
ရက်ဂျာနိုင်ဂိုလွန်ဟာအရန်ခုံတွင်ထိုင်နေစဉ်e-cigarette သောက်နေကြောင်းတွေ့ရှိရပြီးနောက် အန့်ဝတ်ရဲ့ပွဲပယ်ခြင်းခံလာရပါတယ်။
ဘယ်လ်ဂျီယံစတားဟာဆေးလိပ်သောက်တဲ့အလေ့အထရှိကြောင်းလူသိရှင်ကြားဖွင့်ဟထားသူလည်းဖြစ်ပါတယ်။
ဒါပေမဲ့သူဟာပွဲတစ်ပွဲတွင် ကလပ်ရဲ့Tracksuit ဝတ်ဆင်ကာအရန်ခုံတွင်ထိုင်နေစဉ် e-cigarette သောက်နေကြောင်းတွေ့ရှိခဲ့ရပါတယ်။
Yahoo ရဲ့ဖော်ပြချက်အရနိုင်ဂိုလွန်ဟာပြီးခဲ့တဲ့အပတ်တုန်းကလည်းလိုင်သက်တမ်းကုန်ဆုံးနေချိန်တွင်ကားမောင်းနှင်မှုဖြင့်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသူဖြစ်ပါတယ်။
အသက်၃၄နှစ်ရှိနိုင်ဂိုလွန်ဟာပြီးခဲ့တဲ့နွေရာသီတုန်းကအင်တာမီလန်နှင့်စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက်ဘယ်လ်ဂျီယံကလပ် အန်ဝတ်သို့ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့ယခုအခါသူ့ရဲ့အပြုအမှုကြောင့် ကလပ်အနာဂတ်မရေမရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
လက်ရှိအချိန်တွင်အန့်ဝတ်က သူ့ကိုတစုံတရာအရေးယူခြင်းမပြုသေးဘဲ ကလပ်အတွက်ကစားခွင့်ရပ်ဆိုင်းထားတာဖြစ်ပါတယ်။
သူဟာ၂၀၁၈ခုနှစ်၊ဇန်နဝါရီလတုန်းကလည်း နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲတွင် ဆေးလိပ်သောက်နေတဲ့ဗီဒီယိုဖိုင်ကိုအွန်လိုင်းမှာတင်လိုက်ပြီးနောက် တောင်းပန်မှုပြုလုပ်ခဲ့ရသူလည်း ဖြစ်ပါတယ်။
ZawGyi
အရန္ခုံတြင္ ေဆးလိပ္ေသာက္ေနေၾကာင္း ေတြ႕ရွိရတဲ့ ႐ိုးမားစတားေဟာင္း ႏိုင္ဂိုလြန္ ပိတ္ပင္ျခင္းခံရ
ရက္ဂ်ာႏိုင္ဂိုလြန္ဟာအရန္ခုံတြင္ထိုင္ေနစဥ္e-cigarette ေသာက္ေနေၾကာင္းေတြ႕ရွိရၿပီးေနာက္ အန႔္ဝတ္ရဲ႕ပြဲပယ္ျခင္းခံလာရပါတယ္။
ဘယ္လ္ဂ်ီယံစတားဟာေဆးလိပ္ေသာက္တဲ့အေလ့အထရွိေၾကာင္းလူသိရွင္ၾကားဖြင့္ဟထားသူလည္းျဖစ္ပါတယ္။
ဒါေပမဲ့သူဟာပြဲတစ္ပြဲတြင္ ကလပ္ရဲ႕Tracksuit ဝတ္ဆင္ကာအရန္ခုံတြင္ထိုင္ေနစဥ္ e-cigarette ေသာက္ေနေၾကာင္းေတြ႕ရွိခဲ့ရပါတယ္။
Yahoo ရဲ႕ေဖာ္ျပခ်က္အရႏိုင္ဂိုလြန္ဟာၿပီးခဲ့တဲ့အပတ္တုန္းကလည္းလိုင္သက္တမ္းကုန္ဆုံးေနခ်ိန္တြင္ကားေမာင္းႏွင္မႈျဖင့္ဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရသူျဖစ္ပါတယ္။
အသက္၃၄ႏွစ္ရွိႏိုင္ဂိုလြန္ဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကအင္တာမီလန္ႏွင့္စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီးေနာက္ဘယ္လ္ဂ်ီယံကလပ္ အန္ဝတ္သို႔ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။
ဒါေပမဲ့ယခုအခါသူ႔ရဲ႕အျပဳအမႈေၾကာင့္ ကလပ္အနာဂတ္မေရမရာျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။
လက္ရွိအခ်ိန္တြင္အန႔္ဝတ္က သူ႔ကိုတစုံတရာအေရးယူျခင္းမျပဳေသးဘဲ ကလပ္အတြက္ကစားခြင့္ရပ္ဆိုင္းထားတာျဖစ္ပါတယ္။
သူဟာ၂၀၁၈ခုႏွစ္၊ဇန္နဝါရီလတုန္းကလည္း ႏွစ္သစ္ကူးေပ်ာ္ပြဲ႐ႊင္ပြဲတြင္ ေဆးလိပ္ေသာက္ေနတဲ့ဗီဒီယိုဖိုင္ကိုအြန္လိုင္းမွာတင္လိုက္ၿပီးေနာက္ ေတာင္းပန္မႈျပဳလုပ္ခဲ့ရသူလည္း ျဖစ္ပါတယ္။