အယ်ဘေးနီးယား-ပိုလန်ပွဲတွင် ပရိသတ်များ ပုလင်းဖြင့် ပေါက်မှုကြောင့် ပွဲကို ရပ်ဆိုင်းခဲ့ရ

အယ်ဘေးနီးယားနှင့်ပိုလန်တို့ရဲ့၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင်အိမ်ရှင်ပရိသတ်များကိုရောဘတ်လီဝန်ဒေါ့စကီးနှင့်ကစားဖော်များကိုပုလင်းများဖြင့်ပစ်ပေါက်မှုနဲ့အတူပွဲကိုရပ်ဆိုင်းခဲ့ရပါတယ်။

ပိုလန်အသင်းဟာပွဲချိန်၇၇မိနစ်တွင်ပွဲရဲ့တစ်လုံးတည်းသောအနိုင်ဂိုးကိုရရှိခဲ့ပြီးကာရိုးလ်ဆွီဒါစကီးကသွင်းယူခဲ့ပါတယ်။ဂိုးသွင်းပြီးနောက်ပိုလန်ကစားသမားများအောင်ပွဲခံနေစဉ် အယ်ဘေးနီးယားပရိသတ်များကပုလင်းများဖြင့်ပစ်ပေါက်ခဲ့တာလည်းဖြစ်ပါတယ်။

ပိုလန်ကစားသမားများဟာအထက်ပါအဖြစ်အပျက်ကြောင့်ကွင်းအတွင်းမှထွက်ခွာခဲ့ပြီးပွဲကိုလည်းမိနစ်၂၀ခန့်အထိရပ်ဆိုင်းခဲ့ရပါတယ်။ဒါပေမယ့်နောက်ပိုင်းမှာလက်ကျန်ပွဲချိန်၁၃မိနစ်ကိုဆက်လက်ကစားခဲ့ကြပါတယ်။

ပိုလန်ဟာအယ်ဘေးနီးယားနိုင်ပွဲကြောင့်၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုဒုတိယနေရာသို့ရောက်လာပြီးထိပ်ဆုံးမှအင်္ဂလန်နှင့်ရမှတ်၃မှတ်ကွာဟကာပလေးအော့ဖ်နေရာတစ်နေရာအတွက်အခြေအနေကောင်းသွားပါတယ်။

ZawGyi

အယ္ေဘးနီးယား-ပိုလန္ပြဲတြင္ ပရိသတ္မ်ား ပုလင္းျဖင့္ ေပါက္မႈေၾကာင့္ ပြဲကို ရပ္ဆိုင္းခဲ့ရ

အယ္ေဘးနီးယားႏွင့္ပိုလန္တို႔ရဲ႕၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲစဥ္တြင္အိမ္ရွင္ပရိသတ္မ်ားကိုေရာဘတ္လီဝန္ေဒါ့စကီးႏွင့္ကစားေဖာ္မ်ားကိုပုလင္းမ်ားျဖင့္ပစ္ေပါက္မႈနဲ႔အတူပြဲကိုရပ္ဆိုင္းခဲ့ရပါတယ္။

ပိုလန္အသင္းဟာပြဲခ်ိန္၇၇မိနစ္တြင္ပြဲရဲ႕တစ္လုံးတည္းေသာအႏိုင္ဂိုးကိုရရွိခဲ့ၿပီးကာ႐ိုးလ္ဆြီဒါစကီးကသြင္းယူခဲ့ပါတယ္။ဂိုးသြင္းၿပီးေနာက္ပိုလန္ကစားသမားမ်ားေအာင္ပြဲခံေနစဥ္ အယ္ေဘးနီးယားပရိသတ္မ်ားကပုလင္းမ်ားျဖင့္ပစ္ေပါက္ခဲ့တာလည္းျဖစ္ပါတယ္။

ပိုလန္ကစားသမားမ်ားဟာအထက္ပါအျဖစ္အပ်က္ေၾကာင့္ကြင္းအတြင္းမွထြက္ခြာခဲ့ၿပီးပြဲကိုလည္းမိနစ္၂၀ခန႔္အထိရပ္ဆိုင္းခဲ့ရပါတယ္။ဒါေပမယ့္ေနာက္ပိုင္းမွာလက္က်န္ပြဲခ်ိန္၁၃မိနစ္ကိုဆက္လက္ကစားခဲ့ၾကပါတယ္။

ပိုလန္ဟာအယ္ေဘးနီးယားႏိုင္ပြဲေၾကာင့္၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲအုပ္စုဒုတိယေနရာသို႔ေရာက္လာၿပီးထိပ္ဆုံးမွအဂၤလန္ႏွင့္ရမွတ္၃မွတ္ကြာဟကာပေလးေအာ့ဖ္ေနရာတစ္ေနရာအတြက္အေျခအေနေကာင္းသြားပါတယ္။