အမျိုးသမီးသုံးဦးနှင့် တပြိုင်တည်းတွဲတယ်ဆိုတဲ့သတင်းများနှင့်ပတ်သက်ပြီး နှုတ်ဆိတ်မနေတော့တဲ့ ဂျက်ဂရဲလ်လစ်ရှ်

ဂျက်ဂရဲလ်လစ်ရှ်ဟာမိန်းမချောသုံးဦးနှင့်တစ်ပြိုင်တည်းတွဲနေတယ်လို့ ဗြိတိန်မီဒီယာများကရေးသားနေမှုကိုဝေဖန်လိုက်ပါတယ်။

The Sun သတင်းစာကမန်စီးတီးနှင့်အင်္ဂလန်စတားဟာငယ်ချစ်ဆာရှာအက်ဝုဒ်နှင့်တွဲနေစဉ်အတွင်းတွင်မင်းသမီးနှင့်ဟာသသရုပ်ဆောင်အီမီလီအတက်ခ်၊ Love Island အနိုင်ဆုရှင်အမ်ဘာဂီးလ်တို့နှင့်လည်းတွဲနေကြောင်းဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်ယခုအခါမှာတော့ဂျက်ဂရဲလ်လစ်ရှ်ကသတင်းစာများရဲ့ဖော်ပြမှုမှာအလိမ်အညာများနှင့်ပြည့်နှက်နေကြောင်း တုံ့ပြန်မှုပြုလုပ်လာပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်က “သတင်းစာတွေမှာဖတ်ရတာအားလုံးကိုမယုံကြည်ပါနဲ့။သတင်းစာတွေမှာလိမ်ညာမှုကြီးနှစ်ခုပါဝင်ပါတယ်။သတင်းရှင်းမြစ်တစ်ခု၊နီးစပ်တဲ့သူငယ်ချင်းဆိုပြီးရေးသားနေပါတယ်”လို့အင်စတာဂရမ်ကနေရေးသားလာပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်နှင့်ဆာရှာတို့အနောက်အလယ်ပိုင်း ဟာဆိုလီရှိ စိန့်ပီတာရိုမန်ကလစ်သစ်ကျောင်းတွင်ကျောင်းတက်စဉ်ကတည်းကချစ်ကြိုက်လာခဲ့ကြတာဖြစ်ပါတယ်။

အသက်၂၆နှစ်ရှိဂျက်ဂရဲလ်လစ်ရှ်ဟာယူရို၂၀၂၀ပြိုင်ပွဲမှစတင်ကာအမျိုးသမီးပရိသတ်များအကြားတွင်ရေးပန်းစားလာခဲ့သူဖြစ်ပါတယ်။

ယခုကဲ့သို့ဂျက်ဂရဲလ်လစ်ရှ်က အမျိုးသမီးသုံးယောက်နှင့်တပြိုင်တည်းနေတယ်လို့ရေးသားမှုကိုရှေ့ထွက်ရှင်းလင်းလာမှုကိုကြည့်ရင်သူဟာ ငယ်ချစ်ဆာရှာအက်ဝုဒ်နှင့်ဘဲဆက်လက်လက်တွဲသွားတော့မယ်လို့ယူဆရပါတယ်။

ZawGyi







