အမျိုးအစား ၁ ဆီးချိုရောဂါဝေဒနာခံစားနေကြောင်း တွေ့ရမှုကြောင့် ဒိန်းမတ်လက်ရွေးစင်အသင်းမှ ဒိုလ်ဘတ်နုတ်ထွက်

ဒိန်းမတ်လက်ရွေးစင်ကစားသမားကက်စ်ပါဒိုလ်ဘတ်ဟာအမျိုးအစား၁ ဆီးချိုရောဂါ(သို့မဟုတ်)ငယ်ရွယ်သူများရဲ့ဆီးချိုရောဂါဝေဒနာခံစားနေရကြောင်းတွေ့ရှိရပြီးနောက်ဒိန်းမတ်လက်ရွေးစင်အသင်းမှနုတ်ထွက်လိုက်ပါတယ်။

ဒိုလ်ဘတ်ဟာပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်းတွင်နေရထိုင်ရမအီမသာဖြစ်ပြီးနောက်ဆေးစစ်ဆေးမှုများပြုလုပ်ခဲ့ရာဆီးချိုရောဂါဝေဒနာခံစားနေရကြောင်းတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ဆရာဝန်များကတော့နိုက်စ်စတားအနေဖြင့်အမျိုးအစား၁ဆီးချိုရောဂါကိုမှန်ကန်စွာဆေးကုသမှုပြုလုပ်ပါကဘောလုံးကစားသမားဘဝကိုထိခိုက်လာမည်မဟုတ်ကြောင်းအာမခံထားပါတယ်။

ဒိုလ်ဘတ်ဟာ၂၀၁၆ခုနှစ်တွင်ဒိန်းမတ်လက်ရွေးစင်အသင်းအတွက်ပထမဆုံးပွဲကစားခွင့်ရရှိပြီးနောက်၃၂ပွဲကစားထားကာ၁၀ဂိုးသွင်းယူထားပါတယ်။

ZawGyi

အမ်ိဳးအစား ၁ ဆီးခ်ိဳေရာဂါေဝဒနာခံစားေနေၾကာင္း ေတြ႕ရမႈေၾကာင့္ ဒိန္းမတ္လက္ေ႐ြးစင္အသင္းမွ ဒိုလ္ဘတ္ႏုတ္ထြက္

ဒိန္းမတ္လက္ေ႐ြးစင္ကစားသမားကက္စ္ပါဒိုလ္ဘတ္ဟာအမ်ိဳးအစား၁ ဆီးခ်ိဳေရာဂါ(သို႔မဟုတ္)ငယ္႐ြယ္သူမ်ားရဲ႕ဆီးခ်ိဳေရာဂါေဝဒနာခံစားေနရေၾကာင္းေတြ႕ရွိရၿပီးေနာက္ဒိန္းမတ္လက္ေ႐ြးစင္အသင္းမွႏုတ္ထြက္လိုက္ပါတယ္။

ဒိုလ္ဘတ္ဟာၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားအတြင္းတြင္ေနရထိုင္ရမအီမသာျဖစ္ၿပီးေနာက္ေဆးစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ရာဆီးခ်ိဳေရာဂါေဝဒနာခံစားေနရေၾကာင္းေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။

ဆရာဝန္မ်ားကေတာ့ႏိုက္စ္စတားအေနျဖင့္အမ်ိဳးအစား၁ဆီးခ်ိဳေရာဂါကိုမွန္ကန္စြာေဆးကုသမႈျပဳလုပ္ပါကေဘာလုံးကစားသမားဘဝကိုထိခိုက္လာမည္မဟုတ္ေၾကာင္းအာမခံထားပါတယ္။

ဒိုလ္ဘတ္ဟာ၂၀၁၆ခုႏွစ္တြင္ဒိန္းမတ္လက္ေ႐ြးစင္အသင္းအတြက္ပထမဆုံးပြဲကစားခြင့္ရရွိၿပီးေနာက္၃၂ပြဲကစားထားကာ၁၀ဂိုးသြင္းယူထားပါတယ္။