
ယူနိုက်တက်ကစားသမားဟောင်းတစ်ဦးကကစားဖော်ဟောင်းခရစ္စတီယာနိုရော်နယ်ဒိုရဲ့အကူအညီကြောင့်Miss Californiaကိုဂိုးသွင်းနိုင်ခဲ့ကြောင်းဖွင့်ဟလာပါတယ်။
ဆွမ်ဆင်ဟာဟာယူနိုက်တက်အကယ်ဒမီထွက်တစ်ဦးဖြစ်ပြီး၂၀၁၆ခုနှစ်အယ်လ်အေရာသီကြိုခရီးစဉ်တွင်အမေရိကန်အလှမယ်နှင့်ချိန်းတွေ့ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့လက်စတာနှင့်အတူပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ဆွမ်ဆင်ရဲ့Miss California နှင့်ချိန်းတွေ့မှုမှာပျက်လုနီးပါးအခြေအနေရောက်ခဲ့ပေမဲ့ခရစ္စတီယာနိုရော်နယ်ဒို ရောက်လာမှုနှင့်အတူအဆင်ပြေသွားခဲ့ပါတယ်။
ယင်းနွေရာသီတွင်ဆွမ်ဆင်ဟာလက်စတာနှင့်အတူပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီး အမေရိကန်သို့ရောက်လာခဲ့တာဖြစ်ပါတယ်။ရော်နယ်ဒိုမှာလည်းပေါ်တူဂီနှင့်အတူယူရို၂၀၁၆ချန်ပီယံဖြစ်ပြီးနောက်အယ်လ်အေသို့အပန်းဖြေရန်ရောက်လာခဲ့တာဖြစ်ပါတယ်။
အသက်၃၆နှစ်ရှိဆွမ်ဆင်က “အယ်လ်အေနွေရာသီမှာကြုံခဲ့ရတဲ့ဇာတ်လမ်းတစ်ပုဒ်ရှိတယ်။အယ်လ်အေသို့ရာသီကြိုခရီးစဉ်သွားကြတယ်။ပီအက်စ်ဂျီနဲ့ကစားတယ်။ပုံမှန်ဆိုဒဗ္ဗလင်သို့သွားတာ။အခုအယ်လ်အေကိုရောက်နေခဲ့တယ်”လို့ပြောကြားခဲ့ပါတယ်။
ဆွမ်ဆင်ဟာ Miss California နှင့်ချိန်းထားခဲ့တာဖြစ်ပြီးတွေ့ဆံ့ချိန်မှာအဆင်မပြေဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုရောက်လာမှုနဲ့အတူအဆင်ပြေသွားခဲ့ပါတယ်။
၎င်းက “အရမ်းနာကျင်ရတယ်။ဘာမှအဆင်မပြေဘူး။ကံကောင်းချင်တော့နောက်ကနေ ပုခုံးလာပုတ်တယ်။လှည့်ကြည့်လိုက်တော့ရော်နယ်ဒိုဖြစ်နေတယ်။သူက ဆွမ်မိုလို့ခေါ်လိုက်တယ်။ကျုပ်ကလည်း ရွန်းနီပေါ့။ ကျွန်တော်ထပြီးသူ့ကိုဖက်လိုက်တယ်။စကားနည်းနည်းပြောကြတယ်။ကျွန်တော်တို့ကရာသီကြိုခရီးစဉ်အတွက်ရောက်လာတယ်ပေါ့။သူကယူရိုရထားတော့အားလပ်ရက်ပိုရထားတယ်။ကျွန်တော်ပြန်ထိုင်လိုက်တယ်။ အဲဒီမှာ ကောင်မလေးက ‘ရှင်ကရော်နယ်ဒိုနဲ့သိတာလား”လို့ပြောလာတယ်။အဲဒီမှာကျွန်တော်အကွက်ထဲဝင်လာတော့တာပဲ။သူနဲ့တွဲကစားခဲ့တယ်ဆိုပြီးဘာမှမထူးသလိုပြောလိုက်တယ်။အဲဒီစက္ကန့်ပိုင်းလေးမှာအားလုံးပြောင်းလဲသွားခဲ့တယ်”လို့ပြောကြားသွားပါတယ်။
