အမျိုးသမီးအခွင့်အရေးနှင့်ပတ်သက်တဲ့ မေးခွန်းကို ဖြေကြားရန် ငွေတောင်းခဲ့တဲ့ အီရန်နည်းပြကွီရော့ဇ်

အီရန်နည်းပြကားလို့စ်ကွီရော့ဇ်ဟာအီရန်ရှိအမျိုးသမီးအခွင့်အရေးနှင့်ပတ်သက်ပြီးမေးမြန်းလာမှုအား အဖြေပေးရန်ငွေကြေးတောင်းခံခဲ့ပြီးနောက်ကမ္ဘာ့ဖလားအကြိုသတင်းစာရှင်းလင်းမှထွက်ခွာသွားခဲ့ပါတယ်။

ယူနိုက်တက်လက်ထောက်နည်းပြဟောင်းဟာအီရန်အသင်းကို၂၀၁၁ခုနှစ်မှ၂၀၁၈ခုနှစ်အထိကိုင်တွယ်ခဲ့ဖူးပြီး၂၀၁၄နှင့်၂၀၁၈ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင်စွမ်းဆောင်ခဲ့ဖူးပါတယ်။

သူဟာအီဂျစ်ကိုကိုင်တွယ်ခဲ့ပေမဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပေမဲ့ အထုတ်ခံရတဲ့အီရန်နည်းပြရာထူးတွင်အစားထိုးခံရပြီးနောက်ကမ္ဘာ့ဖလားကိုင်တွယ်ခွင့်ရလာပါတယ်။

အီရန်ဟာလည်းနိုင်ငံတွင်းအမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများကိုနှိပ်ကွပ်မှု၊ယူကရိန်းစစ်ပွဲတွင်ရုရှားကိုကူညီထောက်ပံ့မှုတို့ကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲမှထုတ်ပယ်ခြင်းခံရရန်တောင်းဆိုခြင်းခံထားရပါတယ်။

အီရန်တွင်ခေါင်းမြီးမခြုံမှုကြောင့်ဖမ်းဆီးခံထားရတဲ့အသက်၂၂နှစ်အရွယ်ကျောင်းသူအေမီနီ အချုပ်ခန်းအတွင်းသေဆုံးပြီးနောက် နိုင်ငံတလွှားအကြီးအကျယ်သပိတ်မှောက်မှုဖြစ်နေပါတယ်။

ကွီရော့ဇ်ဟာကမ္ဘာ့ဖလားအကြိုသတင်းစာရှင်းလင်းပွဲတွင်အီရန်ရှိအမျိုးသမီးအခွင့်အရေးနှင့်ပတ်သက်ပြီးမေးခွန်းကြုံလာရပါတယ်။

သတင်းထောက်က “အမျိုးသမီးအခွင့်အရေးကိုနှိပ်ကွပ်နေတဲ့အီရန်လိုနိုင်ငံမျိုးကိုကမ္ဘာ့ဖလားမှာကိုယ်စားပြုခွင့်ရတာအဆင်ပြေသလား”လို့မေးမြန်းခဲ့ပါတယ်။

အသက်၆၉နှစ်ရှိနည်းပြက “ခင်ဗျားဘယ်ရုပ်သံလိုင်းမှာအလုပ်လုပ်သလဲ?”လို့မေးမြန်းခဲ့ပါတယ်။

