
အမျိုးသမီးဒိုင်အသင်းဟာကြာသပတေးနေ့တွင်ကော်စတာရီကာနှင့်ဂျာမနီတို့ကစားတဲ့ပွဲစဉ်မှာအမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲကိုအမျိုးသမီးဒိုင်အသင်းကပထမဆုံးကိုင်တွယ်မှုအဖြစ်ပြုလုပ်လာကြပါမယ်။
စတီဖာနီဖရက်ပတ်ဟာအမျိုးသားကမ္ဘာ့ဖလားပြိုင်ပွဲကိုကြီးကြပ်ခွင့်ရရှိတဲ့ပထမဆုံးအမျိုးသမီးဒိုင်လူကြီးဖြစ်လာပါမယ်။
ပြင်သစ်အမျိုးသမီးဒိုင်ဟာပြီးခဲ့တဲ့အပတ်အင်္ဂါနေ့တုန်းကမက္ကဆီကိုနှင့်ပိုလန်တို့ရဲ့ပွဲစဉ်ကိုလည်းစတုတ္ထဒိုင်လူကြီးအဖြစ်ကိုင်တွယ်ကာ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကိုကြီးကြပ်ခွင့်ရရှိတဲ့ပထမဆုံးအမျိုးသမီးဒိုင်ဖြစ်လာပါတယ်။
သူမဟာဘရာဇီးသူနူဇာဘက်၊မက္ကဆီကိုသူကာရန်ဒိုင်ယက်ဇ်မီဒီနာတို့နှင့်အတူ Al Bayz Stadium တွင်ကစားမယ့်ကော်စတာရီကာနှင့်ဂျာမနီပွဲကိုကြီးကြပ်လာမှာလည်းဖြစ်ပါတယ်။
ဖရက်ပတ်ဟာ၂၀၂၀ခုနှစ်တုန်းကချန်ပီယံလိဂ်ပြိုင်ပွဲကိုကြီးကြပ်ခွင့်ရရှိတဲ့ပထမဆုံးအမျိုးသမီးဒိုင်အဖြစ်မှတ်တမ်းရေးထိုးထားသလို ၂၀၁၉ခုနှစ်တုန်းကချဲလ်ဆီးနှင့်လီဗာပူးတို့ရဲ့ဥရောပစူပါဖလားပွဲကိုလည်းကြီးကြပ်ခွင့်ရရှိထားပါတယ်။
ဖရက်ပတ်ဟာရဝန္ဒာမှဆာလီမာမူကန်ဆန်ဂါ၊ဂျပန်မှယိုရှီမီယာမာရှီတာတို့နှင့်အတူကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ကြီးကြပ်ခွင့်ရရှိမဲ့ဒိုင်လူကြီး၃၆ဦးစာရင်းတွင်ပါဝင်နေပါတယ်။
ZawGyi
အမ်ိဳးသားကမာၻ႔ဖလားၿပိဳင္ပြဲကို အမ်ိဳးသမီးဒိုင္အသင္း ပထမဆုံးကိုင္တြယ္မႈ ျပဳလာမည္
အမ်ိဳးသမီးဒိုင္အသင္းဟာၾကာသပေတးေန႔တြင္ေကာ္စတာရီကာႏွင့္ဂ်ာမနီတို႔ကစားတဲ့ပြဲစဥ္မွာအမ်ိဳးသားကမာၻ႔ဖလားၿပိဳင္ပြဲကိုအမ်ိဳးသမီးဒိုင္အသင္းကပထမဆုံးကိုင္တြယ္မႈအျဖစ္ျပဳလုပ္လာၾကပါမယ္။
စတီဖာနီဖရက္ပတ္ဟာအမ်ိဳးသားကမာၻ႔ဖလားၿပိဳင္ပြဲကိုႀကီးၾကပ္ခြင့္ရရွိတဲ့ပထမဆုံးအမ်ိဳးသမီးဒိုင္လူႀကီးျဖစ္လာပါမယ္။
ျပင္သစ္အမ်ိဳးသမီးဒိုင္ဟာၿပီးခဲ့တဲ့အပတ္အဂၤါေန႔တုန္းကမကၠဆီကိုႏွင့္ပိုလန္တို႔ရဲ႕ပြဲစဥ္ကိုလည္းစတုတၳဒိုင္လူႀကီးအျဖစ္ကိုင္တြယ္ကာ၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲကိုႀကီးၾကပ္ခြင့္ရရွိတဲ့ပထမဆုံးအမ်ိဳးသမီးဒိုင္ျဖစ္လာပါတယ္။
သူမဟာဘရာဇီးသူႏူဇာဘက္၊မကၠဆီကိုသူကာရန္ဒိုင္ယက္ဇ္မီဒီနာတို႔ႏွင့္အတူ Al Bayz Stadium တြင္ကစားမယ့္ေကာ္စတာရီကာႏွင့္ဂ်ာမနီပြဲကိုႀကီးၾကပ္လာမွာလည္းျဖစ္ပါတယ္။
ဖရက္ပတ္ဟာ၂၀၂၀ခုႏွစ္တုန္းကခ်န္ပီယံလိဂ္ၿပိဳင္ပြဲကိုႀကီးၾကပ္ခြင့္ရရွိတဲ့ပထမဆုံးအမ်ိဳးသမီးဒိုင္အျဖစ္မွတ္တမ္းေရးထိုးထားသလို ၂၀၁၉ခုႏွစ္တုန္းကခ်ဲလ္ဆီးႏွင့္လီဗာပူးတို႔ရဲ႕ဥေရာပစူပါဖလားပြဲကိုလည္းႀကီးၾကပ္ခြင့္ရရွိထားပါတယ္။
ဖရက္ပတ္ဟာရဝႏၵာမွဆာလီမာမူကန္ဆန္ဂါ၊ဂ်ပန္မွယိုရွီမီယာမာရွီတာတို႔ႏွင့္အတူကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ႀကီးၾကပ္ခြင့္ရရွိမဲ့ဒိုင္လူႀကီး၃၆ဦးစာရင္းတြင္ပါဝင္ေနပါတယ္။