အရှုံးသမားနေမာကို သူငယ်ချင်းကောင်းပီသစွာ နှစ်သိမ့်ပေးခဲ့တဲ့ မက်ဆီ

လီယွန်နယ်မက်ဆီဟာယနေ့နံနက်တုန်းကဘရာဇီးကိုအနိုင်ယူကာကိုပါအမေရိကဖလားဆွတ်ခူးပြီးနောက်သူငယ်ချင်းကောင်းပီသစွာဖြင့်မျက်ရည်များကျနေတဲ့နေမာကိုသူငယ်ချင်းကောင်းပီသစွာနှစ်သိမ့်ပေးခဲ့ပါတယ်။

မက်ဆီရဲ့အာဂျင်တီးနားဟာယနေ့နံနက်ပိုင်းတုန်းကဘရာဇီးနိုင်ငံ၊ရီယိုဒီဂျနဲလ်ရိုးရှိမာရာကာနာကွင်းမှာဘရာဇီးကို၁-၀ဂိုးဖြင့်အနိုင်ရရှိပြီးကိုပါအမေရိကဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုဒီမာရီယာကသွင်းယူခဲ့တာဖြစ်ပြီးအာဂျင်တီးနားဟာ၂၈နှစ်အတွင်းပထမဆုံးဆုဖလားဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင်မက်ဆီဟာသူ့ကစားသမားဘဝတစ်လျှောက်ပထမဆုံးအကြိမ်အဖြစ်အာဂျင်တီးနားနှင့်အတူနိုင်ငံတကာဆုဖလားဆွတ်ခူးနိုင်ခဲ့ပါတယ်။

မက်ဆီဟာပွဲအပြီးမှာကစားဖော်များနှင့်အတူအောင်ပွဲခံပြီးနောက် ရှုံးပွဲကြုံရကာမျက်ရည်များကျနေခဲ့တဲ့နေမာကိုနှစ်သိမ့်ဖို့မမေ့ခဲ့ပါဘူး။မက်ဆီဟာနေမာဆီသို့ချက်ချင်းသွားရောက်ကာနှစ်သိမ့်ပေးခဲ့ပါတယ်။

မက်ဆီဟာနေမာကိုနှစ်သိမ့်ပြီးနောက်သူ့အပျော်ကိုမိသားစုနှင့်ဝေမျှရန်အတွက် FaceTime ဖြင့်ဗီဒီယိုဖုန်းခေါ်မှုပြုလုပ်ခဲ့ပါသေးတယ်။

နေမာဟာလည်းဘရာဇီးအသင်းနှင့်အတူကိုပါအမေရိကဖလားမဆွတ်ခူးဖူးတဲ့သူဖြစ်ပါတယ်။၂၀၁၈ခုနှစ်တုန်းကဘရာဇီးအသင်းကိုပါအမေရိကဖလားဆွတ်ခူးခဲ့ပေမယ့်နေမာမှာဒဏ်ရာကြောင့်လွဲချော်ခဲ့ပါတယ်။

မက်ဆီနှင့်နေမာတို့ဟာဘာစီလိုနာတွင်အတူတွဲကစားစဉ်အတွင်းလာလီဂါဖလား၂ကြိမ်၊ချန်ပီယံလိဂ်ဖလား၁ကြိမ်နှင့်စပိန်ရှုံးထွက်ဖလား၃ကြိမ်ဆွတ်ခူးခဲ့ကြပါတယ်။

နေမာနှင့်မက်ဆီတို့ဟာယနေ့နံနက်ကကိုပါအမေရိကဖလားဗိုလ်လုပွဲမတိုင်မီ နှစ်ဦးစလုံးဟာကိုပါအမေရိကဖလားပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုများအသီးသီးရရှိခဲ့ကြပါတယ်။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ကမက်ဆီနှင့်နေမာတို့ထဲမှ မည်သည့်ကပိုကောင်းတယ်ဆိုတာရွေးချယ်ဖို့ခက်ခဲနေတာကြောင့်နှစ်ဦးလုံးကိုအကောင်းဆုံးကစားသမားဆုချီးမြှင့်ရခြင်းဖြစ်ကြောင်းကြေညာသွားပါတယ်။

