အယ်လ်ချီနှင့်ပွဲတွင် သရဲပြစ်ဒဏ်ဘောအတွက် အထူးဆန်းဆုံးအဝါကတ်ပြသခံခဲ့ရတဲ့ တိုနီခရူးစ်

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားတိုနီခရူးစ်ဟာတစုံတရာထိတွေ့မှုမရှိဘဲရယ်စရာကောင်းတဲ့အဝါကတ်ပြသခြင်းခံခဲ့ရမှုနဲ့အတူအကြီးအကျယ်ဒေါသထွက်ခဲ့ရပါတယ်။

ကြာသပတေးနေ့တုန်းကရီးရဲလ်မက်ဒရစ်နှင့်အယ်လ်ချီတို့ရဲ့ကိုပါဒယ်ရေးပွဲတွင်နှစ်ဖက်အသင်းတို့ဂိုးမသွင်းနိုင်မှုနဲ့အတူအချိန်ပိုကစားခဲ့ရပါတယ်။

ပွဲချိန်၁၀၂မိနစ်မှာ မာဆယ်လို အနီကတ်ပြထုတ်ပယ်ခံရပြီးနောက်အယ်လ်ချီက၁၀၃မိနစ်တွင်ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။အန်ဆယ်လော့တီရဲ့ရီးရဲလ်မက်ဒရစ်ဟာအစ္စကိုရဲ့ချေပဂိုး၊ဒင်ဟာဇက်တို့ရဲ့အနိုင်ဂိုးနဲ့အတူ အယ်ချီကို၂-၁ဂိုးဖြင့်အနိုင်ရယူနိုင်ခဲ့ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ဒုတိယပိုင်းမှာတိုနီခရူးစ်ဟာတီတီမိုရန်တီကို လုံးဝထိတွေ့ခဲ့ခြင်းမရှိပေမဲ့လည်းကံဆိုးစွာဘဲအဝါကတ်ပြသခြင်းခံရမှုဖြစ်ပါတယ်။

ပွဲချိန်၇၈မိနစ်မှာတိုနီခရူးစ်ဟာပြိုင်ဘက်ကစားသမားနဲ့လုံးဝထိခဲ့ခြင်းမရှိပေမဲ့လည်းအဝါကတ်ပြသခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ZawGyi





