အရင်အတိုင်း အာဆင်နယ်လား? ဘီဘာနီယန်ရှုံးပွဲမှာ ယခင်အတိုင်း မပြောင်းမလဲရှိနေဆဲ အာတီတာရဲ့အာဆင်နယ်

အာဆင်နယ်ဟာမနေ့ညတုန်းကကစားခဲ့တဲ့ပထမဆုံးရာသီကြိုခြေစမ်းပွဲစဉ်မှာစကော့တလန်ကလပ်ဟီဘာနီယန်ကို၂-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

အခွင့်အရေးမသုံးမချနိုင်မှု၊ခံစစ်အမှားများပြုလုပ်မှုတွေနဲ့အတူ အာဆင်နယ်နဲ့ လမ်းဟောင်းကြီးအတိုင်း ဆက်လက်လျှောက်လို့ကောင်းတုန်းဖြစ်ပါတယ်။

ဟီဘာနီယန်နှင့်ပွဲမှာလည်းအာဆင်နယ်ဟာထုံးစံအတိုင်းဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားနိုင်ခဲ့ပေမယ့်နောက်တန်းမှာအပြောင်းအလဲလုပ်မှုနဲ့အတူပေးဆပ်ခဲ့ရပြန်ပါတယ်။ဒါ့အပြင်အပိုင်အခွင့်အရေးများကိုလည်းအသုံးမချနိုင်ခဲ့ပြန်ပါဘူး။

အာတီတာအတွက်ဒီရှုံးပွဲမှာကျေနပ်စရာတစ်ချို့တော့ရှိပါတယ်။အထူးသဖြင့်တိုက်စစ်ကစားဟန်ဖြစ်ပါတယ်။ဒုတိယပိုင်းမှာလာကာဇက်တီ၊နီကိုလပ်စ်ပီပီ၊အီမီလီစမစ်ရိုးတို့ ဝင်ရောက်လာပြီးနောက်အာဆင်နယ်ရဲ့တိုက်စစ်ကစားဟန်ကောင်းမွန်လာတာမြင်ခဲ့ရပါတယ်။

အာတီတာဟာယခုရာသီကြိုလေ့ကျင့်ရေးကာလအတွင်းမှာအသင်းရဲ့အရေးပါတဲ့အစိတ်အပိုင်းတစ်ချို့ကိုအကောင်းဆုံးလုပ်ဖို့စီစဉ်ထားတယ်လို့ယူဆရပါတယ်။အရေးအကြီးဆုံးကတော့အဆုံးသတ်မှုအပိုင်းပါ။ပြီးခဲ့တဲ့ရာသီတုန်းကအာဆင်နယ်ဟာကစားပုံကျစ်လစ်ပေမယ့်လည်းအဆုံးသတ်ပိုင်းမကောင်းမှုကြောင့် ရသင့်တဲ့အမှတ်တွေဆုံးရှုံးခဲ့ရတာပါ။

ဟီဘာနီယန်နှင့်ပွဲပထမပိုင်းမှာအက်ဒီနကီတာသေချာပေါက်ဂိုးရမယ့်အခွင့်အရေးဖြန်းတီးခဲ့သလိုဒုတိယပိုင်းမှာပီပီနှင့်ပါတေးတို့ကန်ချက်တိုင်ထိခဲ့ပါတယ်။ဒါ့အပြင်ပင်နယ်တီတစ်ကြိမ်ရခဲ့ရာမှာပီပီရဲ့ကန်ချက်ကိုဟီဘာနီယန်ဂိုးသမားကီဗင်ဒါဘောစကီးကာကွယ်သွားခဲ့ပါတယ်။

ဟီဘာနီယန်အတွက်ဂိုးများကိုပွဲချိန်၂၁မိနစ်မှာမာတင်ဘွိုင်လီနှင့်ပွဲချိန်၆၉မိနစ်မှာမက်ကေးတို့ကသွင်းယူခဲ့ပါတယ်။အာဆင်နယ်အတွက်ချေပဂိုးကို၈၂မိနစ်မှာအီမီလီစမစ်ရိုးကဟက်တာဘယ်လီရန်ရဲ့ဖြတ်တင်ဘောကနေ Volley ရိုက်ပြီးကန်သွင်းခဲ့ပါတယ်။ဟီဘာနီယန်ရဲ့အဖွင့်ဂိုးကအာဆင်နယ်အတွက်ပထမဆုံးအကြိမ်အဖြစ်ပွဲထွက်ကစားခွင့်ရခဲ့တဲ့ဂိုးသမားအိုကွန်ဝိုကရှေ့ထွက်ပြီးဘောလုံးရှင်းထုတ်ရာမှာကန်ချက်လွဲပြီးဘွိုင်လီကရရှိကာအပိုင်ကန်သွင်းပြီးရခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာလာမယ့်စနေနေ့မှာရိန်းဂျားနှင့်လည်းကောင်း၊လာမယ့်ဇူလိုင်လ၂၆ရက်နေ့မှာအင်တာမီလန်နှင့်ဖလိုရီဒါဖလားကစားပါမယ်။

ZawGyi

အရင္အတိုင္း အာဆင္နယ္လား? ဘီဘာနီယန္ရႈံးပြဲမွာ ယခင္အတိုင္း မေျပာင္းမလဲရွိေနဆဲ အာတီတာရဲ႕အာဆင္နယ္

