အမျိုးသမီးတစ်ဦးကသူမရဲ့ကလေး အဖေလို့ စွပ်စွဲလာမှုကို စစ်ဆေးခံယူသွားမယ့် အိမ်ထောင်သည် ပရီးမီးယားလိဂ်စတား

ပရီးမီးယားလိဂ်ဘောလုံးသမားတစ်ဦးဟာဘရာဇီးအမျိုးသမီးတစ်ဦးကသူမရဲ့ချစ်စရာကောင်းတဲ့ကလေးရဲ့အဖေမှာသူဖြစ်တယ်လို့စွပ်စွဲလာမှုအားစမ်းသပ်စစ်ဆေးမှုခံယူရန်သဘောတူညီလိုက်ပြီဖြစ်ပါတယ်။

အသက်၃၃နှစ်ရှိဂျာကွီလင်ဆူဆာကလက်ရွေးစင်ကစားသမားကသူမရဲ့၁၄လအရွယ်သမီးလေးရဲ့အဖေလို့စွပ်စွဲလာခဲ့တာဖြစ်ပါတယ်။ဆူဆာစွပ်စွဲလာတဲ့ဘောလုံးသမားအမည်ကိုတရားဥပဒေအရအမည်ရေးသားလို့မရပါဘူး။

ဂျာကွီလင်က “ကျွန်မကိုချစ်တယ်လို့ပြောခဲ့တယ်။သူ့အိမ်ထောင်ရေးအတွက်ဘာမှမပူနဲ့ဆိုပြီးအာမခံချက်ပေးခဲ့တယ်”လို့ပြောကြားခဲ့ပါတယ်။

အစောပိုင်းတုန်းကဘောလုံးသမားဟာသူမရဲ့ရှေ့နေများကကလေးအဖေကသူ့ဖြစ်တယ်လို့ဆက်သွယ်ပြောကြားလာမှုကိုလက်ခံတွေ့ဆုံရန်ငြင်းဆိုခဲ့ပါတယ်။ဒါပေမယ့်ရှေ့နေများကသူ့ကလပ်နှင့်ပါဆက်သွယ်လာချိန်မှာတော့ ကလေးအဖေဟုတ်/မဟုတ်စစ်ဆေးဖို့သဘောတူညီလာခဲ့ပါတယ်။

အထက်ပါအမှုအားစစ်ဆေးမှုကိုလာမယ့်နိုဝင်ဘာလ၁၀ရက်နေ့မှာပြုလုပ်သွားပါမယ်။

ZawGyi

အမ်ိဳးသမီးတစ္ဦးကသူမရဲ႕ကေလး အေဖလို႔ စြပ္စြဲလာမႈကို စစ္ေဆးခံယူသြားမယ့္ အိမ္ေထာင္သည္ ပရီးမီးယားလိဂ္စတား

ပရီးမီးယားလိဂ္ေဘာလုံးသမားတစ္ဦးဟာဘရာဇီးအမ်ိဳးသမီးတစ္ဦးကသူမရဲ႕ခ်စ္စရာေကာင္းတဲ့ကေလးရဲ႕အေဖမွာသူျဖစ္တယ္လို႔စြပ္စြဲလာမႈအားစမ္းသပ္စစ္ေဆးမႈခံယူရန္သေဘာတူညီလိုက္ၿပီျဖစ္ပါတယ္။

အသက္၃၃ႏွစ္ရွိဂ်ာကြီလင္ဆူဆာကလက္ေ႐ြးစင္ကစားသမားကသူမရဲ႕၁၄လအ႐ြယ္သမီးေလးရဲ႕အေဖလို႔စြပ္စြဲလာခဲ့တာျဖစ္ပါတယ္။ဆူဆာစြပ္စြဲလာတဲ့ေဘာလုံးသမားအမည္ကိုတရားဥပေဒအရအမည္ေရးသားလို႔မရပါဘူး။

ဂ်ာကြီလင္က “ကြၽန္မကိုခ်စ္တယ္လို႔ေျပာခဲ့တယ္။သူ႔အိမ္ေထာင္ေရးအတြက္ဘာမွမပူနဲ႔ဆိုၿပီးအာမခံခ်က္ေပးခဲ့တယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အေစာပိုင္းတုန္းကေဘာလုံးသမားဟာသူမရဲ႕ေရွ႕ေနမ်ားကကေလးအေဖကသူ႔ျဖစ္တယ္လို႔ဆက္သြယ္ေျပာၾကားလာမႈကိုလက္ခံေတြ႕ဆုံရန္ျငင္းဆိုခဲ့ပါတယ္။ဒါေပမယ့္ေရွ႕ေနမ်ားကသူ႔ကလပ္ႏွင့္ပါဆက္သြယ္လာခ်ိန္မွာေတာ့ ကေလးအေဖဟုတ္/မဟုတ္စစ္ေဆးဖို႔သေဘာတူညီလာခဲ့ပါတယ္။

အထက္ပါအမႈအားစစ္ေဆးမႈကိုလာမယ့္ႏိုဝင္ဘာလ၁၀ရက္ေန႔မွာျပဳလုပ္သြားပါမယ္။