အမျိုးသားတစ်ဦးအဖြစ် စွပ်စွဲမှုများနှင့်ကြုံနေရတဲ့ အမျိုးသမီးလက်ရွေးစင်ကစားသမား

အမျိုးသမီးလက်ရွေးစင်ကစားသမားတစ်ဦးဟာအမျိုးသားဖြစ်တယ်လို့စွပ်စွဲမှုများနှင့်ရင်ဆိုင်နေရပါတယ်။


ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်ဟာအီရန်အမျိုးသမီးလက်ရွေးစင်အသင်းမှဂိုးသမားဇိုရီခူခါယီရဲ့လိင်နဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးရန်အာရှဘောလုံးအဖွဲ့ချုပ်ကိုတောင်းဆိုမှုပြုလုပ်လာပါတယ်။

အီရန်ဟာစက်တင်ဘာလတုန်းက၂၀၂၂ခုနှစ်အမျိုးသမီးအာရှဖလားခြေစစ်ပွဲတွင်ဂျော်ဒန်ကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

အီရန်ဟာပင်နယ်တီအဆုံးအဖြတ်မှာ၄-၂ဖြင့်အနိုင်ရရှိခဲ့တာဖြစ်ပြီးအီရန်ဂိုးသမားကပင်နယ်တီ၂ကြိမ်ကာကွယ်သွားခဲ့ပါတယ်။ယင်းနိုင်ပွဲကြောင့်အီရန်အမျိုးသမီးလက်ရွေးစင်အသင်းဟာသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်အဖြစ်အမျိုးသမီးအာရှဖလားပြိုင်ပွဲခြေစစ်ပွဲအောင်ြမြင်ခဲ့ပါတယ်။

ယခုလအနည်းငယ်ကြာတဲ့အချိန်မှာဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌမင်းသားအလီဘင်အယ်ဟူစိန်ကအီရန်ဂိုးသမားခူဒါယီမှာအမျိုးသမီးစစ်မစစ်စစ်ဆေးမှုပြုလုပ်ပေးရန်တောင်းဆိုမှုပြုလုပ်လာပါတယ်။

အီရန်ဘောလုံးအဖွဲ့ချုပ်ကလက်ရွေးစင်အသင်းမှကစားသမားတစ်ဦးချင်းစီတိုင်းမှာပြဿနာများပေါ်ပေါက်လာမည်စိုးသောကြောင့်ဂရုတစိုက်စစ်ဆေးမှုပြုလုပ်ထားပြီးဖြစ်ကြောင်း၊ယခုစစ်ဆေးလာမယ့်အခြေအနေနှင့်ပတ်သက်ပြီးစိုးရိမ်စရာမရှိကြောင်းတုံ့ပြန်ထားပါတယ်။

၂၀၂၂ခုနှစ်အမျိုးသမီးအာရှဖလားပြိုင်ပွဲကိုလာမယ့်ဇန်နဝါရီလမှာအိန္ဒိယနိုင်ငံတွင်ကျင်းပသွားပါမယ်။

ZawGyi





အီရန်ဟာပင်နယ်တီအဆုံးအဖြတ်မှာ၎-၂ဖြင့်အနိုင်ရရှိခဲ့တာဖြစ်ပြီးအီရန်ဂိုးသမားကပင်နယ်တီ၂ကြိမ်ကာကွယ်သွားခဲ့ပါတယ်။ယင်းနိုင်ပွဲကြောင့်အီရန်အမျိုးသမီးလက်ရွေးစင်အသင်းဟာသမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်အဖြစ်အမျိုးသမီးအာရှဖလားပြိုင်ပွဲခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။


