အယ်လ်ဂျီးရီးယားနည်းပြအမိန့်ကြောင့် ဆံပင်အရောင်ပြောင်းခဲ့ရတဲ့ မရာ့ဇ်နဲ့ဘင်ရာမာ

ရီယက်ဇ်မရာ့ဇ်နှင့်ဆိုက်ဘင်ရာမာတို့ဟာအယ်လ်ဂျီးရီးယားနည်းပြရဲ့တောင်းဆိုမှုကြောင့်သူတို့ရဲ့ဆံပင်အားသဘာဝအနက်ရောင်သို့ပြောင်းခဲ့ရကြောင်းသိရပါတယ်။

အယ်လ်ဂျီးရီးယားကစားသမားနှစ်ဦးတို့ဟာနွေရာသီကတည်းကအင်္ဂလန်နှင့်မန်စီးတီးစတားဖီးလ်ဖိုဒန်ကဲ့သို့ရွှေဝါရောင်ဆံပင်ဆိုးခဲ့ကြသူများဖြစ်ကြပါတယ်။

ဒါပေမယ့်၎င်းတို့ဟာအယ်လ်ဂျီးရီးယားအသင်းနှင့်ပူးပေါင်းချိန်မှာတော့မရာ့ဇ်နှင့်ဘင်ရာမာတို့ဟာဆံပင်ကိုအနက်ရောင်ပြန်ဆိုးခဲ့ရပါတယ်။

အယ်လ်ဂျီးရီးယားနည်းပြဂျာမယ်ဘယ်မာဒီဟာကစားသမားများကိုစည်းကမ်းတင်းကြပ်စွာကိုင်တွယ်လေ့ရှိသူဖြစ်ပြီးမရာ့ဇ်နှင့်ဘင်ရာမာတို့အားဆံပင်အနက်ရောင်ပြန်ဆိုးစေခဲ့ပါတယ်။

ဒါပေမယ့်ကစားသမားတို့အနေဖြင့်မန်စီးတီး၊ဝက်စ်ဟမ်းအသင်းတို့နှင့်ပြန်လည်ပူးပေါင်းချိန်မှာတော့ရွှေအိုရောင်ဆံပင်ပြန်ဆိုးခွင့်ရှိပါသေးတယ်။

ZawGyi





