အရေးပါတဲ့ကစားသမားအဖြစ်ခြေစွမ်းပြနေတဲ့ မေဆင်မောင့်ကို လုပ်ခတိုးပြီး စာချုပ်သစ်ချုပ်ဆိုမယ့် ချဲလ်ဆီး

ချဲလ်ဆီးဟာနှစ်ရာသီဆက်တိုက်အရေးပါတဲ့ကစားသမားအဖြစ်ခြေစွမ်းပြကစားလာခဲ့တဲ့မေဆင်မောင့်အားလုပ်ခတိုးမြှင့်ကာစာချုပ်သစ်ချုပ်ဆိုသွားရန်အသင့်ရှိနေကြောင်းသိရပါတယ်။

မေဆင်မောင့်ဟာယူရို၂၀၂၀ပြိုင်ပွဲတွင်အင်္ဂလန်အတွက်အရေးပါတဲ့ကစားသမားအဖြစ်ကစားခဲ့သလိုချဲလ်ဆီးတွင်လည်းအဓိကကစားသမားအဖြစ်ကစားနေပါတယ်။

အသက်၆နှစ်အရွယ်ကတည်းကချဲလ်ဆီးသို့ရောက်လာခဲ့တဲ့အသက်၂၂နှစ်ရှိမေဆင်မောင့်ဟာလွန်ခဲ့တဲ့နှစ်နှစ်တုန်းကချဲလ်ဆီးနှင့်တစ်ပတ်လုပ်ခပေါင်၇၅၀၀၀တန်ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်ချဲလ်ဆီးဟာခြေစွမ်းဆက်တိုက်မြင့်တက်နေတဲ့မေဆင့်မောင့်ရဲ့ကြိုးစားမှု၊စွမ်းဆောင်ရည်ကိုမျက်ကွယ်မပြုနိုင်တော့ဘဲတစ်ပတ်လုပ်ခပေါင်၁၅၀၀၀၀အထိတိုးမြှင့်ကာစာချုပ်သစ်ချုပ်ဆိုရန်စီစဉ်နေပါတယ်။

ZawGyi




