အမျိုးသားများ ဘောလုံးကိုသာ စိတ်ရောက်နေ၍ ဝင်ငွေလျှော့မှုအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲကို OnlyFans စတားအပြစ်တင်

ဘရာဇီး OnlyFans မော်ဒယ်ဟာအမျိုးသားများမှာဘောလုံးအပေါ်အာရုံစိုက်နေမှုကြောင့်သူမရဲ့ဝင်ငွေလျှော့ကျသွားမှုနှင့်အတူကမ္ဘာ့ဖလားပြိုင်ပွဲကိုအပြစ်တင်သွားပါတယ်။

အသက်၂၁နှစ်ရှိခီရိုလေချာဗက်စ်ဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် White Fairy အဖြစ်နာမည်ကြီးသူဖြစ်ပြီးကမ္ဘာ့ဖလားပြိုင်ပွဲကြောင့်၁၈+ပလက်ဖောင်းများရဲ့ဝင်ငွေလျှော့ကျသွားကြောင်းအပြစ်တင်သွားခဲ့ပါတယ်။

ချာဗက်စ်ရဲ့အဆိုအရကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်ပရိသတ်၆၀ရာခိုင်နှုန်းအထိလျှော့ကျသွားခဲ့ကြောင်းသိရပါတယ်။

သူမက”ကျွန်မရဲ့အကြီးမားဆုံးအောင်မြင်မှုကတော့အမျိုးသားတွေရဲ့အာရုံစိုက်မှုပြန်လည်ရရှိလာဖို့ဖြစ်ပါတယ်။သူတို့ကလိင်ကိစ္စထက်ဘောလုံးပဲအာရုံစိုက်နေခဲ့ကြတယ်။ကျွန်မတို့ကိုပေးရတဲ့ပမာဏထက်သူတို့ပိုလောင်းကြတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi




