ဟာဘာစီလိုနာရဲ့အမေရိကန်ခရီးစဉ်သို့လိုက်ပါသွားခဲ့ပေမဲ့လည်းယူနိုက်တက်ကတော့အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်အထိစိတ်ရှည်လက်ရှည်ဖြင့်စောင့်ဆိုင်းသွားပါမယ်။

ဖရန်ကီဒီဂျောင်ဟာဘာစီလိုနာတွင်သာဆက်လိုနေကြောင်းလူသိရှင်ကြားပြောကြားနေမှုမှာ ကိုဗစ်ကာလတုန်းကလုပ်ခလျှော့စဉ်ကကျန်ရှိခဲ့တဲ့ကြွေးမြီများကိုရရှိလိုနေခြင်းကြောင့်ဖြစ်ပါတယ်။

ဒါပေမဲ့တကယ်တမ်းမှာတော့သူဟာယူနိုက်တက်သို့ပြောင်းရေးအတွက်အဲရစ်တန်ဟက်နှင့်အားလုံးဆွေးနွေးထားပြီးသားဖြစ်ပါတယ်။

ZawGyi



ဒါ့အပြင်ယနေ့ထွက်ပေါ်လာတဲ့သတင်းအရအသက်၂၅နှစ်ရှိဒတ်ခ်ျကွင်းလယ်ကစားသမားဟာဆရာဟောင်းဖြစ်သူအဲရစ်တန်ဟက်နှင့်အဆက်မပြတ်ဆက်သွယ်မှုများရှိနေကြောင်းလည်းသိရပါတယ်။






