
ဘောလုံးပရိသတ်များဟာအရပ်၅ပေ၊၉လက်မတည်းသာရှိတဲ့ဂါဗီမှာအရပ်၆ပေ၊၆လက်မရှိဝေါက်ဝက်ဟော့စ်ကိုခေါင်းယှဉ်တိုက်ရာမှာအနိုင်ရရှိသွားမှုကိုမြင်တွေ့ခဲ့ရပြီးနောက်အံ့ဩသင့်နေကြပါတယ်။
ဘာစီလိုနာနှင့်ယူနိုက်တက်တို့ဟာမနေ့ညတုန်းကနူးကမ့်တွင်ယူရိုပါလိဂ်ရှုံးထွက်အဆင့်နေရာတစ်နေရာရရှိရေးပထမအကျော့ကစားခဲ့ကြရာနှစ်ဂိုးစီသရေဖြင့်ပြီးဆုံးသွားခဲ့ပါတယ်။
ပထမပိုင်းတွင်ဝေါက်ဝက်ဟော့စ်၊မားကပ်စ်ရက်ဖို့ဒ်၊ရောဘတ်လီဝန်ဒေါ့စကီးတို့အခွင့်အရေးရရှိခဲ့ပေမဲ့လည်းအသုံးမချနိုင်ခဲ့ကြပါဘူး။
ဒါပေမဲ့ပရိသတ်များဟာဘာစီလိုနာကွင်းလယ်ကစားသမားဂါဗီရဲ့ပါဝင်လုပ်ဆောင်မှုကိုမျက်စိကျခဲ့ကြပါတယ်။
အသက်၁၈နှစ်ရှိဂါဗီဟာဘာစီလိုနာပထမအသင်းသို့ရောက်လာကတည်းကအဓိကကစားသမားအဖြစ်ကစားခွင့်ရသူဖြစ်ပါတယ်။
သူဟာအရပ်အမောင်းနှင့်ကိုယ်လုံးကိုယ်ထည်သေးငယ်မှုနဲ့အတူလေထဲမှာအန္တရာယ်မရှိဘူးလို့ယူဆရသူလည်းဖြစ်ပါတယ်။အထူးသဖြင့်ဝေါက်ဝက်ဟော့စ်လိုအရပ်အမောင်းမြင့်မားတဲ့သူနဲ့ဆိုဘယ်လိုမှယှဉ်နိုင်စရာမရှိဘူးလို့ထင်စရာပါ။
ဒါပေမဲ့ဘာစီလိုနာကွင်းလယ်ကစားသမားဟာပွဲချိန်၁၁မိနစ်တွင်ဝေါက်ဝက်ဟော့စ်နှင့်ခေါင်းယှဉ်တိုက်ခဲ့ရာမှာအနိုင်ယူပြီးပရိသတ်အားလုံးကိုအံ့ဩသင့်စေခဲ့ပါတယ်။
ဂါဗီဟာမနေ့ညကပွဲစဉ်တွင်အဝါကတ်ပြသခံရပြီးနောက်အဝါကတ်သုံးကတ်ရှိသွားပြီလို့အိုးထရက်ဖို့ဒ်ဒုတိယအကျော့ပွဲစဉ်မှာပွဲပယ်ခံထားရပါတယ်။
ZawGyi
အရပ် ၆ ပေ၊ ၆ လက်မရှိ ဝက်ဟော့စ်ကို ခေါင်းယှဉ်တိုက်ရာမှာ အနိုင်ရခဲ့တဲ့ အရပ် ၅ ပေ၊ ၉ လက်မရှိ ဂါဗီ