အမှုမှကွင်းလုံးကျွတ်လွတ်မြောက်လာတဲ့ ဂရင်းဝုဒ်ကို ယူနိုက်တက်စတားများအလိုမရှိ

မန်ချက်စတာယူနိုက်တက်စတားများဟာအသင်းတိုးတက်မှုအရှိန်လျှော့ကျသွားမှုနဲ့အတူယခုရာသီတွင်အဝတ်အစားလဲခန်းအတွင်းမှာမေဆင်ဂရင်းဝုဒ်အားမရှိစေလိုလျက်ရှိကြောင်းသိရပါတယ်။

အသက်၂၁နှစ်ရှိတိုက်စစ်သမားဟာဗလက္ကာယပြုကျင့်ရန်ကြိုးပမ်းမှု၊ဒဏ်ရာအနာတရာဖြစ်အောင်တိုက်ခိုက်မှု၊ထိန်းချုပ်မှုတို့ဖြင့်စွပ်စွဲခြင်းခံခဲ့ရပြီးနောက် ယခုအပတ်အစောပိုင်းတုန်းကအမှုမှကွင်းလုံးကျွတ်လွတ်မြောက်လာခဲ့ပါတယ်။

ဒါပေမဲ့ယူနိုက်တက်အသင်းတာဝန်ရှိသူများဟာဂရင်းဝုဒ်ရဲ့ဖြစ်ရပ်ကိုစုံစမ်းစစ်ဆေးမှုများပြုလုပ်ခြင်းခံခဲ့ရပါတယ်။

ဂရင်းဝုဒ်ဟာအမှုရင်ဆိုင်နေရစဉ်အတွင်းတစ်ပတ်လုပ်ခပေါင်၇၅၀၀၀ ပုံမှန်ရရှိနေပေမဲ့လည်းယခုစစ်ဆေးခံရချိန်မှာတော့လုပ်ခပေးမှုရပ်ဆိုင်းခံခဲ့ရသလိုအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းခွင့်လည်းပိတ်ပင်ခံခဲ့ရပါတယ်။

သူဟာမန်ချက်စတာယူနိုက်တက်အတွက်နောက်ဆုံးကစားခဲ့တာ၂၀၂၂ခုနှစ်၊ဇန်နဝါရီလတုန်းဖြစ်ပါတယ်။

ယူနိုက်တက်အတွင်းလူတစ်ဦးက “ကစားသမားတွေကသူ့အတွက်အသင်းမှာတံခါးဖွင့်ပေးထားတယ်။ဒါပေမဲ့သူရောက်လာရင်အသင်းအတွက်အနှောက်အယှက်ဖြစ်လာမှာစိုးနေကြတယ်။အခုဆိုရင်အဝတ်အစားလဲခန်းကပျော်စရာအပြည့်ပါ။ဘယ်သူမှဒါကိုမဆိတ်သုဉ်းစေချင်ကြပါဘူး”လို့ပြောကြားသွားပါတယ်။

ဂရင်းဝုဒ်ဟာယူနိုက်တက်နှင့်၂၀၂၅ခုနှစ်အထိစာချုပ်ချုပ်ဆိုထားသူဖြစ်ပါတယ်။

တဖက်တွင်ဂရင်းဝုဒ်ကိုယ်တိုင်ကလည်းအင်္ဂလန်တွင်ဆက်ကစားပါကပြိုင်ဘက်ပရိသတ်များရဲ့တိုက်ခိုက်ခြင်းခံလာရမှာမို့လို့ စာချုပ်ဖျက်သိမ်းကာနိုင်ငံခြားသို့ထွက်ကစားလိုနေပါတယ်။

မနေ့ညတုန်းကပဲလေ့စ်နှင့်ပွဲစဉ်တွင်ပဲလေ့စ်ပရိသတ်များဟာဂရင်းဝုဒ်လှောင်ပြောင်မှုပြုလုပ်ခဲ့ကြပါတယ်။

