အယ်လ်လီဂရီအား နည်းပြသစ်အဖြစ် ဂျူဗင်တပ် ပြန်လည်ခန့်အပ်

ဂျူဗင်တပ်ဟာတစ်ရာသီသာကိုင်တွယ်ရပြီးနောက်ထုတ်ပယ်လိုက်တဲ့အင်ဒရေပီယာလိုရဲ့နေရာတွင်နည်းပြဟောင်းမက်ဆီမိုအယ်လ်လီဂရီအားပြန်လည်ခန့်အပ်လိုက်ပါတယ်။

ဂျူဗင်တပ်ဟာကိုပါအီတာလီယာဖလားဆွတ်ခူးပေးနိုင်ခဲ့သော်လည်းရာသီသိမ်းပွဲတွင်မှချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့မှုကြောင့်ပီယာလိုကိုရာထူးမှထုတ်ပယ်ခဲ့ပါတယ်။

မက်ဆီမိုအယ်လ်လီဂရီဟာဂျူဗင်တပ်ကိုစကူဒက်တိုဖလားငါးကြိမ်ဆွတ်ခူးနိုင်အောင်ဦးဆောင်ပေးခဲ့တဲ့အပြင်ဆုဖလားနှစ်လုံးလေးရာသီဆက်ဆွတ်ခူးပေးခဲ့သူဖြစ်ပါတယ်။သူဟာဂျူဗင်တပ်အသင်းကိုချန်ပီယံလိဂ်ဗိုလ်လုပွဲသို့လည်းနှစ်ကြိမ်ပို့ဆောင်ပေးခဲ့ပါတယ်။

သူဟာ၂၀၁၉ခုနှစ်တွင်ဂျူဗင်တပ်မှထွက်ခွာခဲ့ပြီးနောက်ကလပ်လက်မဲ့ဖြစ်လာခဲ့သူဖြစ်ပြီးယခုအခါဂျူဗင်တပ်ကိုပြန်လည်ကိုင်တွယ်သွားတော့မှာဖြစ်ပါတယ်။

အင်ဒရေပီယာလိုဟာပြီးခဲ့တဲ့နွေရာသီတုန်းကဂျူဗင်တပ်ယူ-၂၃နည်းပြအဖြစ်သာခန့်အပ်ခြင်းခံခဲ့ရသော်လည်းဆာရီထုတ်ပယ်ခြင်းခံရပြီးနောက်စီနီယာအသင်းနည်းပြအဖြစ်တိုးမြှင့်ခံခဲ့ရပါတယ်။နည်းပြဘဝပထမဆုံးအတွေ့အကြုံတွင်ပီယာလိုဟာခက်ခက်တဲ့ကာလနဲ့ရင်ဆိုင်ခဲ့ရပြီးချန်ပီယံလိဂ်တွင်၁၆သင်းအဆင့်ဖြင့်ပင်ကျေနပ်ခဲ့ရပါတယ်။

ZawGyi

အယ္လ္လီဂရီအား နည္းျပသစ္အျဖစ္ ဂ်ဴဗင္တပ္ ျပန္လည္ခန႔္အပ္

ဂ်ဴဗင္တပ္ဟာတစ္ရာသီသာကိုင္တြယ္ရၿပီးေနာက္ထုတ္ပယ္လိုက္တဲ့အင္ဒေရပီယာလိုရဲ႕ေနရာတြင္နည္းျပေဟာင္းမက္ဆီမိုအယ္လ္လီဂရီအားျပန္လည္ခန႔္အပ္လိုက္ပါတယ္။

ဂ်ဴဗင္တပ္ဟာကိုပါအီတာလီယာဖလားဆြတ္ခူးေပးႏိုင္ခဲ့ေသာ္လည္းရာသီသိမ္းပြဲတြင္မွခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိခဲ့မႈေၾကာင့္ပီယာလိုကိုရာထူးမွထုတ္ပယ္ခဲ့ပါတယ္။

မက္ဆီမိုအယ္လ္လီဂရီဟာဂ်ဴဗင္တပ္ကိုစကူဒက္တိုဖလားငါးႀကိမ္ဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ေပးခဲ့တဲ့အျပင္ဆုဖလားႏွစ္လုံးေလးရာသီဆက္ဆြတ္ခူးေပးခဲ့သူျဖစ္ပါတယ္။သူဟာဂ်ဴဗင္တပ္အသင္းကိုခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔လည္းႏွစ္ႀကိမ္ပို႔ေဆာင္ေပးခဲ့ပါတယ္။

သူဟာ၂၀၁၉ခုႏွစ္တြင္ဂ်ဴဗင္တပ္မွထြက္ခြာခဲ့ၿပီးေနာက္ကလပ္လက္မဲ့ျဖစ္လာခဲ့သူျဖစ္ၿပီးယခုအခါဂ်ဴဗင္တပ္ကိုျပန္လည္ကိုင္တြယ္သြားေတာ့မွာျဖစ္ပါတယ္။

အင္ဒေရပီယာလိုဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကဂ်ဴဗင္တပ္ယူ-၂၃နည္းျပအျဖစ္သာခန႔္အပ္ျခင္းခံခဲ့ရေသာ္လည္းဆာရီထုတ္ပယ္ျခင္းခံရၿပီးေနာက္စီနီယာအသင္းနည္းျပအျဖစ္တိုးျမႇင့္ခံခဲ့ရပါတယ္။နည္းျပဘဝပထမဆုံးအေတြ႕အႀကဳံတြင္ပီယာလိုဟာခက္ခက္တဲ့ကာလနဲ႔ရင္ဆိုင္ခဲ့ရၿပီးခ်န္ပီယံလိဂ္တြင္၁၆သင္းအဆင့္ျဖင့္ပင္ေက်နပ္ခဲ့ရပါတယ္။