အရေးပါတဲ့ အာဆင်နယ်နှင့်ပွဲတွင် အရေးပါတဲ့ အလယ်တန်းကစားသမားတစ်ဦးကို ဆုံးရှုံးရဖို့ ရှိနေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာယခုအပတ်အကုန်တွင်အာဆင်နယ်နှင့်ကစားရမဲ့အရေးပါတဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွင်အရေးပါတဲ့ကွင်းလယ်ကစားသမားတစ်ဦးကိုလက်လွှတ်ဆုံးရှုံးရနိုင်တဲ့အနေအထားမျိုးမှာရှိနေပါတယ်။

အာဆင်နယ်ဟာတနင်္ဂနွေနေ့တုန်းကခါးသီးတဲ့မြောက်လန်ဒန်ပြိုင်ဘက်စပါးစ်ကိုအဝေးကွင်းတွင်၂-၀ဂိုးဖြင့်အနိုင်ရရှိကာဒုတိယနေရာမှမန်စီးတီးကို၈မှတ်ဖြတ်ပြီးပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်လာခဲ့ပါတယ်။

တဖက်တွင်ယူနိုက်တက်မှာလည်းစနေနေ့တုန်းကမန်ချက်စတာဒါဘီပွဲတွင်မန်စီးတီးကို၂-၁ဖြင့်အနိုင်ရရှိပြီးနောက်ပြိုင်ပွဲအရပ်ရပ်တွင်၉ပွဲဆက်နိုင်ပွဲရရှိထားပါတယ်။

ယူနိုက်တက်ဟာအမှတ်ပေးဇယားအဆင့်၄နေရာတွင်ပင်ဆက်လက်ရပ်တည်နေပြီးထိပ်ဆုံးမှာအာဆင်နယ်နှင့်ရမှတ်၉မှတ်ကွာဟနေပါတယ်။

ဒါပေမဲ့ယူနိုက်တက်ဟာဗုဒ္ဓဟူးနေ့ညတွင်Selhurst Parkသို့သွားရောက်ကာခရစ္စပဲလေ့စ်ကိုအနိုင်ရရှိလာပါကပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်အာဆင်နယ်ကိုစိန်ခေါ်နိုင်တဲ့အနေအထားမျိုးသို့ရောက်လာတော့မှာဖြစ်ပါတယ်။

ဒါပေမဲ့ယူနိုက်တက်ဟာအရေးပါတဲ့အာဆင်နယ်နှင့်ပွဲတွင်အဓိကကစားသမားအချို့ကိုဆုံးရှုံးရနိုင်တဲ့အနေအထားမျိုးမှာရှိနေပါတယ်။

ယူနိုက်တက်ဟာယခုအပတ်အကုန်အာဆင်နယ်နှင့်ပွဲတွင်ဘရာဇီးကွင်းလယ်ကစားသမားတွေဖြစ်ကြတဲ့ကက်စ်မီရိုနှင့်ဖရက်တို့အားဆုံးရှုံးရနိုင်တဲ့အနေအထားမျိုးမှာရှိနေပါတယ်။

ကက်စ်မီရိုနှင့်ဖရက်တို့ဟာခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်တွင်အဝါကတ်ပြသခြင်းခံရပါကအာဆင်နယ်နှင့်ပွဲကိုလွဲချော်ပါမယ်။

ပရီးမီးယားလိဂ်စည်းမျဉ်းအရပထမလိဂ်ပွဲ၁၉ပွဲတွင်အဝါကတ်၅ကတ်ပြသခြင်းခံရပါက၁ပွဲပယ်ပြစ်ဒဏ်ကျခံရပါတယ်။

လက်ရှိအချိန်တွင်ယူနိုက်တက်ရဲ့အဓိကကွင်းလယ်ကစားသမားများဖြစ်ကြတဲ့ကက်စ်မီရိုနှင့်ဖရက်တို့ဟာခရစ္စတယ်ပဲလေ့စ်ပွဲမတိုင်မီအဝါကတ်၄ကတ်ပြသခြင်းခံထားရပါတယ်။

အထူးသဖြင့်ဘရာဇီးကွင်းလယ်ကစားသမားကက်စ်မီရိုကိုသာဆုံးရှုံးရပါကယူနိုက်တက်နည်းပြအဲရစ်တန်ဟက်အတွက်ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်လာပါမယ်။

ကက်စ်မီရိုဟာယူနိုက်တက်ရဲ့ပြိုင်ပွဲအရပ်ရပ်၉ပွဲဆက်နိုင်ပွဲရယူရာမှာအဓိကအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ကစားထားသူလည်းဖြစ်ပါတယ်။

