
FIFPro ကအီရန်ကစားသမားအေမာနက်စ်အဇာဒါနီမှာအမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုတွင်ပါဝင်မှုကြောင့်ကွပ်မျက်ခြင်းခံရမယ့်အရေးနှင့်ရင်ဆိုင်နေရကြောင်းတုန်လှုပ်ဖွယ်ကြေညာလာပါတယ်။
အီရန်နိုင်ငံတွင်အသက်၂၂နှစ်အရွယ်အမျိုးသမီးငယ်အေမီနီ ရဲစခန်းအချုပ်ခန်းအတွင်းအသတ်ခံရပြီးနောက်အီရန်နိုင်ငံတလွှားအစိုးရဆန့်ကျင်ဆန္ဒပြသပိတ်မှောက်မှုများဖြစ်နေပါတယ်။
အေမီနီဟာအီရန်အစိုးရကကန့်သတ်ထားတဲ့အဝတ်အစားစည်းမျဉ်းချိုးဖောက်မှုကြောင့်အဖမ်းခံရပြီးနောက်အချုပ်ခန်းတွင်သေတဲ့အထိနှိပ်စက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။
နက်စ်အေဇာဒါနီဟာ Persian Gulf Pro Leagueကလပ် Tractor SC တွင်ကစားနေသူဖြစ်ပါတယ်။
ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖွဲ့ချုပ်က “FIFPro ဟာပရော်ဖက်ရှင်နယ်ဘောလုံးသမားအေမာနက်စ်အဇာဒါနီ အီရန်မှာအမျိုးသမီးအခွင့်အရေးနဲ့အခြေခံလွတ်လပ်ခွင့်တောင်းဆိုမှုမှာပါဝင်လို့ကွပ်မျက်ခံရမဲ့အရေးကြုံနေရမှုကြောင့်တုန်လှုပ်ရပါတယ်။အေမာနဲ့အတူရပ်တည်ပါတယ်။သူ့ရဲ့ပြစ်ဒဏ်အားလုံးကိုချက်ချင်းဖယ်ရှားဖို့တောင်းဆိုပါတယ်”လို့ကြေညာသွားပါတယ်။
အီရန်ကစားသမားများဟာအင်္ဂလန်နှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲတွင်နိုင်ငံတော်သီချင်းမသီဆိုဘဲ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုကိုထောက်ခံခဲ့ကြပါတယ်။
ဒါပေမဲ့၎င်းတို့ဟာအီရန်အာဏာပိုင်တို့ကနိုင်ငံသို့ပြန်ရောက်လာလျှင်ပြင်းထန်စွာအရေးယူမယ်လို့ခြိမ်းခြောက်ခံရပြီးနောက် လက်ကျန်အုပ်စုပွဲနှစ်ပွဲတွင်နိုင်ငံရေးနှင့်ဆက်နွယ်တဲ့အရာများမလုပ်ဆောင်ခဲ့ကြပါဘူး။
ZawGyi
အမ်ိဳးသမီးအခြင့္အေရးလႈပ္ရွားမႈေၾကာင့္ အဆိုး႐ြားဆုံးျပစ္ဒဏ္ ခံရကိန္းဆိုက္ေနတဲ့ အီရန္ေဘာလုံးသမား
FIFPro ကအီရန္ကစားသမားေအမာနက္စ္အဇာဒါနီမွာအမ်ိဳးသမီးအခြင့္အေရးလႈပ္ရွားမႈတြင္ပါဝင္မႈေၾကာင့္ကြပ္မ်က္ျခင္းခံရမယ့္အေရးႏွင့္ရင္ဆိုင္ေနရေၾကာင္းတုန္လႈပ္ဖြယ္ေၾကညာလာပါတယ္။
အီရန္ႏိုင္ငံတြင္အသက္၂၂ႏွစ္အ႐ြယ္အမ်ိဳးသမီးငယ္ေအမီနီ ရဲစခန္းအခ်ဳပ္ခန္းအတြင္းအသတ္ခံရၿပီးေနာက္အီရန္ႏိုင္ငံတလႊားအစိုးရဆန႔္က်င္ဆႏၵျပသပိတ္ေမွာက္မႈမ်ားျဖစ္ေနပါတယ္။
ေအမီနီဟာအီရန္အစိုးရကကန႔္သတ္ထားတဲ့အဝတ္အစားစည္းမ်ဥ္းခ်ိဳးေဖာက္မႈေၾကာင့္အဖမ္းခံရၿပီးေနာက္အခ်ဳပ္ခန္းတြင္ေသတဲ့အထိႏွိပ္စက္ခံခဲ့ရတာလည္းျဖစ္ပါတယ္။
နက္စ္ေအဇာဒါနီဟာ Persian Gulf Pro Leagueကလပ္ Tractor SC တြင္ကစားေနသူျဖစ္ပါတယ္။
ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားအဖြဲ႕ခ်ဳပ္က “FIFPro ဟာပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားေအမာနက္စ္အဇာဒါနီ အီရန္မွာအမ်ိဳးသမီးအခြင့္အေရးနဲ႔အေျခခံလြတ္လပ္ခြင့္ေတာင္းဆိုမႈမွာပါဝင္လို႔ကြပ္မ်က္ခံရမဲ့အေရးႀကဳံေနရမႈေၾကာင့္တုန္လႈပ္ရပါတယ္။ေအမာနဲ႔အတူရပ္တည္ပါတယ္။သူ႔ရဲ႕ျပစ္ဒဏ္အားလုံးကိုခ်က္ခ်င္းဖယ္ရွားဖို႔ေတာင္းဆိုပါတယ္”လို႔ေၾကညာသြားပါတယ္။
အီရန္ကစားသမားမ်ားဟာအဂၤလန္ႏွင့္ကမာၻ႔ဖလားအဖြင့္ပြဲတြင္ႏိုင္ငံေတာ္သီခ်င္းမသီဆိုဘဲ အမ်ိဳးသမီးအခြင့္အေရးလႈပ္ရွားမႈကိုေထာက္ခံခဲ့ၾကပါတယ္။
ဒါေပမဲ့၎တို႔ဟာအီရန္အာဏာပိုင္တို႔ကႏိုင္ငံသို႔ျပန္ေရာက္လာလွ်င္ျပင္းထန္စြာအေရးယူမယ္လို႔ၿခိမ္းေျခာက္ခံရၿပီးေနာက္ လက္က်န္အုပ္စုပြဲႏွစ္ပြဲတြင္ႏိုင္ငံေရးႏွင့္ဆက္ႏြယ္တဲ့အရာမ်ားမလုပ္ေဆာင္ခဲ့ၾကပါဘူး။