အယ်လ်ချီကို အနိုင်ရသော်လည်း နည်းပြဂါရီတာနိုကို ဘီလ်ဘာအို ထုတ်ပယ်

ဘီလ်ဘာအိုကနည်းပြဂိုင်ကာဂါရီတီနိုအားရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်ကြောင်းကြေညာလာပါတယ်။ဂါရီတီနိုဟာ၂၀၁၇ခုနှစ်၊ဇူလိုင်လတုန်းကတည်းကဘီလ်ဘာအို(ခ)အသင်းကိုကိုင်တွယ်လာခဲ့သူဖြစ်ပြီး၂၀၁၈ခုနှစ်၊ဒီဇင်ဘာလမှာအသင်းကြီးကိုကိုင်တွယ်ခွင့်ရရှိခဲ့ပါတယ်။

သူဟာဘီလ်ဘာအိုအသင်းကို၈၉ပွဲကိုင်တွယ်ခဲ့ပြီး၂၀၁၉-၂၀ရာသီတုန်းကရာသီအစ၅ပွဲဆက်ရလဒ်ကောင်းရရှိ အောင်စွမ်းဆောင်နိုင်ခဲ့ကာ၂၆နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ် တည်နိုင်အောင်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်ယခုရာသီမှာဘီလ်ဘာအိုဟာရလဒ်ဆိုးရွားမှုများနှင့်အတူတနင်္ဂနွေညတုန်းကအယ်ချီကို၁-၀ဂိုးဖြင့် အနိုင်ရရှိခဲ့ပေမယ့်ပွဲအပြီးမှာနည်းပြဂါရီတာနိုကိုထုတ်ပယ်ရန်ဆုံးဖြတ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာဘီလ်ဘာအိုနည်းပြသစ်ဖြစ်လာဖို့အတွက်ဗလင်စီယာနည်းပြဟောင်းမာစီလီနိုကထိပ်ဆုံးမှ ရေပန်းစားလျက်ရှိနေပါတယ်။

အသက်၅၅နှစ်ရှိမာစီလီနိုဟာလာလီဂါအတွေ့အကြုံရင့်ကျက်တဲ့နည်းပြတစ်ဦးဖြစ်ပြီးဆီဗီလာ၊ဗီလာရီးရဲလ်နှင့် ဗလင်စီယာတို့ကိုကိုင်တွယ်ခဲ့ဖူးပါတယ်။

ဘီလ်ဘာအိုဟာလာလီဂါအမှတ်ပေးဇယားအဆင့်၉နေရာမှာရပ်တည်နေပြီးနောက်ဆုံးလိဂ်ပွဲ၈ပွဲမှာ၂ပွဲတည်းသာ အနိုင်ရရှိထားပါတယ်။

ZawGyi

အယ္လ္ခ်ီကို အႏိုင္ရေသာ္လည္း နည္းျပဂါရီတာႏိုကို ဘီလ္ဘာအို ထုတ္ပယ္

ဘီလ္ဘာအိုကနည္းျပဂိုင္ကာဂါရီတီႏိုအားရာထူးမွထုတ္ပယ္လိုက္ၿပီျဖစ္ေၾကာင္းေၾကညာလာပါတယ္။ဂါရီတီႏိုဟာ၂၀၁၇ခုႏွစ္၊ဇူလိုင္လတုန္းကတည္းကဘီလ္ဘာအို(ခ)အသင္းကိုကိုင္တြယ္လာခဲ့သူျဖစ္ၿပီး၂၀၁၈ခုႏွစ္၊ဒီဇင္ဘာလမွာအသင္းႀကီးကိုကိုင္တြယ္ခြင့္ရရွိခဲ့ပါတယ္။

သူဟာဘီလ္ဘာအိုအသင္းကို၈၉ပြဲကိုင္တြယ္ခဲ့ၿပီး၂၀၁၉-၂၀ရာသီတုန္းကရာသီအစ၅ပြဲဆက္ရလဒ္ေကာင္းရရွိ ေအာင္စြမ္းေဆာင္ႏိုင္ခဲ့ကာ၂၆ႏွစ္အတြင္းပထမဆုံးအႀကိမ္အျဖစ္လာလီဂါအမွတ္ေပးဇယားထိပ္ဆုံးတြင္ရပ္ တည္ႏိုင္ေအာင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ယခုရာသီမွာဘီလ္ဘာအိုဟာရလဒ္ဆိုး႐ြားမႈမ်ားႏွင့္အတူတနဂၤေႏြညတုန္းကအယ္ခ်ီကို၁-၀ဂိုးျဖင့္ အႏိုင္ရရွိခဲ့ေပမယ့္ပြဲအၿပီးမွာနည္းျပဂါရီတာႏိုကိုထုတ္ပယ္ရန္ဆုံးျဖတ္ခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာဘီလ္ဘာအိုနည္းျပသစ္ျဖစ္လာဖို႔အတြက္ဗလင္စီယာနည္းျပေဟာင္းမာစီလီႏိုကထိပ္ဆုံးမွ ေရပန္းစားလ်က္ရွိေနပါတယ္။

အသက္၅၅ႏွစ္ရွိမာစီလီႏိုဟာလာလီဂါအေတြ႕အႀကဳံရင့္က်က္တဲ့နည္းျပတစ္ဦးျဖစ္ၿပီးဆီဗီလာ၊ဗီလာရီးရဲလ္ႏွင့္ ဗလင္စီယာတို႔ကိုကိုင္တြယ္ခဲ့ဖူးပါတယ္။

ဘီလ္ဘာအိုဟာလာလီဂါအမွတ္ေပးဇယားအဆင့္၉ေနရာမွာရပ္တည္ေနၿပီးေနာက္ဆုံးလိဂ္ပြဲ၈ပြဲမွာ၂ပြဲတည္းသာ အႏိုင္ရရွိထားပါတယ္။