အမှုမှလွတ်မြောက်လာပြီးနောက် အဲရစ်တန်ဟက်နှင့်ပထမဆုံးအကြိမ်စကားပြောလာတဲ့ မေဆင်ဂရင်းဝုဒ်

မေဆင်ဂရင်းဝုဒ်ဟာဗလက္ကာယပြုကျင့်ရန်ကြိုးပမ်းမှုစွပ်စွဲမှုမှလွတ်မြောက်လာပြီးနောက်မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်နှင့်ပထမဆုံးအကြိမ်အဖြစ်စကားပြောလာပါတယ်။

ဒတ်ချ်လူမျိုးနည်းပြဟာအမျိုးသမီးတစ်ဦးကိုဗလက္ကာယပြုကျင့်ရန်ကြိုးပမ်းမှု၊အနာတရဖြစ်အောင်လုပ်မှု၊ထိန်းချုပ်မှုတို့ဖြင့်စွပ်စွဲခံရပြီးတစ်နှစ်ကျော်ကြာအသင်းနှင့်ဝေးကွာလာခဲ့တဲ့မေဆင်ဂရင်းကိုဖုန်းဖြင့်ဆက်သွယ်စကားပြောလာတာဖြစ်ပါတယ်။

အဲရစ်တန်ဟက်ဟာပထမဆုံးအကြိမ်အဖြစ်အသက်၂၁နှစ်ရှိမေဆင်ဂရင်းဝုဒ်နှင့်စကားပြောလာတာလည်းဖြစ်ပါတယ်။

မေဆင်ဂရင်းဝုဒ်ဟာ၂၀၂၂ခုနှစ်၊ဇန်နဝါရီလတုန်းကဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီးနောက်အသင်းနှင့်ပတ်သက်ခွင့်ရပ်ဆိုင်းခံထားရပါတယ်။သူဟာအမှုမှလွတ်မြောက်လာပြီဖြစ်ပေမဲ့လည်းကလပ်ရဲ့ဆိုင်းငံ့ခြင်းခံထားရပါတယ်။

ယူနိုက်တက်ဟာမေဆင်ဂရင်းဝုဒ်အမှုကိုစစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်ပါတယ်။

ဂရင်းဝုဒ်နှင့်နီးစပ်သူတစ်ဦးက “ကလပ်နဲ့ယူနိုက်တက်အကြားအဆက်အသွယ်ပြတ်လာတာကြာပါပြီ။အဆက်အသွယ်တော့ရှိတယ်။ကြားခံနဲ့ဆက်သွယ်တာပါ။တိုက်ရိုက်ထိတွေ့တာမဟုတ်ပါဘူး။နည်းပြကဆက်သွယ်လာတယ်ဆိုတာသူ့အတွက်ကြီးမားတဲ့ခြေလှမ်းတစ်ခုပါ။သူလည်းအရမ်းဝမ်းသာနေတယ်။နည်းပြကသူ့ရဲ့ကြံ့ခိုင်မှုပိုင်း၊စိတ်ပိုင်းဘယ်လိုရှိနေလဲသိချင်တယ်။အမှုကလွတ်မြောက်သွားလို့လည်းဝမ်းသာနေတယ်။မေဆင်ကိုအဆက်အသွယ်လုပ်ရတာလုပ်သင့်တာလို့လည်းသူထင်ပါတယ်။ယူနိုက်တက်အတွက်မေဆင်ထပ်ကစားခွင့်ရဦးမလားဆိုတာကတော့ကလပ်အပေါ်မှာပဲမူတည်နေတယ်”လို့ပြောကြားသွားပါတယ်။

အစောပိုင်းသတင်းများအရမေဆင်ဂရင်းဝုဒ်ဟာယူနိုက်တက်ရဲ့စာချုပ်ဖျက်သိမ်းခြင်းခံလာရပါကတရုတ်စူပါလိဂ်သို့သွားရောက်ကစားကာကစားသမားဘဝပြန်လည်ထူထောင်ရန်စီစဉ်ထားကြောင်းသိရပါတယ်။

မေဆင်ဂရင်းဝုဒ်ဟာယူနိုက်တက်တွင်တစ်ပတ်လုပ်ခပေါင်၁၀၀၀၀၀ရရှိနေသူဖြစ်ပြီး၂၀၂၅ခုနှစ်အထိစာချုပ်ချုပ်ဆိုထားသူဖြစ်ပါတယ်။

ZawGyi

အမႈမွလြတ္ေျမာက္လာၿပီးေနာက္ အဲရစ္တန္ဟက္ႏွင့္ပထမဆုံးအႀကိမ္စကားေျပာလာတဲ့ ေမဆင္ဂရင္းဝုဒ္

