အရေးပေါ် အစည်းအဝေးပြုလုပ်ပြီးနောက် ဆိုးလ်ရှားကို ထုတ်ပယ်ရန် မန်ယူဘုတ်အဖွဲ့ဆုံးဖြတ်လိုက်ပြီ

မန်ချက်စတာယူနိုက်တက်အသင်းဟာနည်းပြအိုလီဂန်းနားဆိုးလ်ရှားနှင့်လမ်းခွဲရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။မန်ယူအသင်းဘုတ်အဖွဲ့ဟာစနေနေ့တုန်းကဝက်ဖို့ဒ်ကိုအဝေးကွင်းမှာ၄-၁ဂိုးအရှက်တကွဲရှုံးနိမ့်ပြီးနောက်နာရီအနည်းငယ်အကြာတွင်အရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။

အဆိုပါအစည်းအဝေးတွင်ဂလေဇာမိသားစုဟာဆိုးလ်ရှားအားထုတ်ပယ်ရေးအတွက်ဆုံးဖြတ်ခဲ့ပါတယ်။မန်ယူဟာလာမယ့်နာရီအနည်းငယ်အတွင်းတွင်ဆိုးလ်ရှားနှင့်လမ်းခွဲကြောင်းကြေညာလာဖို့ရှိပါတယ်။

မန်ယူဟာဆိုးလ်ရှားကိုထုတ်ပယ်ပြီးနည်းပြသစ်ရှာဖွေနေစဉ်အတွင်းဒါရင်းဖလက်ချာကိုယာယီနည်းပြအဖြစ်ခန့်အပ်သွားမှာဖြစ်ပြီးမိုက်ကယ်ကာရစ်ကလက်ထောက်နည်းပြအဖြစ်ပံ့ပိုးသွားပါမယ်။

မန်ယူဟာဆိုးလ်ရှားနေရာတွင်ဇီဒန်းနှင့်အစားထိုးခန့်အပ်ရန်စီစဉ်ထားပါတယ်။ဒါပေမယ့်မန်ယူဟာဇီဒန်းကိုခန့်အပ်ရေးအဆင်မပြေပါကဖလက်ချာနှင့်ကာရစ်ကိုဆက်လက်ခန့်အပ်သွားဖို့ရှိပါတယ်။

မန်ယူဟာစနေနေ့တုန်းကဝက်ဖို့ဒ်ကိုရှုံံးနိမ့်ပြီးနောက်နောက်ဆုံးပရီးမီးယားလိဂ်၇ပွဲမှာ၅ပွဲမြောက်ရှုံးနိမ့်ခဲ့တာဖြစ်ပြီးအမှတ်ပေးဇယားအဆင့်၇နေရာသို့ဆင်းခဲ့ရပါတယ်။

စနေနေ့တုန်းကပွဲအပြီးတွင်ဆိုးလ်ရှားဟာဥမင်လှိုဏ်ခေါင်းသို့မဝင်ရောက်မီမန်ယူပရိသတ်များကိုနှုတ်ဆက်သွားခဲ့ရာတွင်ကလပ်ရဲ့အခြေအနေကိုသူမပြောင်းလဲနိုင်တော့ဘူးလို့ယူဆနေတဲ့ပုံဖြစ်နေပါတယ်။

ဆိုးလ်ရှားဟာ၂၀၁၈ခုနှစ်၊ဒီဇင်ဘာလတုန်းကမော်ရင်ဟိုနေရာတွင်ယာယီနည်းပြအဖြစ်ခန့်အပ်ခံရပြီးနောက်၂၀၁၉ခုနှစ်၊မတ်လတွင်သုံးနှစ်စာချုပ်ဖြင့်အမြဲတမ်းနည်းပြအဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။

ယင်းနောက်၂၀၂၀-၂၁ရာသီတွင်ပရီးမီးယားလိဂ်တွင်ဒုတိယရရှိအောင်စွမ်းဆောင်ပြီးနောက်ဇူလိုင်လတုန်းကသုံးနှစ်စာချုပ်သစ်ချုပ်ဆိုခံခဲ့ရပါတယ်။

ဒါပေမယ့်ဆိုးလ်ရှားဟာဝက်ဖို့ဒ်ဟာရှုံးနိမ့်မှုနဲ့အတူနည်းပြရာထူးကိုပေးဆပ်ရတော့မှာဖြစ်ပါတယ်။မန်ယူဟာ၂၀၁၃ခုနှစ်တုန်းကဆာအဲလက်စ်ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပဥ္စမမြောက်အမြဲတမ်းနည်းပြခန့်အပ်ရေးရှာဖွေနေပြီဖြစ်ပါတယ်။

ZawGyi

အေရးေပၚ အစည္းအေဝးျပဳလုပ္ၿပီးေနာက္ ဆိုးလ္ရွားကို ထုတ္ပယ္ရန္ မန္ယူဘုတ္အဖြဲ႕ဆုံးျဖတ္လိုက္ၿပီ

