အမှတ်ပေးဇယားအောက်ဆုံးမှအသင်းနှင့်ပွဲတွင် ကမ္ဘာ့အဆင့်လီဗာပူးကစားသမားပါဝင်လာမည်ဟု ကလော့ပ်အတည်ပြု

လီဗာပူးဟာမန်ချက်စတာယူနိုက်တက်နှင့်ပွဲစဉ်မတိုင်မီတိုက်စစ်သမားရောဘတ်တိုဖာမီနို ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာမှုနှင့်အတူသတင်းကောင်းရရှိနေပါတယ်။

လီဗာပူးဟာပရီးမီးယားလိဂ်အဖွင့်ပွဲနှစ်ပွဲဖြစ်တဲ့ဖူလ်ဟမ်၊ခရစ္စတယ်ပဲလေ့စ်တို့နှင့်ပွဲစဉ်များတွင်သရေဖြင့်သာကျေနပ်ခဲ့ရပြီးထိပ်ဆုံးမှချန်ပီယံမန်စီးတီးနှင့်ရမှတ်၄မှတ်အထိကွာဟနေပြီလည်းဖြစ်ပါတယ်။

ကလော့ပ်ဟာလာမယ့်တနင်္လာနေ့တွင်အနောက်မြောက်ပိုင်းဒါဘီပွဲစဉ်အြဖစ်အိုးထရက်ဖို့ဒ်သို့သွားရောက်ကာအမှတ်ပေးဇယားအောက်ဆုံးမှယူနိုက်တက်နှင့်ရင်ဆိုင်ကစားရပါမယ်။

ကလော့ပ်ဟာဒါဝင်နူနက်ဇ်မှာပဲလေ့စ်နှင့်ပွဲစဉ်မှအနီကတ်ကြောင့်သုံးပွဲပယ်ခံရမှု၊ဒီယေဂိုးဂျိုတာဒဏ်ရာရရှိနေမှုကြောင့်ယူနိုက်တက်နှင့်ပွဲအတွက်တိုက်စစ်ပိုင်းရွေးချယ်စရာနည်းပါးနေပါတယ်။

ဒါပေမဲ့ယခုအခါမှာတော့ကလော့ပ်ကဖာမီနိုမှာယူနိုက်တက်နှင့်ပွဲတွင်ပါဝင်လာမှာဖြစ်ပြီးဂျိုတာမှာပါဝင်လာဦးမည်မဟုတ်သေးကြောင်းအတည်ပြုလာပါတယ်။

အသက်၃၀နှစ်ရှိဖာမီနိုရဲ့ဂျာဂင်ကလော့ပ်ရဲ့လီဗာပူးအောင်မြင်မှုများတွင်အဓိကနေရာမှပါဝင်သူဖြစ်ပြီး၇ရာသီအတွင်းတွင်၃၂၉ပွဲကစားခဲ့ရာမှာ၉၈ဂိုးသွင်းယူထားပါတယ်။

လီဗာပူးကွင်းလယ်ကစားသမားများဖြစ်ကြတဲ့တီယာဂိုနှင့်ချမ်ဘာလိန်းတို့မှာဒဏ်ရာကြောင့်အနားယူရဦးမှာဖြစ်ပေမဲ့ကီတာမှာယူနိုက်တက်နှင့်ပွဲတွင်ပါဝင်လာဖို့ရှိပါတယ်။

ဒါပေမဲ့ကလော့ပ်ဟာလူငယ်ကစားသမားဟာဗေးလ်အီလီယော့ကိုယူနိုက်တက်နှင့်ပွဲတွင်ပွဲထွက်ကစားသမားအဖြစ်အသုံးပြုလာဖို့ရှိပါတယ်။

ZawGyi

အမွတ္ေပးဇယားေအာက္ဆုံးမွအသင္းႏွင့္ပြဲတြင္ ကမာၻ႔အဆင့္လီဗာပူးကစားသမားပါဝင္လာမည္ဟု ကေလာ့ပ္အတည္ျပဳ