သတင်းထောက်ကလည်း “Sky”လို့ဖြေကြားပါတယ်။

ယင်းနောက်ကွီရော့ဇ်က “ဒီမေးခွန်းကိုဖြေဖို့ ငါ့ကိုမင်းဘယ်လောက်ပေးနိုင်သလဲ?။မင်းကပုဂ္ဂိလိကကုမ္ပဏီမှာအလုပ်လုပ်နေတာ။မင်းငါ့ကိုဘယ်လောက်ပေးမှာလဲ။မင်းသူဌေးနဲ့စကားလိုက်ဦး။ကမ္ဘာ့ဖလားပြီးတဲ့အခါကျရင်မင်းဘက်ကငါ့ကိုကောင်းကောင်းကမ်းလှမ်းရင်ငါအဖြေပေးမယ်။ကျေးဇူးတင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ကွီရော့ဇ်ကထိုင်ခုံမှထကာထွက်သွားချိန်တွင်သတင်းထောက်ကလည်း “ခင်ဗျားကဒါကိုဂုဏ်ယူတယ်လို့ပြောနေတာလား”လို့ပြန်ဖြေပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းကလည်း “မဟုတ်ဘူး။မဟုတ်ဘူး။မေးခွန်းကိုအဖြေပေးဖို့ပြောနေတာ။ငါ့ပါးစပ်ကိုငါ့မပြောတဲ့စကားလုံးနဲ့လာမပိတ်နဲ့။ငါကမင်းကုမ္ပဏီကိုမေးနေတာ။ဒီမေးခွန်းဖြေဖို့ဘယ်လောက်ပေးမလဲလို့။ဟုတ်ပြီလား။အိုကေ။ကျေးဇူးတင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်၎င်းက “မင်းအနေနဲ့အင်္ဂလန်မှာရှိတဲ့ခိုးဝင်တွေနဲ့ပတ်သက်ပြီးစတွေးသင့်တယ်။ဒါနဲ့ပတ်သက်ပြီးတော့ဘဲတွေးပါ”လို့ပြောကြားသွားပါတယ်။

အီရန်ဟာလာမယ့်အပတ်တွင်အင်္ဂလန်နှင့်ကစားကာကမ္ဘာ့ဖလားအဖွင့်ပွဲကစားရမှာဖြစ်ပြီး ဝေးလ်(သောကြာ)၊အမေရိကန်(အင်္ဂါ)တို့လည်းရင်ဆိုင်ရပါဦးမယ်။

ZawGyi

အမ်ိဳးသမီးအခြင့္အေရးႏွင့္ပတ္သက္တဲ့ ေမးခြန္းကို ေျဖၾကားရန္ ေငြေတာင္းခဲ့တဲ့ အီရန္နည္းျပကြီေရာ့ဇ္

အီရန္နည္းျပကားလို႔စ္ကြီေရာ့ဇ္ဟာအီရန္ရွိအမ်ိဳးသမီးအခြင့္အေရးႏွင့္ပတ္သက္ၿပီးေမးျမန္းလာမႈအား အေျဖေပးရန္ေငြေၾကးေတာင္းခံခဲ့ၿပီးေနာက္ကမာၻ႔ဖလားအႀကိဳသတင္းစာရွင္းလင္းမွထြက္ခြာသြားခဲ့ပါတယ္။

ယူႏိုက္တက္လက္ေထာက္နည္းျပေဟာင္းဟာအီရန္အသင္းကို၂၀၁၁ခုႏွစ္မွ၂၀၁၈ခုႏွစ္အထိကိုင္တြယ္ခဲ့ဖူးၿပီး၂၀၁၄ႏွင့္၂၀၁၈ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ေအာင္စြမ္းေဆာင္ခဲ့ဖူးပါတယ္။

သူဟာအီဂ်စ္ကိုကိုင္တြယ္ခဲ့ေပမဲ့ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ေအာင္စြမ္းေဆာင္ႏိုင္ခဲ့ျခင္းမရွိေပမဲ့ အထုတ္ခံရတဲ့အီရန္နည္းျပရာထူးတြင္အစားထိုးခံရၿပီးေနာက္ကမာၻ႔ဖလားကိုင္တြယ္ခြင့္ရလာပါတယ္။

အီရန္ဟာလည္းႏိုင္ငံတြင္းအမ်ိဳးသမီးအခြင့္အေရးလႈပ္ရွားသူမ်ားကိုႏွိပ္ကြပ္မႈ၊ယူကရိန္းစစ္ပြဲတြင္႐ုရွားကိုကူညီေထာက္ပံ့မႈတို႔ေၾကာင့္ကမာၻ႔ဖလားၿပိဳင္ပြဲမွထုတ္ပယ္ျခင္းခံရရန္ေတာင္းဆိုျခင္းခံထားရပါတယ္။

