အရန်ခုံမှာဘဲ ထိုင်နေရမယ်ဆိုပြီး ရော်နယ်ဒိုကို ခေါ်ယူရေးအပေါ် ဖလာမင်ဂိုဥက္ကဌငြင်းဆို

ဖလာမင်ဂိုဥက္ကဌကခရစ္စတီယာနိုရော်နယ်ဒိုမှာဖလာမင်ဂိုအသင်းတွင်အရန်ခုံတွင်ထိုင်နေမှာဖြစ်ကြောင်းပြောကြားကာပေါ်တူဂီစူပါစတားအားခေါ်ယူမယ်လို့ကောလာဟလသတင်းများထွက်ပေါ်နေမှုကိုငြင်းဆိုလာပါတယ်။

ရော်နယ်ဒိုဟာစပါးစ်နှင့်ပွဲတွင်နောက်ကျအရန်အဖြစ်ဝင်ရောက်ကစားရန်ငြင်းဆိုပြီးနောက် ချဲလ်ဆီးနှင့်ပွဲလူစာရင်းတွင်ချန်လှပ်ခြင်းခံခဲ့ရပေမဲ့ယူနိုက်တက်ရဲ့နောက်ဆုံးသုံးပွဲဆက်ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။

ဒါပေမဲ့လည်းခရစ္စတီယာနိုရော်နယ်ဒိုဟာလာမယ့်ဆောင်းရာသီတွင်အိုးထရက်ဖို့ဒ်မှထွက်ခွာနိုင်တယ်ဆိုပြီးသတင်းများဆက်လက်ထွက်ပေါ်နေဆဲဖြစ်ပါတယ်။ဖလာမင်ဂိုဟာလည်းခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူနိုင်တဲ့အသင်းတွေထဲကတစ်သင်းအဖြစ်ပါဝင်နေပါတယ်။

ဒါပေမဲ့ဖလာမင်ဂိုဥက္ကဌရိုဒိုလ်ဖိုလန်ဒမ်က “ဒီသတင်းဘယ်ကနေထွက်လာသလဲဆိုတာမသိပါဘူး။ဒါပေမဲ့မီဒီယာတွေကအရမ်းလုပ်ဇာတ်လမ်းတွေဖန်တီးကြတယ်။ပထမဆုံးပြောချင်တာကဘယ်နေရာမှာမကစားမလဲဆိုတာပါ။အရန်ခုံမှာပဲထိုင်နေရလိမ့်မယ်။မှန်လားမှားလားတော့မသိဘူး။အင်တာနက်မှာဖတ်ရတာကတော့သူ့ကိုနှစ်နှစ်စာချုပ်အတွက်ဒေါ်လာ၂၄၂သန်းနဲ့ကမ်းလှမ်းတယ်လို့သိရတယ်။၂၄လပေါ့။တစ်လဆိုရင်ဒေါ်လာ၁၀သန်းရှိတယ်။ခရစ္စတီယာနိုရော်နယ်ဒိုလုပ်ခကဖလာမင်ဂိုတစ်သင်းလုံးလုပ်ခထက်တောင်များနေတယ်။ပီဒရို(သို့မဟုတ်)ဘာဘီဂိုး(ဂါဘရီရယ်ဆာဘိုဆာ)ကိုအရန်ခုံသို့ပို့ထားရမလား။မဖြစ်နိုင်ပါဘူး။ဘယ်သူမှရူးကြောင်ကြောင်အလုပ်ကိုမလုပ်ပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

အရန္ခုံမွာဘဲ ထိုင္ေနရမယ္ဆိုၿပီး ေရာ္နယ္ဒိုကို ေခၚယူေရးအေပၚ ဖလာမင္ဂိုဥကၠဌျငင္းဆို

ဖလာမင္ဂိုဥကၠဌကခရစၥတီယာႏိုေရာ္နယ္ဒိုမွာဖလာမင္ဂိုအသင္းတြင္အရန္ခုံတြင္ထိုင္ေနမွာျဖစ္ေၾကာင္းေျပာၾကားကာေပၚတူဂီစူပါစတားအားေခၚယူမယ္လို႔ေကာလာဟလသတင္းမ်ားထြက္ေပၚေနမႈကိုျငင္းဆိုလာပါတယ္။

ေရာ္နယ္ဒိုဟာစပါးစ္ႏွင့္ပြဲတြင္ေနာက္က်အရန္အျဖစ္ဝင္ေရာက္ကစားရန္ျငင္းဆိုၿပီးေနာက္ ခ်ဲလ္ဆီးႏွင့္ပြဲလူစာရင္းတြင္ခ်န္လွပ္ျခင္းခံခဲ့ရေပမဲ့ယူႏိုက္တက္ရဲ႕ေနာက္ဆုံးသုံးပြဲဆက္ပြဲထြက္ကစားခြင့္ရခဲ့ပါတယ္။

ဒါေပမဲ့လည္းခရစၥတီယာႏိုေရာ္နယ္ဒိုဟာလာမယ့္ေဆာင္းရာသီတြင္အိုးထရက္ဖို႔ဒ္မွထြက္ခြာႏိုင္တယ္ဆိုၿပီးသတင္းမ်ားဆက္လက္ထြက္ေပၚေနဆဲျဖစ္ပါတယ္။ဖလာမင္ဂိုဟာလည္းခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူႏိုင္တဲ့အသင္းေတြထဲကတစ္သင္းအျဖစ္ပါဝင္ေနပါတယ္။

ဒါေပမဲ့ဖလာမင္ဂိုဥကၠဌ႐ိုဒိုလ္ဖိုလန္ဒမ္က “ဒီသတင္းဘယ္ကေနထြက္လာသလဲဆိုတာမသိပါဘူး။ဒါေပမဲ့မီဒီယာေတြကအရမ္းလုပ္ဇာတ္လမ္းေတြဖန္တီးၾကတယ္။ပထမဆုံးေျပာခ်င္တာကဘယ္ေနရာမွာမကစားမလဲဆိုတာပါ။အရန္ခုံမွာပဲထိုင္ေနရလိမ့္မယ္။မွန္လားမွားလားေတာ့မသိဘူး။အင္တာနက္မွာဖတ္ရတာကေတာ့သူ႔ကိုႏွစ္ႏွစ္စာခ်ဳပ္အတြက္ေဒၚလာ၂၄၂သန္းနဲ႔ကမ္းလွမ္းတယ္လို႔သိရတယ္။၂၄လေပါ့။တစ္လဆိုရင္ေဒၚလာ၁၀သန္းရွိတယ္။ခရစၥတီယာႏိုေရာ္နယ္ဒိုလုပ္ခကဖလာမင္ဂိုတစ္သင္းလုံးလုပ္ခထက္ေတာင္မ်ားေနတယ္။ပီဒ႐ို(သို႔မဟုတ္)ဘာဘီဂိုး(ဂါဘရီရယ္ဆာဘိုဆာ)ကိုအရန္ခုံသို႔ပို႔ထားရမလား။မျဖစ္ႏိုင္ပါဘူး။ဘယ္သူမွ႐ူးေၾကာင္ေၾကာင္အလုပ္ကိုမလုပ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။