အမျိုးသမီးဘောလုံးပွဲတွင် ပွဲမစတင်မီ မီးရှူးခေါင်းထိပြီး ဆေးရုံတက်ခဲ့ရတဲ့ စည်းကြပ်ဒိုင်

စည်းကြပ်ဒိုင်တစ်ဦးဟာအမျိုးသမီးဘောလုံးပွဲမစတင်မီမှာဘဲမီးရှူးထိမှန်ပြီး ဆေးရုံသို့အရေးပေါ်တက်ရောက်ခဲ့ရပါတယ်။

တနင်္ဂနွေနေ့တုန်းကဘရူနိုအေရက်စ်တောင်ပိုင်းမိုင်၄၀၀အကွာအာဂျင်တီးနားဆိပ်ကမ်းမြို့ဘာဟီယာဘလန်ကာတွင်ကစားတဲ့အမျိုးသမီးပွဲတစ်ပွဲမှာဖြစ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲကိုပရိသတ်၈၀ဦးခန့်ကသာလာရောက်ကြည့်ရှုခဲ့ကြခြင်းဖြစ်ပါတယ်။ဒါပေမဲ့ပွဲစတင်မီနှစ်ဖက်ကစားသမားများ၊ဒိုင်လူကြီးများကပရိသတ်များကိုနှုတ်ဆက်ချိန်တွင်မီးရှူးပစ်ခဲ့ပါတယ်။

အသက်၂၁နှစ်ရှိစည်းကြပ်ဒိုင်မားကို့စ်ဒီအေဂပ်စ်တီနိုဟာမီးရှူးထိမှန်ပြီးနောက်မီးလောင်ဒဏ်ရာအပြင်လက်မောင်းတွင်ပြတ်ရှဒဏ်ရာရရှိခဲ့ပြီးဆေးရုံသို့အရေးပေါ်တက်ခဲ့ရကာဆေးရုံတွင်တစ်ညနေထိုင်ခဲ့ရပါတယ်။

တီရိုဖီဒရယ်နှင့်လီဘာတက်တို့ကစားတဲ့အထက်ပါအမျိုးသမီးပွဲစဉ်မှာစည်းကြပ်ဒိုင်ကိုဆေးရုံသို့အရေးပေါ်ပို့ဆောင်ခဲ့ရမှုနဲ့အတူပွဲကိုလည်းရပ်ဆိုင်းခဲ့ရပါတယ်။

ရဲတပ်ဖွဲ့ကမီးရှူးပစ်လွှတ်ခဲ့တဲ့ပွဲကြည့်စင်ကအိမ်ရှင်ပရိသတ်များရှိရာပွဲကြည့်စင်မှဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။ယင်းပွဲကိုအိမ်ရှင်ပရိသတ်၆၀ဦးခန့်နှင့်ဧည့်သည်ပရိသတ်၂၀ဦးခန့်တို့သာလာရောက်ကြည့်ခဲ့ကြပါတယ်။လာရောက်ကြည့်ရှုသူများမှာကစားသမားများရဲ့မိသားစုဝင်များ၊သူငယ်ချင်းများဖြစ်ကြပါတယ်။

ZawGyi

အမ်ိဳးသမီးေဘာလုံးပြဲတြင္ ပြဲမစတင္မီ မီးရႉးေခါင္းထိၿပီး ေဆး႐ုံတက္ခဲ့ရတဲ့ စည္းၾကပ္ဒိုင္

စည္းၾကပ္ဒိုင္တစ္ဦးဟာအမ်ိဳးသမီးေဘာလုံးပြဲမစတင္မီမွာဘဲမီးရႉးထိမွန္ၿပီး ေဆး႐ုံသို႔အေရးေပၚတက္ေရာက္ခဲ့ရပါတယ္။

တနဂၤေႏြေန႔တုန္းကဘ႐ူႏိုေအရက္စ္ေတာင္ပိုင္းမိုင္၄၀၀အကြာအာဂ်င္တီးနားဆိပ္ကမ္းၿမိဳ႕ဘာဟီယာဘလန္ကာတြင္ကစားတဲ့အမ်ိဳးသမီးပြဲတစ္ပြဲမွာျဖစ္ခဲ့တာျဖစ္ပါတယ္။

အဆိုပါပြဲကိုပရိသတ္၈၀ဦးခန႔္ကသာလာေရာက္ၾကည့္ရႈခဲ့ၾကျခင္းျဖစ္ပါတယ္။ဒါေပမဲ့ပြဲစတင္မီႏွစ္ဖက္ကစားသမားမ်ား၊ဒိုင္လူႀကီးမ်ားကပရိသတ္မ်ားကိုႏႈတ္ဆက္ခ်ိန္တြင္မီးရႉးပစ္ခဲ့ပါတယ္။

အသက္၂၁ႏွစ္ရွိစည္းၾကပ္ဒိုင္မားကို႔စ္ဒီေအဂပ္စ္တီႏိုဟာမီးရႉးထိမွန္ၿပီးေနာက္မီးေလာင္ဒဏ္ရာအျပင္လက္ေမာင္းတြင္ျပတ္ရွဒဏ္ရာရရွိခဲ့ၿပီးေဆး႐ုံသို႔အေရးေပၚတက္ခဲ့ရကာေဆး႐ုံတြင္တစ္ညေနထိုင္ခဲ့ရပါတယ္။

တီ႐ိုဖီဒရယ္ႏွင့္လီဘာတက္တို႔ကစားတဲ့အထက္ပါအမ်ိဳးသမီးပြဲစဥ္မွာစည္းၾကပ္ဒိုင္ကိုေဆး႐ုံသို႔အေရးေပၚပို႔ေဆာင္ခဲ့ရမႈနဲ႔အတူပြဲကိုလည္းရပ္ဆိုင္းခဲ့ရပါတယ္။

ရဲတပ္ဖြဲ႕ကမီးရႉးပစ္လႊတ္ခဲ့တဲ့ပြဲၾကည့္စင္ကအိမ္ရွင္ပရိသတ္မ်ားရွိရာပြဲၾကည့္စင္မွျဖစ္ေၾကာင္းအတည္ျပဳခဲ့ပါတယ္။ယင္းပြဲကိုအိမ္ရွင္ပရိသတ္၆၀ဦးခန႔္ႏွင့္ဧည့္သည္ပရိသတ္၂၀ဦးခန႔္တို႔သာလာေရာက္ၾကည့္ခဲ့ၾကပါတယ္။လာေရာက္ၾကည့္ရႈသူမ်ားမွာကစားသမားမ်ားရဲ႕မိသားစုဝင္မ်ား၊သူငယ္ခ်င္းမ်ားျဖစ္ၾကပါတယ္။