ဆက်လက်ပြီးဆွမ်ဆင်က “ရော်နယ်ဒိုကကျွန်တော့်ကို ‘ဟယ်လို’လို့နှုတ်ဆက်ပြီးကျွန်တော်က ‘ရွန်နီ’လို့ ပြန်နှုတ်ဆက်လိုက်မှုက လူတစ်ယောက်စိတ်ကိုလုံးဝပြောင်းလဲသွားစေခဲ့တယ်ဆိုတာအရိုးသားဆုံးဝန်ခံပါတယ်”လို့ပြောကြားသွားပါတယ်။
ဆွမ်ဆင်ဟာမန်ချက်စတာယူနိုက်တက်အကယ်ဒမီစီမံကိန်းထွက်ကစားသမားတစ်ဦးဖြစ်ပြီး၂၀၁၀ခုနှစ်တွင်ယူနိုက်တက်မှမထွက်ခွာမီ ရော်နယ်ဒိုနှင့်အတူတွဲကစားခဲ့ပါတယ်။နယူးကာဆယ်။ကျူပီအာနှင့်ဟက်ဒါဖီးလ်တို့တွင်ကစားခဲ့တဲ့သူဟာ၂၀၁၆ခုနှစ်တုန်းကလက်စတာနှင့်အတူပရီးမီးယားလိဂ်ဖလားဆွတ်ခူးခဲ့ပါတယ်။
ZawGyi
အယ္လ္ေအခရီးစဥ္တြင္ ေရာ္နယ္ဒိုရဲ႕အကူအညီေၾကာင့္ Miss California ကို ဂိုးသြင္းႏိုင္ခဲ့ေၾကာင္း ကစားေဖာ္ေဟာင္းဖြင့္ဟလာ
ယူႏိုက္တက္ကစားသမားေဟာင္းတစ္ဦးကကစားေဖာ္ေဟာင္းခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အကူအညီေၾကာင့္Miss Californiaကိုဂိုးသြင္းႏိုင္ခဲ့ေၾကာင္းဖြင့္ဟလာပါတယ္။
ဆြမ္ဆင္ဟာဟာယူႏိုက္တက္အကယ္ဒမီထြက္တစ္ဦးျဖစ္ၿပီး၂၀၁၆ခုႏွစ္အယ္လ္ေအရာသီႀကိဳခရီးစဥ္တြင္အေမရိကန္အလွမယ္ႏွင့္ခ်ိန္းေတြ႕ခဲ့တာျဖစ္ပါတယ္။
ဒါေပမဲ့လက္စတာႏွင့္အတူပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့တဲ့ဆြမ္ဆင္ရဲ႕Miss California ႏွင့္ခ်ိန္းေတြ႕မႈမွာပ်က္လုနီးပါးအေျခအေနေရာက္ခဲ့ေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒို ေရာက္လာမႈႏွင့္အတူအဆင္ေျပသြားခဲ့ပါတယ္။
ယင္းေႏြရာသီတြင္ဆြမ္ဆင္ဟာလက္စတာႏွင့္အတူပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ၿပီး အေမရိကန္သို႔ေရာက္လာခဲ့တာျဖစ္ပါတယ္။ေရာ္နယ္ဒိုမွာလည္းေပၚတူဂီႏွင့္အတူယူ႐ို၂၀၁၆ခ်န္ပီယံျဖစ္ၿပီးေနာက္အယ္လ္ေအသို႔အပန္းေျဖရန္ေရာက္လာခဲ့တာျဖစ္ပါတယ္။
