အမျိုးသမီးများ အတူအိပ်စက်လိုတဲ့ ဘောလုံးသမား ၁၀ ဦးစာရင်းထွက်ပေါ်လာ၊ ခရစ္စတီယာနိုရော်နယ်ဒို အဆင့် ၈ နေရာတွင်သာ ရပ်တည်
ဒေးဗစ်ဘက်ဟမ်းဟာ အမျိုးသမီးတိုင်းအိပ်စက်လိုတဲ့ဘောလုံးသမားစာရင်းမှာထိပ်ဆုံးကရပ်တည်နိုင်ခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်စူပါစတားခရစ္စတီယာနိုရော်နယ်ဒိုကတော့အမျိုးသမီးများအိပ်စက်လိုတဲ့ဘောလုံးသမား၁၀ဦးစာရင်းမှာအဆင့်၈နေရာမှာဘဲရပ်တည်နိုင်ခဲ့ပါတယ်။
အသက်၄၆နှစ်ရှိအင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာ Ticketgum ရဲ့စစ်တမ်းမှာ မဲ၂၁.၂၅ရာခိုင်နှုန်းအထိရရှိပြီးထိပ်ဆုံးမှာရပ်တည်ခဲ့တာလည်းဖြစ်ပါတယ်။
ဖူလ်ဟမ်ဂိုးသမားပေါလ်လိုဂါဇာနီဂါကမဲ၁၅ရာခိုင်နှုန်းဖြင့်တတိယနေရာမှာရပ်တည်နိုင်ခဲ့ပြီးချဲလ်ဆီးစတားရူဘင်လိုတပ်စ်ချက်ခ်ကမဲ၁၃.၇၅ရာခိုင်နှုန်းဖြင့်တတိယနေရာမှာရပ်တည်နေပါတယ်။အဆင့်၄နေရာမှာအဲဗာတန်စတားအင်ဒရေဂိုမက်စ်ကမဲ၁၁.၂၅ရာခိုင်နှုန်းဖြင့်ရပ်တည်နိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်စတားမာကိုအလွန်ဆိုကမဲ၈.၇၅ရာခိုင်နှုန်းအဆင့်၅နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။
ကျန်ငါးဦးတွင်အိုလီဗာရာဂျရူး(မီလန်)ကမဲ၇.၅ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ဂါရတ်ပီကေး(ဘာစီလိုနာ)ကမဲ၇.၅ဖြင့်လည်းကောင်း၊ခရစ္စတီယာနိုရော်နယ်ဒို(မန်ချက်စတာယူနိုက်တက်)ကမဲ၆.၂၅ရာခိုင်နှုန်းဖြင့်လည်းကောင်း၊လီယွန်နယ်မက်ဆီ(ပီအက်စ်ဂျီ)ကမဲ၅ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ဆာဂျီယိုရာမို့စ်(ပီအက်စ်ဂျီ)ကမဲ၃.၇၅ရာခိုင်နှုန်းဖြင့်လည်းကောင်းအသီးသီးပါဝင်ခဲ့ကြပါတယ်။
စိတ်ဝင်စားဖို့‌ကောင်းတာကတော့ပရီးမီးယားလိဂ်ထိပ်သီးလီဗာပူးနှင့်ချဲလ်ဆီးတို့မှကစားသမားတစ်ဦးမှမပါဝင်တာဖြစ်ပါတယ်။
ZawGyi