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာနည္းျပအိုလီဂန္းနားဆိုးလ္ရွားႏွင့္လမ္းခြဲရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ပါတယ္။မန္ယူအသင္းဘုတ္အဖြဲ႕ဟာစေနေန႔တုန္းကဝက္ဖို႔ဒ္ကိုအေဝးကြင္းမွာ၄-၁ဂိုးအရွက္တကြဲရႈံးနိမ့္ၿပီးေနာက္နာရီအနည္းငယ္အၾကာတြင္အေရးေပၚအစည္းအေဝးျပဳလုပ္ခဲ့ပါတယ္။

အဆိုပါအစည္းအေဝးတြင္ဂေလဇာမိသားစုဟာဆိုးလ္ရွားအားထုတ္ပယ္ေရးအတြက္ဆုံးျဖတ္ခဲ့ပါတယ္။မန္ယူဟာလာမယ့္နာရီအနည္းငယ္အတြင္းတြင္ဆိုးလ္ရွားႏွင့္လမ္းခြဲေၾကာင္းေၾကညာလာဖို႔ရွိပါတယ္။

မန္ယူဟာဆိုးလ္ရွားကိုထုတ္ပယ္ၿပီးနည္းျပသစ္ရွာေဖြေနစဥ္အတြင္းဒါရင္းဖလက္ခ်ာကိုယာယီနည္းျပအျဖစ္ခန႔္အပ္သြားမွာျဖစ္ၿပီးမိုက္ကယ္ကာရစ္ကလက္ေထာက္နည္းျပအျဖစ္ပံ့ပိုးသြားပါမယ္။

မန္ယူဟာဆိုးလ္ရွားေနရာတြင္ဇီဒန္းႏွင့္အစားထိုးခန႔္အပ္ရန္စီစဥ္ထားပါတယ္။ဒါေပမယ့္မန္ယူဟာဇီဒန္းကိုခန႔္အပ္ေရးအဆင္မေျပပါကဖလက္ခ်ာႏွင့္ကာရစ္ကိုဆက္လက္ခန႔္အပ္သြားဖို႔ရွိပါတယ္။

မန္ယူဟာစေနေန႔တုန္းကဝက္ဖို႔ဒ္ကိုရႈံံးနိမ့္ၿပီးေနာက္ေနာက္ဆုံးပရီးမီးယားလိဂ္၇ပြဲမွာ၅ပြဲေျမာက္ရႈံးနိမ့္ခဲ့တာျဖစ္ၿပီးအမွတ္ေပးဇယားအဆင့္၇ေနရာသို႔ဆင္းခဲ့ရပါတယ္။

စေနေန႔တုန္းကပြဲအၿပီးတြင္ဆိုးလ္ရွားဟာဥမင္လႈိဏ္ေခါင္းသို႔မဝင္ေရာက္မီမန္ယူပရိသတ္မ်ားကိုႏႈတ္ဆက္သြားခဲ့ရာတြင္ကလပ္ရဲ႕အေျခအေနကိုသူမေျပာင္းလဲႏိုင္ေတာ့ဘူးလို႔ယူဆေနတဲ့ပုံျဖစ္ေနပါတယ္။

ဆိုးလ္ရွားဟာ၂၀၁၈ခုႏွစ္၊ဒီဇင္ဘာလတုန္းကေမာ္ရင္ဟိုေနရာတြင္ယာယီနည္းျပအျဖစ္ခန႔္အပ္ခံရၿပီးေနာက္၂၀၁၉ခုႏွစ္၊မတ္လတြင္သုံးႏွစ္စာခ်ဳပ္ျဖင့္အၿမဲတမ္းနည္းျပအျဖစ္ခန႔္အပ္ခံခဲ့ရပါတယ္။

ယင္းေနာက္၂၀၂၀-၂၁ရာသီတြင္ပရီးမီးယားလိဂ္တြင္ဒုတိယရရွိေအာင္စြမ္းေဆာင္ၿပီးေနာက္ဇူလိုင္လတုန္းကသုံးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခံခဲ့ရပါတယ္။

ဒါေပမယ့္ဆိုးလ္ရွားဟာဝက္ဖို႔ဒ္ဟာရႈံးနိမ့္မႈနဲ႔အတူနည္းျပရာထူးကိုေပးဆပ္ရေတာ့မွာျဖစ္ပါတယ္။မန္ယူဟာ၂၀၁၃ခုႏွစ္တုန္းကဆာအဲလက္စ္ဖာဂူဆန္ထြက္ခြာသြားၿပီးေနာက္ပၪၥမေျမာက္အၿမဲတမ္းနည္းျပခန႔္အပ္ေရးရွာေဖြေနၿပီျဖစ္ပါတယ္။