အရန်ခုံသို့ သုံးပွဲပို့ခဲ့ပြီးနောက် ကီဗင်ဒီဘရိုင်းအနေဖြင့် ဘာလုပ်ဖို့ လိုအပ်နေသလဲ ဂွါဒီယိုလာပြောကြားလာ
ပက်ဂွါဒီယိုလာဟာကီဗင်ဒီဘရိုင်းကိုအရန်ခုံသို့သုံးပွဲပို့ခဲ့ပြီးတဲ့နောက် ဘယ်လ်ဂျီယံကွင်းလယ်ကစားသမားရဲ့ခြေစွမ်းကျဆင်းမှုနှင့်ပတ်သက်ပြီးသူ့အမြင်ကိုရိုးသားစွာဖွင့်ဟလာပါတယ်။
မန်စီးတီးဟာယခုရာသီတွင်တမူထူးခြား မှုနှင့်ကြုံနေရပြီးယခင်ရာသီများတုန်းကကဲ့သို့လီဗာပူးနှင့်ချန်ပီယံဆုအတွက်ယှဉ်ပြိုင်ရခြင်းမရှိဘဲအာဆင်နယ်နှင့်ယှဉ်ပြိုင်နေရပါတယ်။၎င်းတို့ဟာအာဆင်နယ်ရဲ့ရမှတ်၅မှတ်ဖြတ်ခြင်းခံထားရပါတယ်။
တဖက်တွင်မန်စီးတီးဟာအခြားပြဿနာတစ်ရပ်လည်းကြုံနေရပါတယ်။ကီဗင်ဒီဘရိုင်းရဲ့ခြေစွမ်းအကောင်းဆုံးပုံစံမှာရှိနေမနေတာပါ။ကီဗင်ဒီဘရိုင်းဟာယခုရာသီမှာပရီးမီးယားလိဂ်တွင်ဖန်တီးမှုအများဆုံးအဖြစ်ရပ်တည်နေပေမဲ့နောက်ပိုင်းပွဲများတွင်ခြေစွမ်းပြနိုင်ခြင်းမရှိမှုနဲ့အတူ နောက်ဆုံးပရီးမီးယားလိဂ်ပွဲ၇ပွဲတွင်၃ပွဲကိုအရန်ခုံမှာထိုင်နေခဲ့ရပါတယ်။
ယခုအခါဂွါဒီယိုလာကကီဗင်ဒီဘရိုင်းအနေဖြင့်အကောင်းဆုံးပုံစံရရှိရေးအတွက်ရိုးရှင်းတဲ့အရာကိုသာလုပ်ရန်လိုအပ်နေကြောင်းဆိုသွားပါတယ်။
ဂွါဒီယိုလာက “ကျွန်တော်တို့အားလုံးအတွက်ခက်ခဲတဲ့ရာသီပါ။ကျွန်တော်အပါအဝင်ပါ။ကမ္ဘာ့ဖလားနဲ့အခြားအရာတွေကြောင့်လည်းပါပါတယ်။ကီဗင်ဒီဘရိုင်းအရင်တုန်းကကောင်းခဲ့တာမျိုးပြန်လည်ရှာသွားမှာမဟုတ်ပါဘူး။သူ့ကိုအကြိမ်များစွာစကားပြောပြီးပြီ။ရိုးရှင်းလွယ်ကူတာတွေလုပ်ရုံပဲ။သူ့မှာဖန်တီးမှုလုပ်ဖို့၊ဂိုးသွင်းဖို့၊ဘယ်သူမှမမြင်တဲ့ပေးပို့မှုလုပ်ဖို့ အရည်အချင်းရှိထားပြီးသားပါ။ဒီအရည်အချင်းတွေပိုကောင်းလာမယ်လို့အမြဲယုံကြည်နေခဲ့တာပါ။ရိုးရှင်းတာတွေလုပ်ရုံနဲ့ပိုကောင်းနေတာပါ။ပြောရရင်ဘောလုံးမရှုံးအောင်လုပ်မယ်၊ချိတ်ဆက်ကစားမယ်၊ရွှေ့လျားမှုကိုတက်တက်ကြွကြွလုပ်ရုံလေးပါ။ဒီလိုရိုးရှင်းတာတွေလုပ်ရုံနဲ့ပိုကောင်းသထက်ကောင်းလာပါမယ်။ကျန်တာအားလုံးဖြစ်လာပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။
ZawGyi