ZawGyi

အရႈံးသမားေနမာကို သူငယ္ခ်င္းေကာင္းပီသစြာ ႏွစ္သိမ့္ေပးခဲ့တဲ့ မက္ဆီ

လီယြန္နယ္မက္ဆီဟာယေန႔နံနက္တုန္းကဘရာဇီးကိုအႏိုင္ယူကာကိုပါအေမရိကဖလားဆြတ္ခူးၿပီးေနာက္သူငယ္ခ်င္းေကာင္းပီသစြာျဖင့္မ်က္ရည္မ်ားက်ေနတဲ့ေနမာကိုသူငယ္ခ်င္းေကာင္းပီသစြာႏွစ္သိမ့္ေပးခဲ့ပါတယ္။

မက္ဆီရဲ႕အာဂ်င္တီးနားဟာယေန႔နံနက္ပိုင္းတုန္းကဘရာဇီးႏိုင္ငံ၊ရီယိုဒီဂ်နဲလ္႐ိုးရွိမာရာကာနာကြင္းမွာဘရာဇီးကို၁-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးကိုပါအေမရိကဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။

အာဂ်င္တီးနားအတြက္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုဒီမာရီယာကသြင္းယူခဲ့တာျဖစ္ၿပီးအာဂ်င္တီးနားဟာ၂၈ႏွစ္အတြင္းပထမဆုံးဆုဖလားဆြတ္ခူးခဲ့တာလည္းျဖစ္ပါတယ္။

ဒါ့အျပင္မက္ဆီဟာသူ႔ကစားသမားဘဝတစ္ေလွ်ာက္ပထမဆုံးအႀကိမ္အျဖစ္အာဂ်င္တီးနားႏွင့္အတူႏိုင္ငံတကာဆုဖလားဆြတ္ခူးႏိုင္ခဲ့ပါတယ္။

မက္ဆီဟာပြဲအၿပီးမွာကစားေဖာ္မ်ားႏွင့္အတူေအာင္ပြဲခံၿပီးေနာက္ ရႈံးပြဲႀကဳံရကာမ်က္ရည္မ်ားက်ေနခဲ့တဲ့ေနမာကိုႏွစ္သိမ့္ဖို႔မေမ့ခဲ့ပါဘူး။မက္ဆီဟာေနမာဆီသို႔ခ်က္ခ်င္းသြားေရာက္ကာႏွစ္သိမ့္ေပးခဲ့ပါတယ္။

မက္ဆီဟာေနမာကိုႏွစ္သိမ့္ၿပီးေနာက္သူ႔အေပ်ာ္ကိုမိသားစုႏွင့္ေဝမွ်ရန္အတြက္ FaceTime ျဖင့္ဗီဒီယိုဖုန္းေခၚမႈျပဳလုပ္ခဲ့ပါေသးတယ္။

ေနမာဟာလည္းဘရာဇီးအသင္းႏွင့္အတူကိုပါအေမရိကဖလားမဆြတ္ခူးဖူးတဲ့သူျဖစ္ပါတယ္။၂၀၁၈ခုႏွစ္တုန္းကဘရာဇီးအသင္းကိုပါအေမရိကဖလားဆြတ္ခူးခဲ့ေပမယ့္ေနမာမွာဒဏ္ရာေၾကာင့္လြဲေခ်ာ္ခဲ့ပါတယ္။

မက္ဆီႏွင့္ေနမာတို႔ဟာဘာစီလိုနာတြင္အတူတြဲကစားစဥ္အတြင္းလာလီဂါဖလား၂ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၁ႀကိမ္ႏွင့္စပိန္ရႈံးထြက္ဖလား၃ႀကိမ္ဆြတ္ခူးခဲ့ၾကပါတယ္။

ေနမာႏွင့္မက္ဆီတို႔ဟာယေန႔နံနက္ကကိုပါအေမရိကဖလားဗိုလ္လုပြဲမတိုင္မီ ႏွစ္ဦးစလုံးဟာကိုပါအေမရိကဖလားၿပိဳင္ပြဲရဲ႕အေကာင္းဆုံးကစားသမားဆုမ်ားအသီးသီးရရွိခဲ့ၾကပါတယ္။

ေတာင္အေမရိကေဘာလုံးအဖြဲ႕ခ်ဳပ္ကမက္ဆီႏွင့္ေနမာတို႔ထဲမွ မည္သည့္ကပိုေကာင္းတယ္ဆိုတာေ႐ြးခ်ယ္ဖို႔ခက္ခဲေနတာေၾကာင့္ႏွစ္ဦးလုံးကိုအေကာင္းဆုံးကစားသမားဆုခ်ီးျမႇင့္ရျခင္းျဖစ္ေၾကာင္းေၾကညာသြားပါတယ္။