အရေးပါတဲ့ပစ္စည်းပါလို့ ခြေသလုံးကာ ပြန်လည်ပေးရန် ပရိသတ်များထံ ဘရန့်ဖို့ဒ်စတားတောင်းဆိုလာ

ဘရန့်ဖို့ဒ်စတားဆာဂျီကာနို့စ်ဟာလီဗာပူးနှင့်သုံးဂိုးစီသရေကျတဲ့ပွဲတွင်ပျောက်သွားတဲ့ခြေသလုံးအားပြန်ပေးရန်ပရိသတ်များအားတောင်းဆိုမှုပြုလုပ်လာပါတယ်။

စပိန်တောင်ပံကစားသမားဟာလီဗာပူးနှင့်သုံးဂိုးစီသရေကျတဲ့ပွဲမှာခြေသလုံးကာအားကွင်းဘေးတွင်ချွတ်ထားခဲ့မိခဲ့ပါတယ်။ယင်းကိုကွင်းလုံခြုံရေးကယူပြီးပရိသတ်တစ်ဦးကိုမှားယွင်းပေးခဲ့ပါတယ်။

ကာနို့စ်ဟာယင်းခြေသလုံးကာတွင်အရေးကြီးတဲ့မိသားစုဓာတ်ပုံပါဝင်နေမှုနဲ့ယင်းခြေသလုံးကာကိုပြန်လည်ပေးအပ်ရန်ပရိသတ်ကိုတောင်းဆိုလာပါတယ်။

ကာနို့စ်ကခြေသလုံးကာကိုပြန်ပေးသူကိုသူ့ဖိနပ်(သို့မဟုတ်)အင်္ကျီလက်ဆောင်ပြန်ပေးသွားမယ်လို့လည်းကမ်းလှမ်းမှုပြုလုပ်ထားပါတယ်။

ဘာစီလိုနာအကယ်ဒမီထွက်လီဗာပူးကစားသမားဟောင်းကာနို့စ်ဟာလီဗာပူးနှင့်ပွဲတွင်ပွဲချိန်ပြည့်ကစားသွားခဲ့ပြီးအဖိုးတန်ရမှတ်တစ်မှတ်ရရှိအောင်အဓိကနေရာမှကူညီခဲ့ပါတယ်။

ZawGyi





