အရံအတားများကို ကျော်ကာ ပရိသတ်များထံသို့ အင်္ကျီချွတ်ပေးခဲ့တဲ့ အင်္ဂလန်သူရဲကောင်းများ

အင်္ဂလန်သူရဲကောင်းးများဟာမနေ့ညတုန်းကအိုလံပီကိုကွင်းတွင်ယူကရိန်းကိုသမိုင်းဝင်နိုင်ပွဲရရှိပြီးနောက်ယာယီအရံအတားများကိုကျော်ဖြတ်ပြီးပရိသတ်များနဲ့ထိတွေ့မှုပြုလုပ်ခဲ့ကြပါတယ်။

အင်္ဂလန်စတားများဖြစ်ကြတဲ့လုခ်ရှော၊မားကပ်စ်ရပ်ရှ်ဖို့ဒ်၊ဂျု့ဘယ်လင်ဂမ်၊ကီရန်ထရစ်ပီယာတို့ဟာယူရို၂၀၂၀ပြိုင်ပွဲဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်သွားခဲ့ပြီးနောက်သူတို့ရဲ့အင်္ကျီကိုချွတ်ကာပရိသတ်များထံသို့ပစ်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။

အင်္ဂလန်ဟာမနေ့ညတုန်းကဟယ်ရီကိန်းနှစ်ဂိုး၊မက်ဂွိုင်းယား၊ဟင်ဒါဆင်တို့ရဲ့သွင်းဂိုးများနှင့်ယူကရိန်းကို၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ပွဲအပြီးတွင်မန်ယူကစားသမားများဖြစ်ကြတဲ့လုခ်ရှောနှင့်ရပ်ရှ်ဖို့ဒ်တို့ဟာအင်္ကျီချွတ်ပြီးအင်္ဂလန်ပရိသတ်များရှိရာပွဲကြည့်စင်သို့သွားရောက်ကာအင်္ကျီပစ်ပေးခဲ့ကြပါတယ်။ယင်းနောက်ထရစ်ပီယာနဲ့ဘယ်လင်ဂမ်တို့ကလည်းသူတို့ရဲ့အင်္ကျီကိုပရိသတ်များကိုပစ်ပေးခဲ့ပါတယ်။

လုခ်ရှောဟာယူကရိန်းနှင့်ပွဲတွင်နှစ်ဂိုးရအောင်ဖန်တီးမှုပြုလုပ်ထားပြီးယူရို၂၀၂၀ပြိုင်ပွဲတွင်ဖန်တီးမှု၃ကြိမ်ပြုလုပ်ထားကာဖန်တီးမှုအများဆုံးရင်းမှာထိပ်ဆုံးမှရပ်တည်နေပါတယ်။သူ့ထက်ဖန်တီးမှုများသူအဖြစ်ဆွစ်ဇာလန်မှဇူဘားက၄ကြိမ်ဖြင့်ရပ်တည်နေပါတယ်။

အင်္ဂလန်ဟာလာမယ့်ဗုဒ္ဓဟူးနေ့မှာဝင်ဘာလေကွင်းမှာယူရို၂၀၂၀ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ်ဒိန်းမတ်နှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

အရံအတားမ်ားကို ေက်ာ္ကာ ပရိသတ္မ်ားထံသို႔ အက်ႌခြၽတ္ေပးခဲ့တဲ့ အဂၤလန္သူရဲေကာင္းမ်ား

အဂၤလန္သူရဲေကာင္းးမ်ားဟာမေန႔ညတုန္းကအိုလံပီကိုကြင္းတြင္ယူကရိန္းကိုသမိုင္းဝင္ႏိုင္ပြဲရရွိၿပီးေနာက္ယာယီအရံအတားမ်ားကိုေက်ာ္ျဖတ္ၿပီးပရိသတ္မ်ားနဲ႔ထိေတြ႕မႈျပဳလုပ္ခဲ့ၾကပါတယ္။

အဂၤလန္စတားမ်ားျဖစ္ၾကတဲ့လုခ္ေရွာ၊မားကပ္စ္ရပ္ရွ္ဖို႔ဒ္၊ဂ်ဳ႕ဘယ္လင္ဂမ္၊ကီရန္ထရစ္ပီယာတို႔ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲဆီမီးဖိုင္နယ္အဆင့္သို႔တက္ေရာက္သြားခဲ့ၿပီးေနာက္သူတို႔ရဲ႕အက်ႌကိုခြၽတ္ကာပရိသတ္မ်ားထံသို႔ပစ္ေပးခဲ့ၾကတာလည္းျဖစ္ပါတယ္။

အဂၤလန္ဟာမေန႔ညတုန္းကဟယ္ရီကိန္းႏွစ္ဂိုး၊မက္ဂြိဳင္းယား၊ဟင္ဒါဆင္တို႔ရဲ႕သြင္းဂိုးမ်ားႏွင့္ယူကရိန္းကို၄-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ပြဲအၿပီးတြင္မန္ယူကစားသမားမ်ားျဖစ္ၾကတဲ့လုခ္ေရွာႏွင့္ရပ္ရွ္ဖို႔ဒ္တို႔ဟာအက်ႌခြၽတ္ၿပီးအဂၤလန္ပရိသတ္မ်ားရွိရာပြဲၾကည့္စင္သို႔သြားေရာက္ကာအက်ႌပစ္ေပးခဲ့ၾကပါတယ္။ယင္းေနာက္ထရစ္ပီယာနဲ႔ဘယ္လင္ဂမ္တို႔ကလည္းသူတို႔ရဲ႕အက်ႌကိုပရိသတ္မ်ားကိုပစ္ေပးခဲ့ပါတယ္။

လုခ္ေရွာဟာယူကရိန္းႏွင့္ပြဲတြင္ႏွစ္ဂိုးရေအာင္ဖန္တီးမႈျပဳလုပ္ထားၿပီးယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ဖန္တီးမႈ၃ႀကိမ္ျပဳလုပ္ထားကာဖန္တီးမႈအမ်ားဆုံးရင္းမွာထိပ္ဆုံးမွရပ္တည္ေနပါတယ္။သူ႔ထက္ဖန္တီးမႈမ်ားသူအျဖစ္ဆြစ္ဇာလန္မွဇူဘားက၄ႀကိမ္ျဖင့္ရပ္တည္ေနပါတယ္။

အဂၤလန္ဟာလာမယ့္ဗုဒၶဟူးေန႔မွာဝင္ဘာေလကြင္းမွာယူ႐ို၂၀၂၀ဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ဒိန္းမတ္ႏွင့္ရင္ဆိုင္ကစားရပါမယ္။