အီရန္တြင္ေခါင္းၿမီးမၿခဳံမႈေၾကာင့္ဖမ္းဆီးခံထားရတဲ့အသက္၂၂ႏွစ္အ႐ြယ္ေက်ာင္းသူေအမီနီ အခ်ဳပ္ခန္းအတြင္းေသဆုံးၿပီးေနာက္ ႏိုင္ငံတလႊားအႀကီးအက်ယ္သပိတ္ေမွာက္မႈျဖစ္ေနပါတယ္။

ကြီေရာ့ဇ္ဟာကမာၻ႔ဖလားအႀကိဳသတင္းစာရွင္းလင္းပြဲတြင္အီရန္ရွိအမ်ိဳးသမီးအခြင့္အေရးႏွင့္ပတ္သက္ၿပီးေမးခြန္းႀကဳံလာရပါတယ္။

သတင္းေထာက္က “အမ်ိဳးသမီးအခြင့္အေရးကိုႏွိပ္ကြပ္ေနတဲ့အီရန္လိုႏိုင္ငံမ်ိဳးကိုကမာၻ႔ဖလားမွာကိုယ္စားျပဳခြင့္ရတာအဆင္ေျပသလား”လို႔ေမးျမန္းခဲ့ပါတယ္။

အသက္၆၉ႏွစ္ရွိနည္းျပက “ခင္ဗ်ားဘယ္႐ုပ္သံလိုင္းမွာအလုပ္လုပ္သလဲ?”လို႔ေမးျမန္းခဲ့ပါတယ္။

သတင္းေထာက္ကလည္း “Sky”လို႔ေျဖၾကားပါတယ္။

ယင္းေနာက္ကြီေရာ့ဇ္က “ဒီေမးခြန္းကိုေျဖဖို႔ ငါ့ကိုမင္းဘယ္ေလာက္ေပးႏိုင္သလဲ?။မင္းကပုဂၢိလိကကုမၸဏီမွာအလုပ္လုပ္ေနတာ။မင္းငါ့ကိုဘယ္ေလာက္ေပးမွာလဲ။မင္းသူေဌးနဲ႔စကားလိုက္ဦး။ကမာၻ႔ဖလားၿပီးတဲ့အခါက်ရင္မင္းဘက္ကငါ့ကိုေကာင္းေကာင္းကမ္းလွမ္းရင္ငါအေျဖေပးမယ္။ေက်းဇူးတင္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ကြီေရာ့ဇ္ကထိုင္ခုံမွထကာထြက္သြားခ်ိန္တြင္သတင္းေထာက္ကလည္း “ခင္ဗ်ားကဒါကိုဂုဏ္ယူတယ္လို႔ေျပာေနတာလား”လို႔ျပန္ေျဖပါတယ္။

ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္းကလည္း “မဟုတ္ဘူး။မဟုတ္ဘူး။ေမးခြန္းကိုအေျဖေပးဖို႔ေျပာေနတာ။ငါ့ပါးစပ္ကိုငါ့မေျပာတဲ့စကားလုံးနဲ႔လာမပိတ္နဲ႔။ငါကမင္းကုမၸဏီကိုေမးေနတာ။ဒီေမးခြန္းေျဖဖို႔ဘယ္ေလာက္ေပးမလဲလို႔။ဟုတ္ၿပီလား။အိုေက။ေက်းဇူးတင္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္၎က “မင္းအေနနဲ႔အဂၤလန္မွာရွိတဲ့ခိုးဝင္ေတြနဲ႔ပတ္သက္ၿပီးစေတြးသင့္တယ္။ဒါနဲ႔ပတ္သက္ၿပီးေတာ့ဘဲေတြးပါ”လို႔ေျပာၾကားသြားပါတယ္။

အီရန္ဟာလာမယ့္အပတ္တြင္အဂၤလန္ႏွင့္ကစားကာကမာၻ႔ဖလားအဖြင့္ပြဲကစားရမွာျဖစ္ၿပီး ေဝးလ္(ေသာၾကာ)၊အေမရိကန္(အဂၤါ)တို႔လည္းရင္ဆိုင္ရပါဦးမယ္။