အသက္၃၆ႏွစ္ရွိဆြမ္ဆင္က “အယ္လ္ေအေႏြရာသီမွာႀကဳံခဲ့ရတဲ့ဇာတ္လမ္းတစ္ပုဒ္ရွိတယ္။အယ္လ္ေအသို႔ရာသီႀကိဳခရီးစဥ္သြားၾကတယ္။ပီအက္စ္ဂ်ီနဲ႔ကစားတယ္။ပုံမွန္ဆိုဒဗၺလင္သို႔သြားတာ။အခုအယ္လ္ေအကိုေရာက္ေနခဲ့တယ္”လို႔ေျပာၾကားခဲ့ပါတယ္။
ဆြမ္ဆင္ဟာ Miss California ႏွင့္ခ်ိန္းထားခဲ့တာျဖစ္ၿပီးေတြ႕ဆံ့ခ်ိန္မွာအဆင္မေျပျဖစ္ေနခဲ့ပါတယ္။ဒါေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာမႈနဲ႔အတူအဆင္ေျပသြားခဲ့ပါတယ္။
၎က “အရမ္းနာက်င္ရတယ္။ဘာမွအဆင္မေျပဘူး။ကံေကာင္းခ်င္ေတာ့ေနာက္ကေန ပုခုံးလာပုတ္တယ္။လွည့္ၾကည့္လိုက္ေတာ့ေရာ္နယ္ဒိုျဖစ္ေနတယ္။သူက ဆြမ္မိုလို႔ေခၚလိုက္တယ္။က်ဳပ္ကလည္း ႐ြန္းနီေပါ့။ ကြၽန္ေတာ္ထၿပီးသူ႔ကိုဖက္လိုက္တယ္။စကားနည္းနည္းေျပာၾကတယ္။ကြၽန္ေတာ္တို႔ကရာသီႀကိဳခရီးစဥ္အတြက္ေရာက္လာတယ္ေပါ့။သူကယူ႐ိုရထားေတာ့အားလပ္ရက္ပိုရထားတယ္။ကြၽန္ေတာ္ျပန္ထိုင္လိုက္တယ္။ အဲဒီမွာ ေကာင္မေလးက ‘ရွင္ကေရာ္နယ္ဒိုနဲ႔သိတာလား”လို႔ေျပာလာတယ္။အဲဒီမွာကြၽန္ေတာ္အကြက္ထဲဝင္လာေတာ့တာပဲ။သူနဲ႔တြဲကစားခဲ့တယ္ဆိုၿပီးဘာမွမထူးသလိုေျပာလိုက္တယ္။အဲဒီစကၠန႔္ပိုင္းေလးမွာအားလုံးေျပာင္းလဲသြားခဲ့တယ္”လို႔ေျပာၾကားသြားပါတယ္။
ဆက္လက္ၿပီးဆြမ္ဆင္က “ေရာ္နယ္ဒိုကကြၽန္ေတာ့္ကို ‘ဟယ္လို’လို႔ႏႈတ္ဆက္ၿပီးကြၽန္ေတာ္က ‘႐ြန္နီ’လို႔ ျပန္ႏႈတ္ဆက္လိုက္မႈက လူတစ္ေယာက္စိတ္ကိုလုံးဝေျပာင္းလဲသြားေစခဲ့တယ္ဆိုတာအ႐ိုးသားဆုံးဝန္ခံပါတယ္”လို႔ေျပာၾကားသြားပါတယ္။
ဆြမ္ဆင္ဟာမန္ခ်က္စတာယူႏိုက္တက္အကယ္ဒမီစီမံကိန္းထြက္ကစားသမားတစ္ဦးျဖစ္ၿပီး၂၀၁၀ခုႏွစ္တြင္ယူႏိုက္တက္မွမထြက္ခြာမီ ေရာ္နယ္ဒိုႏွင့္အတူတြဲကစားခဲ့ပါတယ္။နယူးကာဆယ္။က်ဴပီအာႏွင့္ဟက္ဒါဖီးလ္တို႔တြင္ကစားခဲ့တဲ့သူဟာ၂၀၁၆ခုႏွစ္တုန္းကလက္စတာႏွင့္အတူပရီးမီးယားလိဂ္ဖလားဆြတ္ခူးခဲ့ပါတယ္။