အရင်တုန်းက ရန်သူဆိုပေမယ့် ကစားဖော်ဖြစ်လာချိန်မှာ မက်ဆီအတွက် အကူအညီများစွာ ပေးနေတဲ့ ရာမို့စ်

ဆာဂျီယိုရာမို့စ်ဟာပီအက်စ်ဂျီသို့ရောက်လာခါစရှိသေးတဲ့လီယွန်နယ်မက်ဆီနှင့်သူ့မိသားစုအားသူ့အိမ်တွင်နေထိုင်ဖို့ကမ်းလှမ်းမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ရာမို့စ်နှင့်မက်ဆီတို့ဟာစပိန်ဘီလူးများဖြစ်ကြတဲ့ဘာစီလိုနာနှင့်ရီးရဲလ်မက်ဒရစ်တို့ရဲ့အသင်းခေါင်းဆောင်အဖြစ်ကစားစဉ်ကာလအတွင်းအကြီးမားဆုံးပြိုင်ဘက်များဖြစ်ခဲ့သူများလည်းဖြစ်ပါတယ်။

El Clasico ပွဲစဉ်များအတွင်းမှာရာမို့စ်နှင့်မက်ဆီတို့ဟာအကြိမ်ကြိမ်ညှိခဲ့ကြဖူးပါတယ်။၂၀၁၉ခုနှစ်တုန်းကဆန်တီယာဂိုဘာနေဗျူးပွဲစဉ်မှာရာမို့စ်နှင့်မက်ဆီတို့ဟာအချင်းများရာမှာအပြန်အလှန်ခေါင်းချင်းဆိုင်တိုက်မှုကြောင့်အသီးသီးအနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရဖူးပါတယ်။

ဒါပေမယ့်လည်းရာမို့စ်ဟာသူကစားနေတဲ့ပီအက်စ်ဂျီသို့မက်ဆီရောက်လာချိန်မှာတော့ကစားဖော်ကောင်းတစ်ဦးအနေဖြင့်အကောင်းဆုံးအကူအညီပေးပြီးငြိမ်းချမ်းရေးကမ်းလှမ်းမှုပြုလုပ်ခဲ့ပါတယ်။

El Pais ရဲ့ဖော်ပြချက်အရရာမို့စ်ဟာမက်ဆီနှင့်သူ့မိသားစုဝင်များအားအိမ်သစ်ရှာဖွေမရသေးခင်ကာလအတွင်းမှာသူ့အိမ်မှာအတူနေဖို့ကမ်းလှမ်းခဲ့ပါတယ်။

လီယွန်နယ်မက်ဆီနဲ့သူ့မိသားစုဝင်များဟာ တစ်ညလျှင်ပေါင်၁၇၀၀၀ပေးရတဲ့ဟိုတယ်မှာတည်းခိုနေပါတယ်။မက်ဆီငှားရမ်းနေထိုင်နေတဲ့ကြယ်ပွင့်အဆင့်ရှိLe Royal Monceau ဟိုတယ်မှာသီးသန့်ရေကူးကန်၊ရုပ်ရှင်ရုံတို့လည်းပါဝင်ပါတယ်။

ရာမို့စ်ဟာလည်းရီးရဲလ်မက်ဒရစ်မှထွက်ခွာကာပီအက်စ်ဂျီသို့ပြောင်းစတုန်းကယင်းဟိုတယ်တွင်ယာယီနေထိုင်ခဲ့ပါတယ်။

မက်ဆီဟာရာမို့စ်ရဲ့ချစ်စရာကောင်းတဲ့ကမ်းလှမ်းမှုကိုပယ်ချခဲ့ပါတယ်။ယခုအခါသူဟာအိန်ဂျယ်ဒီမာရီယာ၊မာကွင်ဟို့စ်တို့နေထိုင်ရာပတ်ဝန်းကျင်တွင်အိမ်တစ်လုံးငှားရမ်းဖို့ရှာဖွေနေပါတယ်။

ZawGyi

အရင္တုန္းက ရန္သူဆိုေပမယ့္ ကစားေဖာ္ျဖစ္လာခ်ိန္မွာ မက္ဆီအတြက္ အကူအညီမ်ားစြာ ေပးေနတဲ့ ရာမို႔စ္

