အရက်သောက်ကာ ကားမောင်းမှုကြောင့် ဘန်လေစတားဖမ်းဆီးထိန်းသိမ်းခံရ

ဘန်လေတိုက်စစ်မှူးအက်ရှ်လေဘန်းစ်ဟာအသင်းမှာပရီးမီးယားလိဂ်တွင်ဆက်လက်ရပ်တည်နိုင်ရန်သေချာသွားခဲ့ပြီးနောက်အရက်သောက်ကာကားမောင်းမှုကြောင့်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

အသက်၃၁နှစ်ရှိတိုက်စစ်မှူးဟာပြီးခဲ့တဲ့အပတ်တုန်းကဖူလ်ဟမ်ကိုအနိုင်ရရှိပြီးနောက်ဘန်လေကစားဖော်များနှင့်အတူပါတီပွဲပြုလုပ်ကာလေးနာရီကြာပျော်ရွှင်ခဲ့ကြပါတယ်။

ဒါပေမယ့်သူဟာနေအိမ်သို့ပေါင်၅၅၀၀၀တန် Mercedes V Class ဖြင့်နေအိမ်သို့ပြန်လာချိန်တွင်ရဲတပ်ဖွဲ့ရဲ့တားဆီးခြင်းခံခဲ့ရပါတယ်။

သူဟာသတ်မှတ်ပမာဏထက်အရက်သောက်ကာကားမောင်းကြောင်းတွေ့ရှိရပြီးနောက်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။သူ့ရဲ့ဖြစ်ရပ်ကြောင့်ဘန်လေနည်းပြရှောင်ဒိုက်ချီအကြီးအကျယ်ဒေါသထွက်ခဲ့ကြောင်းလည်းသိရပါတယ်။

ဘန်းစ်ဟာရဲစခန်းမှအာမခံဖြင့်ပြန်လည်လွတ်မြောက်လာခဲ့သော်လည်းလာမယ့်ဇွန်လ၁၄ရက်နေ့တွင်ရုံးတင်စစ်ဆေးခြင်းခံရပါမယ်။

သူဟာဘန်လေအတွက်ပွဲပေါင်းနှစ်ရာကျော်ကစားထားသူဖြစ်ပြီးအထက်ပါဖြစ်ရပ်ကြောင့်ဘန်လေရဲ့အရေးယူခြင်းလည်းခံရပါမယ်။

ZawGyi

အရက္ေသာက္ကာ ကားေမာင္းမႈေၾကာင့္ ဘန္ေလစတားဖမ္းဆီးထိန္းသိမ္းခံရ

ဘန္ေလတိုက္စစ္မႉးအက္ရွ္ေလဘန္းစ္ဟာအသင္းမွာပရီးမီးယားလိဂ္တြင္ဆက္လက္ရပ္တည္ႏိုင္ရန္ေသခ်ာသြားခဲ့ၿပီးေနာက္အရက္ေသာက္ကာကားေမာင္းမႈေၾကာင့္ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။

အသက္၃၁ႏွစ္ရွိတိုက္စစ္မႉးဟာၿပီးခဲ့တဲ့အပတ္တုန္းကဖူလ္ဟမ္ကိုအႏိုင္ရရွိၿပီးေနာက္ဘန္ေလကစားေဖာ္မ်ားႏွင့္အတူပါတီပြဲျပဳလုပ္ကာေလးနာရီၾကာေပ်ာ္႐ႊင္ခဲ့ၾကပါတယ္။

ဒါေပမယ့္သူဟာေနအိမ္သို႔ေပါင္၅၅၀၀၀တန္ Mercedes V Class ျဖင့္ေနအိမ္သို႔ျပန္လာခ်ိန္တြင္ရဲတပ္ဖြဲ႕ရဲ႕တားဆီးျခင္းခံခဲ့ရပါတယ္။

သူဟာသတ္မွတ္ပမာဏထက္အရက္ေသာက္ကာကားေမာင္းေၾကာင္းေတြ႕ရွိရၿပီးေနာက္ဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္။သူ႔ရဲ႕ျဖစ္ရပ္ေၾကာင့္ဘန္ေလနည္းျပေရွာင္ဒိုက္ခ်ီအႀကီးအက်ယ္ေဒါသထြက္ခဲ့ေၾကာင္းလည္းသိရပါတယ္။

ဘန္းစ္ဟာရဲစခန္းမွအာမခံျဖင့္ျပန္လည္လြတ္ေျမာက္လာခဲ့ေသာ္လည္းလာမယ့္ဇြန္လ၁၄ရက္ေန႔တြင္႐ုံးတင္စစ္ေဆးျခင္းခံရပါမယ္။

သူဟာဘန္ေလအတြက္ပြဲေပါင္းႏွစ္ရာေက်ာ္ကစားထားသူျဖစ္ၿပီးအထက္ပါျဖစ္ရပ္ေၾကာင့္ဘန္ေလရဲ႕အေရးယူျခင္းလည္းခံရပါမယ္။