အမြွှာလေးတွေ ရောက်လာဦးမှာဖြစ်လို့ ပျော်ရွှင်နေကြတဲ့ ဂျော်ဂျီနာနှင့်ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုကဂျော်ဂျီနာရိုဒရီဂွက်ဇ်တွင်အမြွှာလေးလွယ်ထားရပြီဖြစ်ကြောင်းကြေညာလာပါတယ်။

အသက်၂၇နှစ်ရှိမော်ဒယ်ဂျော်ဂျီနာဟာမန်ချက်စတာယူနိုက်တက်စူပါစတားရဲ့ရင်သွေးလွယ်ထားရတာသုံးလရှိပြီဖြစ်ကြောင်း စပိန်မဂ္ဂဇင်း Hola!က ဖော်ပြလာပါတယ်။

ရော်နယ်ဒိုဟာသားသမီးလေးဦးပိုင်ဆိုင်ထားပြီးဖြစ်ကာယင်းမှသုံးဦးကိုအငှားမိခင်ဖြင့်ရယူထားဖြစ်ပါတယ်။အသက်၃နှစ်အရွယ်ရှိအလာနာမာတီနာကဂျော်ဂျီနာနှင့်ရရှိထားတာဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၁၇ခုနှစ်တုန်းကသားသမီး၇ဦးအထိရယူလိုကြောင်းထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

ပေါ်တူဂီစတားဟာ၂၀၁၆ခုနှစ်တုန်းကမက်ဒရစ်ရှိ Gucci စတိုးတစ်ခုတွင်တစ်နာရီလျှင်၁၀ပေါင်နှုန်းဖြင့်အလုပ်လုပ်နေတဲ့ဂျော်ဂျီနာနှင့်တွေ့ဆုံချစ်ကြိုက်လာခဲ့ကြတာဖြစ်ပြီးယခုတိုင်လက်ထပ်ခြင်းမရှိသေးပါဘူး။

မကြာသေးမီတုန်းကဂျော်ဂျီနာကသူမဘဝတွင်အကြားချင်ဆုံးစကားမှာခရစ္စတီယာနိုရော်နယ်ဒိုမှလက်ထပ်ခွင့်တောင်းလာမယ့်စကားဖြစ်ပြီးလက်ခံရန်အသင့်ရှိကြောင်းဆိုထားပါတယ်။

ZawGyi

အႁမႊာေလးေတြ ေရာက္လာဦးမွာျဖစ္လို႔ ေပ်ာ္႐ႊင္ေနၾကတဲ့ ေဂ်ာ္ဂ်ီနာႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုကေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္တြင္အႁမႊာေလးလြယ္ထားရၿပီျဖစ္ေၾကာင္းေၾကညာလာပါတယ္။

အသက္၂၇ႏွစ္ရွိေမာ္ဒယ္ေဂ်ာ္ဂ်ီနာဟာမန္ခ်က္စတာယူႏိုက္တက္စူပါစတားရဲ႕ရင္ေသြးလြယ္ထားရတာသုံးလရွိၿပီျဖစ္ေၾကာင္း စပိန္မဂၢဇင္း Hola!က ေဖာ္ျပလာပါတယ္။

ေရာ္နယ္ဒိုဟာသားသမီးေလးဦးပိုင္ဆိုင္ထားၿပီးျဖစ္ကာယင္းမွသုံးဦးကိုအငွားမိခင္ျဖင့္ရယူထားျဖစ္ပါတယ္။အသက္၃ႏွစ္အ႐ြယ္ရွိအလာနာမာတီနာကေဂ်ာ္ဂ်ီနာႏွင့္ရရွိထားတာျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၁၇ခုႏွစ္တုန္းကသားသမီး၇ဦးအထိရယူလိုေၾကာင္းထုတ္ေဖာ္ေျပာၾကားခဲ့ဖူးပါတယ္။

ေပၚတူဂီစတားဟာ၂၀၁၆ခုႏွစ္တုန္းကမက္ဒရစ္ရွိ Gucci စတိုးတစ္ခုတြင္တစ္နာရီလွ်င္၁၀ေပါင္ႏႈန္းျဖင့္အလုပ္လုပ္ေနတဲ့ေဂ်ာ္ဂ်ီနာႏွင့္ေတြ႕ဆုံခ်စ္ႀကိဳက္လာခဲ့ၾကတာျဖစ္ၿပီးယခုတိုင္လက္ထပ္ျခင္းမရွိေသးပါဘူး။

မၾကာေသးမီတုန္းကေဂ်ာ္ဂ်ီနာကသူမဘဝတြင္အၾကားခ်င္ဆုံးစကားမွာခရစၥတီယာႏိုေရာ္နယ္ဒိုမွလက္ထပ္ခြင့္ေတာင္းလာမယ့္စကားျဖစ္ၿပီးလက္ခံရန္အသင့္ရွိေၾကာင္းဆိုထားပါတယ္။