အရေးပေါ်ဂရုစိုက်စောင့်ရှောက်မှုပြန်လည်ခံယူနေရတဲ့ အူမအကျိတ်ခွဲစိတ်ဖယ်ရှားခဲ့ရတဲ့ ဘောလုံးဂန္ထဝင်ပီလီ

ဘရာဇီးဂန္ထဝင်ကစားသမားပီလီဟာအက်ဆစ်ပြောင်းပြန်စီးဆင်းမှုကြောင့်အထူးကျန်းမာရေးစောင့်ရှောက်မှုပြန်လည်ခံယူနေရကြောင်းသိရပါတယ်။

ကမ္ဘာ့ဖလားသုံးကြိမ်ရအသက်၈၀နှစ်ရှိပီလီဟာအထူးဂရုစိုက်စောင့်ရှောက်မှုပြန်လည်တက်ရောက်ခဲ့ရပေမယ့်လည်းစိုးရိမ်စရာအနေအထားမှာမရှိပါဘူး။

ပီလီဟာအူမကြီးအကျိတ်ကိုခွဲစိတ်ကုသမှုခံယူခဲ့ရပြီးနောက်အင်္ဂါနေ့တုန်းကအထူးကျန်းမာရေးဂရုစိုက်စောင့်ရှောက်မှုအောက်မှလွတ်မြောက်လာခဲ့သူဖြစ်ပါတယ်။

ပီလီဟာအထူးအရေးပေါ်ဂရုစိုက်မှုခံနေရပေမယ့်လည်းကျန်းမာရေးအခြေအနေကောင်းမွန်နေကြောင်းသမီးဖြစ်သူကယ်လီနာစီမန်တိုကအတည်ပြုသွားပါတယ်။

ပီလီဟာကိုဗစ်ကြောင့်ဆေးရုံတက်စစ်ဆေးမှုခံယူရေးရွှေ့ဆိုင်းခဲ့ရပြီးနောက်ပြီးခဲ့တဲ့လတုန်းကဆေးရုံတက်ကာအူမကြီးအကျိတ်ကိုခွဲစိတ်ကုသမှုပြုလုပ်ခဲ့သူဖြစ်ပါတယ်။

ZawGyi





