အယူခံရှုံးနိမ့်မှုကြောင့် အသင်းဟောင်းစပို့တင်းကို ယူရို၁၆.၅သန်းပေးရတော့မယ့် ရာဖေးလ်လီယို

အေစီမီလန်ရှေ့တန်းကစားသမားရာဖေးလ်လီယိုဟာစာချုပ်ကိစ္စပြဿနာတက်မှုနှင့်ပတ်သက်ပြီးအယူခံဝင်မှုရှုံးနိမ့်မှုနဲ့အတူ အသင်းဟောင်းစပို့တင်းလစ္စဘွန်းကိုနစ်နာကြေးယူရို၁၆.၅သန်းပေးရတော့မှာဖြစ်ကြောင်းသိရပါတယ်။

လီယိုဟာ၂၀၁၈ခုနှစ်တုန်းကကလပ်ရဲ့လေ့ကျင့်ရေးကွင်းအတွင်းသို့ပရိသတ်များချိုးဖောက်ဝင်ရောက်ကာ တိုက်ခိုက်မှုခံရပြီးနောက် စာချုပ်ကိုတဖက်သတ်ဖျက်သိမ်းမှုပြုလုပ်ခဲ့သူဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်စတားဟာစပို့တင်းလစ္စဘွန်းနှင့်စာချုပ်အားတဖက်သတ်ဖျက်သိမ်းကာလိုင်လီသို့အငှားဖြင့်ပြောင်းခဲ့ပါတယ်။သူဟာလိုင်လီတွင်တစ်ရာသီသာကစားခဲ့ကာ၂၀၁၉ခုနှစ်တွင်အေစီမီလန်သို့ပြောင်းခဲ့ပါတယ်။

၂၀၂၀ခုနှစ်၊မတ်တွင်ပေါ်တူဂီအားကစားသမာဓိခုံရုံးကစာချုပ်ကိုဥပဒေနှင့်မညီတဖက်သတ်ဖျက်သိမ်းမှုအတွက်စပို့တင်းလစ္စဘွန်းကို နစ်နာကြေးယူရို၁၆.၅သန်းပေးရန်ဆုံးဖြတ်ခဲ့ပါတယ်။

တကယ်တော့စပို့တင်းလစ္စဘွန်းဟာရာဖေးလ်လီယိုရဲ့စာချုပ်တွင်ပါဝင်တဲ့စာချုပ်ဖျက်သိမ်းကြေးယူရို၄၅သန်းပေးရန်တရားရုံးတွင်လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ရာဖေးလ်လီယိုဟာအားကစားသမာဓိခုံရုံးရဲ့ဆုံးဖြတ်ချက်ကို ပေါ်တူဂီအယူခံရုံးတွင်အယူခံဝင်ခဲ့ပါတယ်။ဒါပေမဲ့ယခုအခါအီတလီမီဒီယာများရဲ့ဖော်ပြချက်အရအယူခံတရားရုံးကလည်းလီယိုရဲ့အယူခံကိုပယ်ချလိုက်ပြီဖြစ်ပါတယ်။

ရာဖေးလ်လီယိုအနေဖြင့် ပေါ်တူဂီဗဟိုတရားရုံးသို့အယူခံဝင်ရတော့မှာဖြစ်ပါတယ်။

အထက်ပါအဖြစ်အပျက်က ယခုရာသီတွင်အေစီမီလန်နှင့်အတူအကောင်းဆုံးပုံစံပြနေတဲ့အသက်၂၂နှစ်ရှိလီယိုအတွက်ကြီးမားတဲ့ထိုးနှက်တစ်ခုဖြစ်လာပါတယ်။

သူဟာယခုရာသီတွင်အေစီမီလန်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ၂၄ပွဲကစားထားရာမှာ၈ဂိုးသွင်းယူထားပါတယ်။

ZawGyi

အယူခံရႈံးနိမ့္မႈေၾကာင့္ အသင္းေဟာင္းစပို႔တင္းကို ယူ႐ို၁၆.၅သန္းေပးရေတာ့မယ့္ ရာေဖးလ္လီယို

