
ဘာစီလိုနာပရိသတ်များဟာယူနိုက်တက်နှင့်ရင်ဆိုင်ကစားရမဲ့ ယူရိုပါလိဂ်ဒုတိယအကျော့ပွဲစဉ်အတွက်အကြီးအကျယ်စိုးရိမ်လျက်ရှိနေကြပြီဖြစ်ပါတယ်။
ဘာစီလိုနာဟာမနေ့ညတုန်းကနူးကမ့်တွင်ကစားတဲ့ယူရိုပါလိဂ်ရှုံးထွက်အဆင့်ပလေးအော့ဖ်တွင်ယူနိုက်တက်နှင့်နှစ်ဂိုးစီသရေကျခဲ့ပါတယ်။
ဘာစီလိုနာဟာလာမယ့်အပတ်ကြာသပတေးနေ့တွင်အိုးထရက်ဖို့ဒ်သို့ သွားရောက်ကာဒုတိယအကျော့ကစားရပါမယ်။
ဒါပေမဲ့ဘာစီလိုနာပရိသတ်များဟာအဓိကကွင်းလယ်ကစားသမားဂါဗီမှာပွဲပယ်ခံထားရမှုနဲ့အတူ အိုးထရက်ဖို့ဒ်ပွဲစဉ်အတွက်အစိုးရိမ်လွန်နေကြပြီဖြစ်ပါတယ်။
ဂါဗီဟာမနေ့ညကပွဲတွင်အဝါကတ်ပြသခြင်းခံခဲ့ရပြီးနောက်အဝါကတ်၃ကတ်ပြသခံထားရပြီဖြစ်ကာတစ်ပွဲပယ်ခံရပါမယ်။ဒါကြောင့်သူဟာဒုတိယအကျော့ပွဲစဉ်မှာပါဝင်လာမှာမဟုတ်ပါဘူး။
ဒါ့အပြင်ဘာစီလိုနာရဲ့အဓိကကွင်းလယ်ကစားသမားဖြစ်တဲ့ပီဒရီမှာလည်းမနေ့ညကပွဲတွင်တံကောက်ကြောဒဏ်ရာရရှိခဲ့ရာဒုတိယအကျော့ပွဲစဉ်တွင်ပါဝင်လာမဲ့အခြေအနေမှာမရှိပါဘူး။
ဘာစီလိုနာဟာဒဏ်ရာပြဿနာကြောင့်ဘက်စကွက်နှင့်ဒမ်ဘီလီတို့ကိုဆုံးရှုံးထားရချိန်တွင်ဂါဗီနှင့်ပီဒရီတိုကိုထပ်မံဆုံးရှုံးလာတာဖြစ်ပါတယ်။
ဘာစီလိုနာပရိသတ်တစ်ဦးက “ဒီနေ့ပွဲခြေစွမ်းကတော့အမှိုက်ပါ။ဘာမှထိထိရောက်ရောက်မလုပ်နိုင်ခဲ့ဘူး။ခံစစ်ကလည်းဖရိုဖရဲနိုင်လွန်းလှတယ်။ပီဒရီကဒဏ်ရာကြောင့်လွဲမယ်၊ဂါဗီကပွဲပယ်ခံထားရတယ်။ဒမ်ဘီလီနဲ့ဘက်စကွက်မပါဘူး။အခြေအနေကဆိုးသထက်ဆိုးသွားပြီ။အခုပွဲသရေကျပေမဲ့နောက်ပိုဆိုးလာဖို့ပဲရှိတော့တယ်”လို့ဆိုသွားပါတယ်။
ZawGyi
အေရးပါတဲ့ကစားသမား ပြဲပယ္ခံလာရလို႔ ဒုတိယအေက်ာ့တြင္ ယူႏိုက္တက္ရဲ႕ၿဖိဳခ်ျခင္းခံရမည္ကို ဘာစီလိုနာပရိသတ္မ်ားစိုးရိမ္ေန
ဘာစီလိုနာပရိသတ္မ်ားဟာယူႏိုက္တက္ႏွင့္ရင္ဆိုင္ကစားရမဲ့ ယူ႐ိုပါလိဂ္ဒုတိယအေက်ာ့ပြဲစဥ္အတြက္အႀကီးအက်ယ္စိုးရိမ္လ်က္ရွိေနၾကၿပီျဖစ္ပါတယ္။
ဘာစီလိုနာဟာမေန႔ညတုန္းကႏူးကမ့္တြင္ကစားတဲ့ယူ႐ိုပါလိဂ္ရႈံးထြက္အဆင့္ပေလးေအာ့ဖ္တြင္ယူႏိုက္တက္ႏွင့္ႏွစ္ဂိုးစီသေရက်ခဲ့ပါတယ္။
ဘာစီလိုနာဟာလာမယ့္အပတ္ၾကာသပေတးေန႔တြင္အိုးထရက္ဖို႔ဒ္သို႔ သြားေရာက္ကာဒုတိယအေက်ာ့ကစားရပါမယ္။
ဒါေပမဲ့ဘာစီလိုနာပရိသတ္မ်ားဟာအဓိကကြင္းလယ္ကစားသမားဂါဗီမွာပြဲပယ္ခံထားရမႈနဲ႔အတူ အိုးထရက္ဖို႔ဒ္ပြဲစဥ္အတြက္အစိုးရိမ္လြန္ေနၾကၿပီျဖစ္ပါတယ္။
ဂါဗီဟာမေန႔ညကပြဲတြင္အဝါကတ္ျပသျခင္းခံခဲ့ရၿပီးေနာက္အဝါကတ္၃ကတ္ျပသခံထားရၿပီျဖစ္ကာတစ္ပြဲပယ္ခံရပါမယ္။ဒါေၾကာင့္သူဟာဒုတိယအေက်ာ့ပြဲစဥ္မွာပါဝင္လာမွာမဟုတ္ပါဘူး။
ဒါ့အျပင္ဘာစီလိုနာရဲ႕အဓိကကြင္းလယ္ကစားသမားျဖစ္တဲ့ပီဒရီမွာလည္းမေန႔ညကပြဲတြင္တံေကာက္ေၾကာဒဏ္ရာရရွိခဲ့ရာဒုတိယအေက်ာ့ပြဲစဥ္တြင္ပါဝင္လာမဲ့အေျခအေနမွာမရွိပါဘူး။
ဘာစီလိုနာဟာဒဏ္ရာျပႆနာေၾကာင့္ဘက္စကြက္ႏွင့္ဒမ္ဘီလီတို႔ကိုဆုံးရႈံးထားရခ်ိန္တြင္ဂါဗီႏွင့္ပီဒရီတိုကိုထပ္မံဆုံးရႈံးလာတာျဖစ္ပါတယ္။
ဘာစီလိုနာပရိသတ္တစ္ဦးက “ဒီေန႔ပြဲေျခစြမ္းကေတာ့အမႈိက္ပါ။ဘာမွထိထိေရာက္ေရာက္မလုပ္ႏိုင္ခဲ့ဘူး။ခံစစ္ကလည္းဖ႐ိုဖရဲႏိုင္လြန္းလွတယ္။ပီဒရီကဒဏ္ရာေၾကာင့္လြဲမယ္၊ဂါဗီကပြဲပယ္ခံထားရတယ္။ဒမ္ဘီလီနဲ႔ဘက္စကြက္မပါဘူး။အေျခအေနကဆိုးသထက္ဆိုးသြားၿပီ။အခုပြဲသေရက်ေပမဲ့ေနာက္ပိုဆိုးလာဖို႔ပဲရွိေတာ့တယ္”လို႔ဆိုသြားပါတယ္။