အရန်အဖြစ် ဝင်ရောက်ကစားရန် ငြင်းဆိုတဲ့ ရော်နယ်ဒိုကို ပထမအသင်းမှ ဖယ်ရှားပြီး တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းလာစေတဲ့ တန်ဟက်

အဲရစ်တန်ဟက်ဟာ စပါးစ်နှင့်ပွဲစဉ်တွင်အရန်အဖြစ်ဝင်ရောက်ကစားရန်ငြင်းဆိုပြီးအဝတ်အစားလဲခန်းအတွင်းသို့ဆင်းသွားတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကို ချဲလ်ဆီးအားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမယ့်ပွဲရဲ့လူစာရင်းမှဖယ်ရှားလိုက်ပါတယ်။

ယူနိုက်တက်ဟာဗုဒ္ဓဟူးနေ့ညတုန်းက အိုးထရက်ဖို့ဒ်တွင်စပါးစ်ကိုဖရက်၊ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ဒါပေမဲ့ယူနိုက်တက်ရဲ့အောင်ပွဲမှာခရစ္စတီယာနိုရော်နယ်ဒိုရဲ့စိတ်ပျက်စရာအပြုအမူရဲ့လွှမ်းမိုးခြင်းခံခဲ့ရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပွဲသိမ်းခရာမမှုတ်မီအချိန်တွင်ပင် နောက်ကျလူစားဝင်ရောက်ကစားလိုခြင်းမရှိမှုနဲ့အတူ ပွဲပြီးရန် ၄ မိနစ်အလိုတွင် အရန်ခုံမှထကာ ဥမင်လှိုဏ်ခေါင်းသို့ဆင်းပြီး အဝတ်အစားလဲခန်းအတွင်းသို့ဝင်ရောက်သွားခဲ့ပါတယ်။

ပွဲအပြီးတွင် အဲရစ်တန်ဟက်ကကြာသပတေးနေ့တွင် ခရစ္စတီယာနိုရော်နယ်ဒိုနှင့်တွေ့ဆုံဆွေးနွေးကာဖြေရှင်းမယ်လို့ကြေညာလာပါတယ်။

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာကြာသပတေးနေ့ကလေ့ကျင့်ခန်းအစီအစဉ်မတိုင်မီ ခရစ္စတီယာနိုရော်နယ်ဒိုနှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီးနောက် ချဲလ်ဆီးနှင့်ပွဲအတွက်လူစာရင်းမှဖယ်ရှားကာတစ်ဦးတည်းလေ့ကျင့်ခန်းဆင်းလာစေပါတယ်။ဒါ့အပြင်ယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုကို နှစ်ပတ်လုပ်ခပေါင်၇၂၀၀၀၀ဒဏ်ရိုက်မှုလည်းပြုလုပ်သွားပါမယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်ရဲ့ချဲလ်ဆီးနှင့်ပွဲအတွက်လူစာရင်းမှ ဖယ်ရှားခြင်းခံခဲ့ရပြီးနောက် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

သူ့ရဲ့ကြေညာချက်တွင် အားလုံးကိုလေးစားသမုရှိမှုဖြင့်ကစားသမားဘဝတစ်ခုလုံး ဖြတ်သန်းလာခြင်းဖြစ်ကြောင်းဆိုထားပြီး သူ့ထုတ်ပြန်ချက်တွင် သူ့လုပ်ရပ်အတွက် တောင်းပန်တဲ့စကားတစ်လုံးတစ်လေမျှထည့်သွင်းထားခြင်းမရှိပါဘူး။

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာအသင်းအတွက်ပြဿနာကောင်တစ်ရပ်ကဲ့သို့ဖြစ်နေတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုကိုစာချုပ်သက်တမ်းကုန်ဆုံးမယ့် လာမယ့်နွေရာသီအထိ ဆက်မထိန်းထားလိုတော့ဘဲ ဇန်နဝါရီတွင်ပင်ထွက်ခွာစေလိုလျက်ရှိပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုကိုယ်တိုင်ကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် အသင်းပြောင်းနိုင်ရေးကြိုးပမ်းလာဖို့ ရှိနေပါတယ်။

