အယ်ကလက်စီကိုပွဲတွင် ရီးရဲလ်မက်ဒရစ်ရေပန်းစားနေမှုအပေါ် ပီကေး လက်မခံ

ဂါရတ်ပီကေးကယခုအပတ်အကုန်တွင်ကစားရမယ့်ရီးရဲလ်မက်ဒရစ်နှင့်အယ်ကလက်စီကိုပွဲတွင်အနိုင်ရရန်ရေပန်းစားတဲ့အသင်းမရှိကြောင်းပြောကြားလိုက်ပါတယ်။

ဘာစီလိုနာဟာတနင်္ဂနွေနေ့တွင်ယခုရာသီပထမဆုံးအယ်ကလက်စီကိုပွဲစည်အဖြစ်ရီးရဲလ်မက်ဒရစ်ကိုနူးကမ့်မှာဧည့်ခံကစားရပါမယ်။

ဘာစီလိုနာဟာနွေရာသီတုန်းကထိပ်တန်းကစားသမားများကိုဆုံးရှုံးခဲ့ရတဲ့အပြင်ရလဒ်ဆိုးများနှင့်ကြုံနေရမှုကြောင့် ရီးရဲလ်မက်ဒရစ်ကအနိုင်ရရှိရန်ရေပန်းစားနေပါတယ်။

ဒါပေမယ့်ပီကေးက “ကလက်စီကိုမှာအတူတူပါပဲ။ရေပန်းစားတဲ့အသင်းဆိုတာမရှိပါဘူး။ကျွန်တော်တို့မှာပြဿနာတွေရှိခဲ့တယ်ဆိုပေမယ့်အခုပြန်လည်နလန်ထူလာပါပြီ”လို့ပြောကြားသွားပါတယ်။

 

ရီးရဲလ်မက်ဒရစ်ဟာလာလီဂါချန်ပီယံဖြစ်ရန်ရေပန်းစားနေတယ်ဆိုပေမယ့်လည်းဘာစီလိုနာကိုရမှတ်၂မှတ်တည်းသာဖြတ်ထားနိုင်ပါတယ်။

ZawGyi