ေမဆင္ဂရင္းဝုဒ္ဟာဗလကၠာယျပဳက်င့္ရန္ႀကိဳးပမ္းမႈစြပ္စြဲမႈမွလြတ္ေျမာက္လာၿပီးေနာက္မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ႏွင့္ပထမဆုံးအႀကိမ္အျဖစ္စကားေျပာလာပါတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပဟာအမ်ိဳးသမီးတစ္ဦးကိုဗလကၠာယျပဳက်င့္ရန္ႀကိဳးပမ္းမႈ၊အနာတရျဖစ္ေအာင္လုပ္မႈ၊ထိန္းခ်ဳပ္မႈတို႔ျဖင့္စြပ္စြဲခံရၿပီးတစ္ႏွစ္ေက်ာ္ၾကာအသင္းႏွင့္ေဝးကြာလာခဲ့တဲ့ေမဆင္ဂရင္းကိုဖုန္းျဖင့္ဆက္သြယ္စကားေျပာလာတာျဖစ္ပါတယ္။

အဲရစ္တန္ဟက္ဟာပထမဆုံးအႀကိမ္အျဖစ္အသက္၂၁ႏွစ္ရွိေမဆင္ဂရင္းဝုဒ္ႏွင့္စကားေျပာလာတာလည္းျဖစ္ပါတယ္။

ေမဆင္ဂရင္းဝုဒ္ဟာ၂၀၂၂ခုႏွစ္၊ဇန္နဝါရီလတုန္းကဖမ္းဆီးထိန္းသိမ္းျခင္းခံရၿပီးေနာက္အသင္းႏွင့္ပတ္သက္ခြင့္ရပ္ဆိုင္းခံထားရပါတယ္။သူဟာအမႈမွလြတ္ေျမာက္လာၿပီျဖစ္ေပမဲ့လည္းကလပ္ရဲ႕ဆိုင္းငံ့ျခင္းခံထားရပါတယ္။

ယူႏိုက္တက္ဟာေမဆင္ဂရင္းဝုဒ္အမႈကိုစစ္ေဆးမႈမ်ားျပဳလုပ္ေနဆဲျဖစ္ပါတယ္။

ဂရင္းဝုဒ္ႏွင့္နီးစပ္သူတစ္ဦးက “ကလပ္နဲ႔ယူႏိုက္တက္အၾကားအဆက္အသြယ္ျပတ္လာတာၾကာပါၿပီ။အဆက္အသြယ္ေတာ့ရွိတယ္။ၾကားခံနဲ႔ဆက္သြယ္တာပါ။တိုက္႐ိုက္ထိေတြ႕တာမဟုတ္ပါဘူး။နည္းျပကဆက္သြယ္လာတယ္ဆိုတာသူ႔အတြက္ႀကီးမားတဲ့ေျခလွမ္းတစ္ခုပါ။သူလည္းအရမ္းဝမ္းသာေနတယ္။နည္းျပကသူ႔ရဲ႕ႀကံ့ခိုင္မႈပိုင္း၊စိတ္ပိုင္းဘယ္လိုရွိေနလဲသိခ်င္တယ္။အမႈကလြတ္ေျမာက္သြားလို႔လည္းဝမ္းသာေနတယ္။ေမဆင္ကိုအဆက္အသြယ္လုပ္ရတာလုပ္သင့္တာလို႔လည္းသူထင္ပါတယ္။ယူႏိုက္တက္အတြက္ေမဆင္ထပ္ကစားခြင့္ရဦးမလားဆိုတာကေတာ့ကလပ္အေပၚမွာပဲမူတည္ေနတယ္”လို႔ေျပာၾကားသြားပါတယ္။

အေစာပိုင္းသတင္းမ်ားအရေမဆင္ဂရင္းဝုဒ္ဟာယူႏိုက္တက္ရဲ႕စာခ်ဳပ္ဖ်က္သိမ္းျခင္းခံလာရပါကတ႐ုတ္စူပါလိဂ္သို႔သြားေရာက္ကစားကာကစားသမားဘဝျပန္လည္ထူေထာင္ရန္စီစဥ္ထားေၾကာင္းသိရပါတယ္။

ေမဆင္ဂရင္းဝုဒ္ဟာယူႏိုက္တက္တြင္တစ္ပတ္လုပ္ခေပါင္၁၀၀၀၀၀ရရွိေနသူျဖစ္ၿပီး၂၀၂၅ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားသူျဖစ္ပါတယ္။