အာဆင္နယ္ဟာမေန႔ညတုန္းကကစားခဲ့တဲ့ပထမဆုံးရာသီႀကိဳေျခစမ္းပြဲစဥ္မွာစေကာ့တလန္ကလပ္ဟီဘာနီယန္ကို၂-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

အခြင့္အေရးမသုံးမခ်ႏိုင္မႈ၊ခံစစ္အမွားမ်ားျပဳလုပ္မႈေတြနဲ႔အတူ အာဆင္နယ္နဲ႔ လမ္းေဟာင္းႀကီးအတိုင္း ဆက္လက္ေလွ်ာက္လို႔ေကာင္းတုန္းျဖစ္ပါတယ္။

ဟီဘာနီယန္ႏွင့္ပြဲမွာလည္းအာဆင္နယ္ဟာထုံးစံအတိုင္းေဘာလုံးပိုင္ဆိုင္မႈအသာနဲ႔ကစားႏိုင္ခဲ့ေပမယ့္ေနာက္တန္းမွာအေျပာင္းအလဲလုပ္မႈနဲ႔အတူေပးဆပ္ခဲ့ရျပန္ပါတယ္။ဒါ့အျပင္အပိုင္အခြင့္အေရးမ်ားကိုလည္းအသုံးမခ်ႏိုင္ခဲ့ျပန္ပါဘူး။

အာတီတာအတြက္ဒီရႈံးပြဲမွာေက်နပ္စရာတစ္ခ်ိဳ႕ေတာ့ရွိပါတယ္။အထူးသျဖင့္တိုက္စစ္ကစားဟန္ျဖစ္ပါတယ္။ဒုတိယပိုင္းမွာလာကာဇက္တီ၊နီကိုလပ္စ္ပီပီ၊အီမီလီစမစ္႐ိုးတို႔ ဝင္ေရာက္လာၿပီးေနာက္အာဆင္နယ္ရဲ႕တိုက္စစ္ကစားဟန္ေကာင္းမြန္လာတာျမင္ခဲ့ရပါတယ္။

အာတီတာဟာယခုရာသီႀကိဳေလ့က်င့္ေရးကာလအတြင္းမွာအသင္းရဲ႕အေရးပါတဲ့အစိတ္အပိုင္းတစ္ခ်ိဳ႕ကိုအေကာင္းဆုံးလုပ္ဖို႔စီစဥ္ထားတယ္လို႔ယူဆရပါတယ္။အေရးအႀကီးဆုံးကေတာ့အဆုံးသတ္မႈအပိုင္းပါ။ၿပီးခဲ့တဲ့ရာသီတုန္းကအာဆင္နယ္ဟာကစားပုံက်စ္လစ္ေပမယ့္လည္းအဆုံးသတ္ပိုင္းမေကာင္းမႈေၾကာင့္ ရသင့္တဲ့အမွတ္ေတြဆုံးရႈံးခဲ့ရတာပါ။

ဟီဘာနီယန္ႏွင့္ပြဲပထမပိုင္းမွာအက္ဒီနကီတာေသခ်ာေပါက္ဂိုးရမယ့္အခြင့္အေရးျဖန္းတီးခဲ့သလိုဒုတိယပိုင္းမွာပီပီႏွင့္ပါေတးတို႔ကန္ခ်က္တိုင္ထိခဲ့ပါတယ္။ဒါ့အျပင္ပင္နယ္တီတစ္ႀကိမ္ရခဲ့ရာမွာပီပီရဲ႕ကန္ခ်က္ကိုဟီဘာနီယန္ဂိုးသမားကီဗင္ဒါေဘာစကီးကာကြယ္သြားခဲ့ပါတယ္။

ဟီဘာနီယန္အတြက္ဂိုးမ်ားကိုပြဲခ်ိန္၂၁မိနစ္မွာမာတင္ဘြိဳင္လီႏွင့္ပြဲခ်ိန္၆၉မိနစ္မွာမက္ေကးတို႔ကသြင္းယူခဲ့ပါတယ္။အာဆင္နယ္အတြက္ေခ်ပဂိုးကို၈၂မိနစ္မွာအီမီလီစမစ္႐ိုးကဟက္တာဘယ္လီရန္ရဲ႕ျဖတ္တင္ေဘာကေန Volley ႐ိုက္ၿပီးကန္သြင္းခဲ့ပါတယ္။ဟီဘာနီယန္ရဲ႕အဖြင့္ဂိုးကအာဆင္နယ္အတြက္ပထမဆုံးအႀကိမ္အျဖစ္ပြဲထြက္ကစားခြင့္ရခဲ့တဲ့ဂိုးသမားအိုကြန္ဝိုကေရွ႕ထြက္ၿပီးေဘာလုံးရွင္းထုတ္ရာမွာကန္ခ်က္လြဲၿပီးဘြိဳင္လီကရရွိကာအပိုင္ကန္သြင္းၿပီးရခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာလာမယ့္စေနေန႔မွာရိန္းဂ်ားႏွင့္လည္းေကာင္း၊လာမယ့္ဇူလိုင္လ၂၆ရက္ေန႔မွာအင္တာမီလန္ႏွင့္ဖလိုရီဒါဖလားကစားပါမယ္။