ZawGyi

အေရးပါတဲ့ အာဆင္နယ္ႏွင့္ပြဲတြင္ အေရးပါတဲ့ အလယ္တန္းကစားသမားတစ္ဦးကို ဆုံးရႈံးရဖို႔ ရွိေနတဲ့ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္ဟာယခုအပတ္အကုန္တြင္အာဆင္နယ္ႏွင့္ကစားရမဲ့အေရးပါတဲ့ပရီးမီးယားလိဂ္ပြဲစဥ္တြင္အေရးပါတဲ့ကြင္းလယ္ကစားသမားတစ္ဦးကိုလက္လႊတ္ဆုံးရႈံးရႏိုင္တဲ့အေနအထားမ်ိဳးမွာရွိေနပါတယ္။

အာဆင္နယ္ဟာတနဂၤေႏြေန႔တုန္းကခါးသီးတဲ့ေျမာက္လန္ဒန္ၿပိဳင္ဘက္စပါးစ္ကိုအေဝးကြင္းတြင္၂-၀ဂိုးျဖင့္အႏိုင္ရရွိကာဒုတိယေနရာမွမန္စီးတီးကို၈မွတ္ျဖတ္ၿပီးပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးတြင္ရပ္တည္လာခဲ့ပါတယ္။

တဖက္တြင္ယူႏိုက္တက္မွာလည္းစေနေန႔တုန္းကမန္ခ်က္စတာဒါဘီပြဲတြင္မန္စီးတီးကို၂-၁ျဖင့္အႏိုင္ရရွိၿပီးေနာက္ၿပိဳင္ပြဲအရပ္ရပ္တြင္၉ပြဲဆက္ႏိုင္ပြဲရရွိထားပါတယ္။

ယူႏိုက္တက္ဟာအမွတ္ေပးဇယားအဆင့္၄ေနရာတြင္ပင္ဆက္လက္ရပ္တည္ေနၿပီးထိပ္ဆုံးမွာအာဆင္နယ္ႏွင့္ရမွတ္၉မွတ္ကြာဟေနပါတယ္။

ဒါေပမဲ့ယူႏိုက္တက္ဟာဗုဒၶဟူးေန႔ညတြင္Selhurst Parkသို႔သြားေရာက္ကာခရစၥပဲေလ့စ္ကိုအႏိုင္ရရွိလာပါကပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္အာဆင္နယ္ကိုစိန္ေခၚႏိုင္တဲ့အေနအထားမ်ိဳးသို႔ေရာက္လာေတာ့မွာျဖစ္ပါတယ္။

ဒါေပမဲ့ယူႏိုက္တက္ဟာအေရးပါတဲ့အာဆင္နယ္ႏွင့္ပြဲတြင္အဓိကကစားသမားအခ်ိဳ႕ကိုဆုံးရႈံးရႏိုင္တဲ့အေနအထားမ်ိဳးမွာရွိေနပါတယ္။

ယူႏိုက္တက္ဟာယခုအပတ္အကုန္အာဆင္နယ္ႏွင့္ပြဲတြင္ဘရာဇီးကြင္းလယ္ကစားသမားေတြျဖစ္ၾကတဲ့ကက္စ္မီ႐ိုႏွင့္ဖရက္တို႔အားဆုံးရႈံးရႏိုင္တဲ့အေနအထားမ်ိဳးမွာရွိေနပါတယ္။

ကက္စ္မီ႐ိုႏွင့္ဖရက္တို႔ဟာခရစၥတယ္ပဲေလ့စ္ႏွင့္ပြဲစဥ္တြင္အဝါကတ္ျပသျခင္းခံရပါကအာဆင္နယ္ႏွင့္ပြဲကိုလြဲေခ်ာ္ပါမယ္။

ပရီးမီးယားလိဂ္စည္းမ်ဥ္းအရပထမလိဂ္ပြဲ၁၉ပြဲတြင္အဝါကတ္၅ကတ္ျပသျခင္းခံရပါက၁ပြဲပယ္ျပစ္ဒဏ္က်ခံရပါတယ္။

လက္ရွိအခ်ိန္တြင္ယူႏိုက္တက္ရဲ႕အဓိကကြင္းလယ္ကစားသမားမ်ားျဖစ္ၾကတဲ့ကက္စ္မီ႐ိုႏွင့္ဖရက္တို႔ဟာခရစၥတယ္ပဲေလ့စ္ပြဲမတိုင္မီအဝါကတ္၄ကတ္ျပသျခင္းခံထားရပါတယ္။

အထူးသျဖင့္ဘရာဇီးကြင္းလယ္ကစားသမားကက္စ္မီ႐ိုကိုသာဆုံးရႈံးရပါကယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္အတြက္ႀကီးမားတဲ့ဆုံးရႈံးမႈျဖစ္လာပါမယ္။

ကက္စ္မီ႐ိုဟာယူႏိုက္တက္ရဲ႕ၿပိဳင္ပြဲအရပ္ရပ္၉ပြဲဆက္ႏိုင္ပြဲရယူရာမွာအဓိကအေရးပါတဲ့အခန္းက႑ကပါဝင္ကစားထားသူလည္းျဖစ္ပါတယ္။