လီဗာပူးဟာမန္ခ်က္စတာယူႏိုက္တက္ႏွင့္ပြဲစဥ္မတိုင္မီတိုက္စစ္သမားေရာဘတ္တိုဖာမီႏို ႀကံ့ခိုင္မႈျပန္လည္ျပည့္ဝလာမႈႏွင့္အတူသတင္းေကာင္းရရွိေနပါတယ္။

လီဗာပူးဟာပရီးမီးယားလိဂ္အဖြင့္ပြဲႏွစ္ပြဲျဖစ္တဲ့ဖူလ္ဟမ္၊ခရစၥတယ္ပဲေလ့စ္တို႔ႏွင့္ပြဲစဥ္မ်ားတြင္သေရျဖင့္သာေက်နပ္ခဲ့ရၿပီးထိပ္ဆုံးမွခ်န္ပီယံမန္စီးတီးႏွင့္ရမွတ္၄မွတ္အထိကြာဟေနၿပီလည္းျဖစ္ပါတယ္။

ကေလာ့ပ္ဟာလာမယ့္တနလၤာေန႔တြင္အေနာက္ေျမာက္ပိုင္းဒါဘီပြဲစဥ္ျအဖစ္အိုးထရက္ဖို႔ဒ္သို႔သြားေရာက္ကာအမွတ္ေပးဇယားေအာက္ဆုံးမွယူႏိုက္တက္ႏွင့္ရင္ဆိုင္ကစားရပါမယ္။

ကေလာ့ပ္ဟာဒါဝင္ႏူနက္ဇ္မွာပဲေလ့စ္ႏွင့္ပြဲစဥ္မွအနီကတ္ေၾကာင့္သုံးပြဲပယ္ခံရမႈ၊ဒီေယဂိုးဂ်ိဳတာဒဏ္ရာရရွိေနမႈေၾကာင့္ယူႏိုက္တက္ႏွင့္ပြဲအတြက္တိုက္စစ္ပိုင္းေ႐ြးခ်ယ္စရာနည္းပါးေနပါတယ္။

ဒါေပမဲ့ယခုအခါမွာေတာ့ကေလာ့ပ္ကဖာမီႏိုမွာယူႏိုက္တက္ႏွင့္ပြဲတြင္ပါဝင္လာမွာျဖစ္ၿပီးဂ်ိဳတာမွာပါဝင္လာဦးမည္မဟုတ္ေသးေၾကာင္းအတည္ျပဳလာပါတယ္။

အသက္၃၀ႏွစ္ရွိဖာမီႏိုရဲ႕ဂ်ာဂင္ကေလာ့ပ္ရဲ႕လီဗာပူးေအာင္ျမင္မႈမ်ားတြင္အဓိကေနရာမွပါဝင္သူျဖစ္ၿပီး၇ရာသီအတြင္းတြင္၃၂၉ပြဲကစားခဲ့ရာမွာ၉၈ဂိုးသြင္းယူထားပါတယ္။

လီဗာပူးကြင္းလယ္ကစားသမားမ်ားျဖစ္ၾကတဲ့တီယာဂိုႏွင့္ခ်မ္ဘာလိန္းတို႔မွာဒဏ္ရာေၾကာင့္အနားယူရဦးမွာျဖစ္ေပမဲ့ကီတာမွာယူႏိုက္တက္ႏွင့္ပြဲတြင္ပါဝင္လာဖို႔ရွိပါတယ္။

ဒါေပမဲ့ကေလာ့ပ္ဟာလူငယ္ကစားသမားဟာေဗးလ္အီလီေယာ့ကိုယူႏိုက္တက္ႏွင့္ပြဲတြင္ပြဲထြက္ကစားသမားအျဖစ္အသုံးျပဳလာဖို႔ရွိပါတယ္။