
စပါးစ်နှင့်တောင်ကိုရီးယားစတားဆန်ဟောင်မင်းဟာဘယ်ဖက်မျက်ခုံးရိုးအက်ဒဏ်ရာကိုခွဲစိတ်ကုသရန်လိုအပ်နေမှုကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပါဝင်နိုင်ရန်မရေမရာဖြစ်နေပါတယ်။
အသက်၃၀နှစ်ရှိဆန်ဟောင်မင်းဟာအင်္ဂါနေ့တုန်းကပြင်သစ်တွင်မာဆေးလ်ကို၂-၁ဂိုးဖြင့်အနိုင်ရတဲ့ချန်ပီယံလိဂ်ပွဲစဉ်တွင်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။
တောင်ကိုရီးယားဟာလာမယ့်နိုဝင်ဘာလ၂၄ရက်နေ့တွင်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအဖြစ် ဥရုဂွေးနှင့်ရင်ဆိုင်ကစားရပါမယ်။
စပါးစ်ကဆန်ဟောင်မင်းမှာမည်သည့်အချိန်တွင်ခွဲစိတ်ကုသမှုပြုလုပ်လာမယ်၊ဘယ်လောက်အနားယူရမယ်ဆိုတာကြေညာသွားခြင်းမရှိပါဘူး။
မန်စီးတီးကွင်းလယ်ကစားသမားကီဗင်ဒီဘရိုင်းမှာလည်း၂၀၂၁ခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းကနှခေါင်းရိုးကျိုးပြီးမျက်လုံးခွံထိခိုက်တဲ့ဒဏ်ရာရရှိခဲ့ပေမဲ့၁၉ရက်အကြာတွင်ကစားရတဲ့ယူရို၂၀၂၀ပြိုင်ပွဲတွင်ပါဝင်ကစားခဲ့ဖူးရာ ဆန်ဟောင်မင်းမှာလည်းကစားလာနိုင်ဖို့ရှိပါတယ်။
ဆန်ဟောင်မင်းဟာတောင်ကိုရီးယားအတွက်၁၀၄ပွဲကစားကာ၃၅ဂိုးသွင်းထားပါတယ်။တောင်ကိုရီးယားဟာကာတာကမ္ဘာ့ဖလားအုပ်စု(ဇ)တွင်ပေါ်တူဂီ၊ဂါနာ၊ဥရုဂွေးတို့နှင့်တစ်အုပ်စုတည်းကျနေပါတယ်။
ဆန်ဟောင်မင်းဟာလာမယ့်တနင်္ဂနွေနေ့တွင်လီဗာပူးကိုဧည့်ခံကစားရမယ့်ပွဲစဉ်မှာ ပါဝင်လာဖို့မရှိပါဘူး။
ZawGyi
အ႐ိုးအက္ဒဏ္ရာကို ခြဲစိတ္ကုသရမည္ျဖစ္၍ ကမာၻ႔ဖလားလြဲဖြယ္ရွိေနတဲ့ စပါးစ္ႏွင့္ေတာင္ကိုရီးယားစတားဆန္ေဟာင္မင္း
စပါးစ္ႏွင့္ေတာင္ကိုရီးယားစတားဆန္ေဟာင္မင္းဟာဘယ္ဖက္မ်က္ခုံး႐ိုးအက္ဒဏ္ရာကိုခြဲစိတ္ကုသရန္လိုအပ္ေနမႈေၾကာင့္ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ပါဝင္ႏိုင္ရန္မေရမရာျဖစ္ေနပါတယ္။
အသက္၃၀ႏွစ္ရွိဆန္ေဟာင္မင္းဟာအဂၤါေန႔တုန္းကျပင္သစ္တြင္မာေဆးလ္ကို၂-၁ဂိုးျဖင့္အႏိုင္ရတဲ့ခ်န္ပီယံလိဂ္ပြဲစဥ္တြင္ဒဏ္ရာရရွိခဲ့တာလည္းျဖစ္ပါတယ္။
ေတာင္ကိုရီးယားဟာလာမယ့္ႏိုဝင္ဘာလ၂၄ရက္ေန႔တြင္ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲအျဖစ္ ဥ႐ုေဂြးႏွင့္ရင္ဆိုင္ကစားရပါမယ္။
စပါးစ္ကဆန္ေဟာင္မင္းမွာမည္သည့္အခ်ိန္တြင္ခြဲစိတ္ကုသမႈျပဳလုပ္လာမယ္၊ဘယ္ေလာက္အနားယူရမယ္ဆိုတာေၾကညာသြားျခင္းမရွိပါဘူး။
မန္စီးတီးကြင္းလယ္ကစားသမားကီဗင္ဒီဘ႐ိုင္းမွာလည္း၂၀၂၁ခုႏွစ္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတုန္းကႏွေခါင္း႐ိုးက်ိဳးၿပီးမ်က္လုံးခြံထိခိုက္တဲ့ဒဏ္ရာရရွိခဲ့ေပမဲ့၁၉ရက္အၾကာတြင္ကစားရတဲ့ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ပါဝင္ကစားခဲ့ဖူးရာ ဆန္ေဟာင္မင္းမွာလည္းကစားလာႏိုင္ဖို႔ရွိပါတယ္။
ဆန္ေဟာင္မင္းဟာေတာင္ကိုရီးယားအတြက္၁၀၄ပြဲကစားကာ၃၅ဂိုးသြင္းထားပါတယ္။ေတာင္ကိုရီးယားဟာကာတာကမာၻ႔ဖလားအုပ္စု(ဇ)တြင္ေပၚတူဂီ၊ဂါနာ၊ဥ႐ုေဂြးတို႔ႏွင့္တစ္အုပ္စုတည္းက်ေနပါတယ္။
ဆန္ေဟာင္မင္းဟာလာမယ့္တနဂၤေႏြေန႔တြင္လီဗာပူးကိုဧည့္ခံကစားရမယ့္ပြဲစဥ္မွာ ပါဝင္လာဖို႔မရွိပါဘူး။