ေအစီမီလန္ေရွ႕တန္းကစားသမားရာေဖးလ္လီယိုဟာစာခ်ဳပ္ကိစၥျပႆနာတက္မႈႏွင့္ပတ္သက္ၿပီးအယူခံဝင္မႈရႈံးနိမ့္မႈနဲ႔အတူ အသင္းေဟာင္းစပို႔တင္းလစၥဘြန္းကိုနစ္နာေၾကးယူ႐ို၁၆.၅သန္းေပးရေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

လီယိုဟာ၂၀၁၈ခုႏွစ္တုန္းကကလပ္ရဲ႕ေလ့က်င့္ေရးကြင္းအတြင္းသို႔ပရိသတ္မ်ားခ်ိဳးေဖာက္ဝင္ေရာက္ကာ တိုက္ခိုက္မႈခံရၿပီးေနာက္ စာခ်ဳပ္ကိုတဖက္သတ္ဖ်က္သိမ္းမႈျပဳလုပ္ခဲ့သူျဖစ္ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္စတားဟာစပို႔တင္းလစၥဘြန္းႏွင့္စာခ်ဳပ္အားတဖက္သတ္ဖ်က္သိမ္းကာလိုင္လီသို႔အငွားျဖင့္ေျပာင္းခဲ့ပါတယ္။သူဟာလိုင္လီတြင္တစ္ရာသီသာကစားခဲ့ကာ၂၀၁၉ခုႏွစ္တြင္ေအစီမီလန္သို႔ေျပာင္းခဲ့ပါတယ္။

၂၀၂၀ခုႏွစ္၊မတ္တြင္ေပၚတူဂီအားကစားသမာဓိခုံ႐ုံးကစာခ်ဳပ္ကိုဥပေဒႏွင့္မညီတဖက္သတ္ဖ်က္သိမ္းမႈအတြက္စပို႔တင္းလစၥဘြန္းကို နစ္နာေၾကးယူ႐ို၁၆.၅သန္းေပးရန္ဆုံးျဖတ္ခဲ့ပါတယ္။

တကယ္ေတာ့စပို႔တင္းလစၥဘြန္းဟာရာေဖးလ္လီယိုရဲ႕စာခ်ဳပ္တြင္ပါဝင္တဲ့စာခ်ဳပ္ဖ်က္သိမ္းေၾကးယူ႐ို၄၅သန္းေပးရန္တရား႐ုံးတြင္ေလွ်ာက္ထားခဲ့တာျဖစ္ပါတယ္။

ရာေဖးလ္လီယိုဟာအားကစားသမာဓိခုံ႐ုံးရဲ႕ဆုံးျဖတ္ခ်က္ကို ေပၚတူဂီအယူခံ႐ုံးတြင္အယူခံဝင္ခဲ့ပါတယ္။ဒါေပမဲ့ယခုအခါအီတလီမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရအယူခံတရား႐ုံးကလည္းလီယိုရဲ႕အယူခံကိုပယ္ခ်လိုက္ၿပီျဖစ္ပါတယ္။

ရာေဖးလ္လီယိုအေနျဖင့္ ေပၚတူဂီဗဟိုတရား႐ုံးသို႔အယူခံဝင္ရေတာ့မွာျဖစ္ပါတယ္။

အထက္ပါအျဖစ္အပ်က္က ယခုရာသီတြင္ေအစီမီလန္ႏွင့္အတူအေကာင္းဆုံးပုံစံျပေနတဲ့အသက္၂၂ႏွစ္ရွိလီယိုအတြက္ႀကီးမားတဲ့ထိုးႏွက္တစ္ခုျဖစ္လာပါတယ္။

သူဟာယခုရာသီတြင္ေအစီမီလန္အတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၂၄ပြဲကစားထားရာမွာ၈ဂိုးသြင္းယူထားပါတယ္။