ဆာဂ်ီယိုရာမို႔စ္ဟာပီအက္စ္ဂ်ီသို႔ေရာက္လာခါစရွိေသးတဲ့လီယြန္နယ္မက္ဆီႏွင့္သူ႔မိသားစုအားသူ႔အိမ္တြင္ေနထိုင္ဖို႔ကမ္းလွမ္းမႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

ရာမို႔စ္ႏွင့္မက္ဆီတို႔ဟာစပိန္ဘီလူးမ်ားျဖစ္ၾကတဲ့ဘာစီလိုနာႏွင့္ရီးရဲလ္မက္ဒရစ္တို႔ရဲ႕အသင္းေခါင္းေဆာင္အျဖစ္ကစားစဥ္ကာလအတြင္းအႀကီးမားဆုံးၿပိဳင္ဘက္မ်ားျဖစ္ခဲ့သူမ်ားလည္းျဖစ္ပါတယ္။

El Clasico ပြဲစဥ္မ်ားအတြင္းမွာရာမို႔စ္ႏွင့္မက္ဆီတို႔ဟာအႀကိမ္ႀကိမ္ညႇိခဲ့ၾကဖူးပါတယ္။၂၀၁၉ခုႏွစ္တုန္းကဆန္တီယာဂိုဘာေနဗ်ဴးပြဲစဥ္မွာရာမို႔စ္ႏွင့္မက္ဆီတို႔ဟာအခ်င္းမ်ားရာမွာအျပန္အလွန္ေခါင္းခ်င္းဆိုင္တိုက္မႈေၾကာင့္အသီးသီးအနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရဖူးပါတယ္။

ဒါေပမယ့္လည္းရာမို႔စ္ဟာသူကစားေနတဲ့ပီအက္စ္ဂ်ီသို႔မက္ဆီေရာက္လာခ်ိန္မွာေတာ့ကစားေဖာ္ေကာင္းတစ္ဦးအေနျဖင့္အေကာင္းဆုံးအကူအညီေပးၿပီးၿငိမ္းခ်မ္းေရးကမ္းလွမ္းမႈျပဳလုပ္ခဲ့ပါတယ္။

El Pais ရဲ႕ေဖာ္ျပခ်က္အရရာမို႔စ္ဟာမက္ဆီႏွင့္သူ႔မိသားစုဝင္မ်ားအားအိမ္သစ္ရွာေဖြမရေသးခင္ကာလအတြင္းမွာသူ႔အိမ္မွာအတူေနဖို႔ကမ္းလွမ္းခဲ့ပါတယ္။

လီယြန္နယ္မက္ဆီနဲ႔သူ႔မိသားစုဝင္မ်ားဟာ တစ္ညလွ်င္ေပါင္၁၇၀၀၀ေပးရတဲ့ဟိုတယ္မွာတည္းခိုေနပါတယ္။မက္ဆီငွားရမ္းေနထိုင္ေနတဲ့ၾကယ္ပြင့္အဆင့္ရွိLe Royal Monceau ဟိုတယ္မွာသီးသန႔္ေရကူးကန္၊႐ုပ္ရွင္႐ုံတို႔လည္းပါဝင္ပါတယ္။

ရာမို႔စ္ဟာလည္းရီးရဲလ္မက္ဒရစ္မွထြက္ခြာကာပီအက္စ္ဂ်ီသို႔ေျပာင္းစတုန္းကယင္းဟိုတယ္တြင္ယာယီေနထိုင္ခဲ့ပါတယ္။

မက္ဆီဟာရာမို႔စ္ရဲ႕ခ်စ္စရာေကာင္းတဲ့ကမ္းလွမ္းမႈကိုပယ္ခ်ခဲ့ပါတယ္။ယခုအခါသူဟာအိန္ဂ်ယ္ဒီမာရီယာ၊မာကြင္ဟို႔စ္တို႔ေနထိုင္ရာပတ္ဝန္းက်င္တြင္အိမ္တစ္လုံးငွားရမ္းဖို႔ရွာေဖြေနပါတယ္။