အရက်မူး ကားမောင်းမှုကြောင့် ယာဉ်မောင်းခွင့်ပိတ်ပင်ခံလိုက်ရတဲ့ မန်ယူစတားဟောင်း

ပရီးမီးယားလိဂ်စတားဟောင်းခရစ်အီးဂဲလ်ဟာနံနက်၃နာရီအချိန်တွင်ပေါင်၇၀၀၀၀တန် Audi ကားဖြင့်အရက်မူးကာကားအမြန်မောင်းနှင်မှုကြောင့်ယာဉ်မောင်းခွင့်ပိတ်ပင်ခြင်းခံလိုက်ရပါတယ်။

အသက်၃၅နှစ်ရှိမန်ယူတောင်ပံကစားသမားဟောင်းဟာချစ်သူဖြစ်လာမယ့်ဂျနီဖာမက်ကဲဖီရဲ့နေအိမ်ရှေ့တွင်သုံးကြိမ်တိုင်တိုင်သတ်မှတ်မိုင်နှုန်းထက်မောင်းနှင်ခဲ့တာလည်းဖြစ်ပါတယ်။

ရဲများကခရစ်အီးဂဲလ်ကိုစစ်ဆေးချိန်တွင်ကားစီယာရင်ထက်တွင်အိပ်ပျော်လျက်တွေ့ရှိရတာလည်းဖြစ်ပါတယ်။အီးဂဲလ်ကိုတွေ့ရှိချိန်တွင်ဖိနပ်မစီးထားကြောင်းလည်းတွေ့ရပါတယ်။

အီးဂဲလ်ကလည်း၎င်းမှာအရက်မူးနေကြောင်းဝန်ခံထားပါတယ်။ယခုအခါတရားရုံးကသူ့ကိုဒဏ်ငွေပေါင်၁၂၅၀၊တရားရုံးစရိတ်ပေါင်၂၇၅နှင့်ယာဉ်မောင်းခွင့်၃လပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။

ZawGyi