ZawGyi

အရန္အျဖစ္ ဝင္ေရာက္ကစားရန္ ျငင္းဆိုတဲ့ ေရာ္နယ္ဒိုကို ပထမအသင္းမွ ဖယ္ရွားၿပီး တစ္ဦးတည္းေလ့က်င့္ခန္းဆင္းလာေစတဲ့ တန္ဟက္

အဲရစ္တန္ဟက္ဟာ စပါးစ္ႏွင့္ပြဲစဥ္တြင္အရန္အျဖစ္ဝင္ေရာက္ကစားရန္ျငင္းဆိုၿပီးအဝတ္အစားလဲခန္းအတြင္းသို႔ဆင္းသြားတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒိုကို ခ်ဲလ္ဆီးအားအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမယ့္ပြဲရဲ႕လူစာရင္းမွဖယ္ရွားလိုက္ပါတယ္။

ယူႏိုက္တက္ဟာဗုဒၶဟူးေန႔ညတုန္းက အိုးထရက္ဖို႔ဒ္တြင္စပါးစ္ကိုဖရက္၊ဘ႐ူႏိုဖာနန္ဒက္စ္တို႔ရဲ႕ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ဒါေပမဲ့ယူႏိုက္တက္ရဲ႕ေအာင္ပြဲမွာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕စိတ္ပ်က္စရာအျပဳအမူရဲ႕လႊမ္းမိုးျခင္းခံခဲ့ရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပြဲသိမ္းခရာမမႈတ္မီအခ်ိန္တြင္ပင္ ေနာက္က်လူစားဝင္ေရာက္ကစားလိုျခင္းမရွိမႈနဲ႔အတူ ပြဲၿပီးရန္ ၄ မိနစ္အလိုတြင္ အရန္ခုံမွထကာ ဥမင္လႈိဏ္ေခါင္းသို႔ဆင္းၿပီး အဝတ္အစားလဲခန္းအတြင္းသို႔ဝင္ေရာက္သြားခဲ့ပါတယ္။

ပြဲအၿပီးတြင္ အဲရစ္တန္ဟက္ကၾကာသပေတးေန႔တြင္ ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ေတြ႕ဆုံေဆြးေႏြးကာေျဖရွင္းမယ္လို႔ေၾကညာလာပါတယ္။

ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာၾကာသပေတးေန႔ကေလ့က်င့္ခန္းအစီအစဥ္မတိုင္မီ ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ၿပီးေနာက္ ခ်ဲလ္ဆီးႏွင့္ပြဲအတြက္လူစာရင္းမွဖယ္ရွားကာတစ္ဦးတည္းေလ့က်င့္ခန္းဆင္းလာေစပါတယ္။ဒါ့အျပင္ယူႏိုက္တက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကို ႏွစ္ပတ္လုပ္ခေပါင္၇၂၀၀၀၀ဒဏ္႐ိုက္မႈလည္းျပဳလုပ္သြားပါမယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယူႏိုက္တက္ရဲ႕ခ်ဲလ္ဆီးႏွင့္ပြဲအတြက္လူစာရင္းမွ ဖယ္ရွားျခင္းခံခဲ့ရၿပီးေနာက္ ေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္ခဲ့ပါတယ္။

သူ႔ရဲ႕ေၾကညာခ်က္တြင္ အားလုံးကိုေလးစားသမုရွိမႈျဖင့္ကစားသမားဘဝတစ္ခုလုံး ျဖတ္သန္းလာျခင္းျဖစ္ေၾကာင္းဆိုထားၿပီး သူ႔ထုတ္ျပန္ခ်က္တြင္ သူ႔လုပ္ရပ္အတြက္ ေတာင္းပန္တဲ့စကားတစ္လုံးတစ္ေလမွ်ထည့္သြင္းထားျခင္းမရွိပါဘူး။

ယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာအသင္းအတြက္ျပႆနာေကာင္တစ္ရပ္ကဲ့သို႔ျဖစ္ေနတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒိုကိုစာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ လာမယ့္ေႏြရာသီအထိ ဆက္မထိန္းထားလိုေတာ့ဘဲ ဇန္နဝါရီတြင္ပင္ထြက္ခြာေစလိုလ်က္ရွိပါတယ္။ ခရစၥတီယာႏိုေရာ္နယ္ဒိုကိုယ္တိုင္ကလည္း ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္ အသင္းေျပာင္းႏိုင္ေရးႀကိဳးပမ္းလာဖို႔ ရွိေနပါတယ္။