ZawGyi

အမႈမွကြင္းလုံးကြၽတ္လြတ္ေျမာက္လာတဲ့ ဂရင္းဝုဒ္ကို ယူႏိုက္တက္စတားမ်ားအလိုမရွိ

မန္ခ်က္စတာယူႏိုက္တက္စတားမ်ားဟာအသင္းတိုးတက္မႈအရွိန္ေလွ်ာ့က်သြားမႈနဲ႔အတူယခုရာသီတြင္အဝတ္အစားလဲခန္းအတြင္းမွာေမဆင္ဂရင္းဝုဒ္အားမရွိေစလိုလ်က္ရွိေၾကာင္းသိရပါတယ္။

အသက္၂၁ႏွစ္ရွိတိုက္စစ္သမားဟာဗလကၠာယျပဳက်င့္ရန္ႀကိဳးပမ္းမႈ၊ဒဏ္ရာအနာတရာျဖစ္ေအာင္တိုက္ခိုက္မႈ၊ထိန္းခ်ဳပ္မႈတို႔ျဖင့္စြပ္စြဲျခင္းခံခဲ့ရၿပီးေနာက္ ယခုအပတ္အေစာပိုင္းတုန္းကအမႈမွကြင္းလုံးကြၽတ္လြတ္ေျမာက္လာခဲ့ပါတယ္။

ဒါေပမဲ့ယူႏိုက္တက္အသင္းတာဝန္ရွိသူမ်ားဟာဂရင္းဝုဒ္ရဲ႕ျဖစ္ရပ္ကိုစုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ျခင္းခံခဲ့ရပါတယ္။

ဂရင္းဝုဒ္ဟာအမႈရင္ဆိုင္ေနရစဥ္အတြင္းတစ္ပတ္လုပ္ခေပါင္၇၅၀၀၀ ပုံမွန္ရရွိေနေပမဲ့လည္းယခုစစ္ေဆးခံရခ်ိန္မွာေတာ့လုပ္ခေပးမႈရပ္ဆိုင္းခံခဲ့ရသလိုအသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းခြင့္လည္းပိတ္ပင္ခံခဲ့ရပါတယ္။

သူဟာမန္ခ်က္စတာယူႏိုက္တက္အတြက္ေနာက္ဆုံးကစားခဲ့တာ၂၀၂၂ခုႏွစ္၊ဇန္နဝါရီလတုန္းျဖစ္ပါတယ္။

ယူႏိုက္တက္အတြင္းလူတစ္ဦးက “ကစားသမားေတြကသူ႔အတြက္အသင္းမွာတံခါးဖြင့္ေပးထားတယ္။ဒါေပမဲ့သူေရာက္လာရင္အသင္းအတြက္အေႏွာက္အယွက္ျဖစ္လာမွာစိုးေနၾကတယ္။အခုဆိုရင္အဝတ္အစားလဲခန္းကေပ်ာ္စရာအျပည့္ပါ။ဘယ္သူမွဒါကိုမဆိတ္သုဥ္းေစခ်င္ၾကပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ဂရင္းဝုဒ္ဟာယူႏိုက္တက္ႏွင့္၂၀၂၅ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားသူျဖစ္ပါတယ္။

တဖက္တြင္ဂရင္းဝုဒ္ကိုယ္တိုင္ကလည္းအဂၤလန္တြင္ဆက္ကစားပါကၿပိဳင္ဘက္ပရိသတ္မ်ားရဲ႕တိုက္ခိုက္ျခင္းခံလာရမွာမို႔လို႔ စာခ်ဳပ္ဖ်က္သိမ္းကာႏိုင္ငံျခားသို႔ထြက္ကစားလိုေနပါတယ္။

မေန႔ညတုန္းကပဲေလ့စ္ႏွင့္ပြဲစဥ္တြင္ပဲေလ့စ္ပရိသတ္မ်ားဟာဂရင္းဝုဒ္ေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ၾကပါတယ္။