အမျိုးသမီးအသင်းစတားအလီရှာလေမန်းနှင့် ချစ်ကြိုက်နေတဲ့ ဗီလာစတားဒေါက်ကလပ်လူးဝစ်ဇ်

အက်စတွန်ဗီလာအလယ်တန်းကစားသမားဒေါက်ကလပ်လူးဝစ်ဇ်ကအမျိုးသမီးအသင်းစတားအလီရှာလေမန်းနှင့်ချစ်ကြိုက်နေကြောင်း ချစ်ကြည်နူးနေတဲ့ဓာတ်ပုံများတင်ကာပရိသတ်များကိုအသိပေးလာပါတယ်။

အသက်၂၂နှစ်ရှိဆွစ်ဇာလန်လက်ရွေးစင်ကစားသမားအလီရှာလေမန်းဟာသူမရဲ့အင်စတာဂရမ်တွင်ချစ်သူစုံတွဲနှစ်ဦးချစ်ကြည်နူးနေတဲ့ပုံများတင်ကာပရိသတ်များကိုအသိပေးလာတာလည်းဖြစ်ပါတယ်။

အသက်၂၃နှစ်ရှိဘရာဇီးကစားသမားဟာလည်းသူ့ရဲ့အင်စတာဂရမ်အကောင့်တွင်အလီရှာလေမန်းနှင့်တွဲရိုက်ထားတဲ့ဓာတ်ပုံများကိုတင်သွားပါတယ်။

အလီရှာလေမန်းဟာပြီးခဲ့တဲ့ရာသီဒုတိယဝက်တုန်းကအဲဗာတန်သို့အငှားဖြင့်သွားကစားခဲ့သူဖြစ်ပြီးစူပါလိဂ်ပွဲ၇ပွဲတွင်၁ဂိုးသွင်းနိုင်ခဲ့ပါတယ်။ဒါပေမယ့်သူမဟာယခုရာသီမှာဗီလာအတွက်၇ပွဲကစားထားရာမှာဂိုးသွင်းနိုင်ခြင်းမရှိသလိုဖန်တီးနိုင်ခြင်းလည်းမရှိပါဘူး။

လေမန်းဟာချဲလ်ဆီးအမျိုးသမီးအသင်းတိုက်စစ်မှူးရိုမိုနာဘစ်ရှ်မန်းနှင့်တွဲပြီးနောက်လမ်းခွဲခဲ့သူဖြစ်ပါတယ်။၎င်းတို့နှစ်ဦးဟာဆွစ်ဇာလန်အသင်းတွင်အတူကစားစဉ်ချစ်ကြိုက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဗီလာပရိသတ်များဟာအမျိုးသားအသင်းမှကစားသမားနှင့်အမျိုးသမီးအသင်းမှကစားသမားတို့ချစ်ကြိုက်နေကြမှုအပေါ်အားပေးလျက်ရှိကြပါတယ်။

ZawGyi

အမ်ိဳးသမီးအသင္းစတားအလီရွာေလမန္းႏွင့္ ခ်စ္ႀကိဳက္ေနတဲ့ ဗီလာစတားေဒါက္ကလပ္လူးဝစ္ဇ္

အက္စတြန္ဗီလာအလယ္တန္းကစားသမားေဒါက္ကလပ္လူးဝစ္ဇ္ကအမ်ိဳးသမီးအသင္းစတားအလီရွာေလမန္းႏွင့္ခ်စ္ႀကိဳက္ေနေၾကာင္း ခ်စ္ၾကည္ႏူးေနတဲ့ဓာတ္ပုံမ်ားတင္ကာပရိသတ္မ်ားကိုအသိေပးလာပါတယ္။

အသက္၂၂ႏွစ္ရွိဆြစ္ဇာလန္လက္ေ႐ြးစင္ကစားသမားအလီရွာေလမန္းဟာသူမရဲ႕အင္စတာဂရမ္တြင္ခ်စ္သူစုံတြဲႏွစ္ဦးခ်စ္ၾကည္ႏူးေနတဲ့ပုံမ်ားတင္ကာပရိသတ္မ်ားကိုအသိေပးလာတာလည္းျဖစ္ပါတယ္။

အသက္၂၃ႏွစ္ရွိဘရာဇီးကစားသမားဟာလည္းသူ႔ရဲ႕အင္စတာဂရမ္အေကာင့္တြင္အလီရွာေလမန္းႏွင့္တြဲ႐ိုက္ထားတဲ့ဓာတ္ပုံမ်ားကိုတင္သြားပါတယ္။

အလီရွာေလမန္းဟာၿပီးခဲ့တဲ့ရာသီဒုတိယဝက္တုန္းကအဲဗာတန္သို႔အငွားျဖင့္သြားကစားခဲ့သူျဖစ္ၿပီးစူပါလိဂ္ပြဲ၇ပြဲတြင္၁ဂိုးသြင္းႏိုင္ခဲ့ပါတယ္။ဒါေပမယ့္သူမဟာယခုရာသီမွာဗီလာအတြက္၇ပြဲကစားထားရာမွာဂိုးသြင္းႏိုင္ျခင္းမရွိသလိုဖန္တီးႏိုင္ျခင္းလည္းမရွိပါဘူး။

ေလမန္းဟာခ်ဲလ္ဆီးအမ်ိဳးသမီးအသင္းတိုက္စစ္မႉး႐ိုမိုနာဘစ္ရွ္မန္းႏွင့္တြဲၿပီးေနာက္လမ္းခြဲခဲ့သူျဖစ္ပါတယ္။၎တို႔ႏွစ္ဦးဟာဆြစ္ဇာလန္အသင္းတြင္အတူကစားစဥ္ခ်စ္ႀကိဳက္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

ဗီလာပရိသတ္မ်ားဟာအမ်ိဳးသားအသင္းမွကစားသမားႏွင့္အမ်ိဳးသမီးအသင္းမွကစားသမားတို႔ခ်စ္ႀကိဳက္ေနၾကမႈအေပၚအားေပးလ်က္ရွိၾကပါတယ္။