အလစ်ဆင်ရဲ့အံ့ဩဖွယ်အနိုင်ဂိုးအား ဝီနယ်ဒမ်ရဲ့တုံ့ပြန်မှုအပေါ် လီဗာပူးပရိသတ်များပေါက်ကွဲ

လီဗာပူးပရိသတ်များဟာဝက်စ်ဘရွန်းနှင့်ပွဲစဉ်တုန်းကနာကျင်အချိန်ပိုမှာအနိုင်ဂိုးသွင်းယူခဲ့တဲ့အလစ်ဆင်ရဲ့ဂိုးနဲ့ပတ်သက်ပြီးပြောဆိုနေကြတုန်းဖြစ်ပါတယ်။အခြားတစ်ဖက်မှာ၎င်းတို့ဟာအလစ်ဆင်ရဲ့အနိုင်ဂိုးသွင်းမှုအပေါ်ဘာမှမခံစားရသလိုဖြစ်နေခဲ့တဲ့ကွင်းလယ်ကစားသမားဝီနယ်ဒမ်အပေါ်တွင်လည်းဒေါသထွက်လျက်ရှိကြပါတယ်။

ဒတ်ချ်ကွင်းလယ်ကစားသမားဟာအလစ်ဆင်ဂိုးသွင်းယူပြီးနောက်လီဗာပူးကစားသမားအားလုံးကဂုဏ်ပြုနေချိန်တွင်ကစားဖော်များနှင့်ပူးပေါင်းခြင်းမရှိဘဲစိတ်အေးလက်အေးဖြင့်ကစားဖော်များရဲ့ဝေးရာသို့ထွက်ခွာခဲ့ပါတယ်။ဒါကြောင့်လည်းလီဗာပူးပရိသတ်များကဒတ်ချ်ကွင်းလယ်ကစားသမားဟာအသင်းနဲ့ပတ်သက်ပြီးလုံးဝဂရုမစိုက်ဘူးလို့ယူဆနေကြပါတယ်။

အသက်၃၀နှစ်ရှိနယ်သာလန်လက်ရွေးစင်ကစားသမားဟာယခုနွေရာသီမှာလီဗာပူးနှင့်စာချပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးအန်ဖီးလ်မှထွက်ခွာဖို့သေချာသလောက်ရှိနေပါတယ်။သူဟာပြီးခဲ့တဲ့နွေရာသီကတည်းကဘာစီလိုနာရဲ့ဆက်သွယ်ခြင်းခံလာခဲ့ရပြီးယခုနွေမှာနျူးကမ့်သို့ပြောင်းဖွယ်ရှိပါတယ်။

လီဗာပူးဂိုးသမားအလစ်ဆင်ဟာဝက်စ်ဘရွန်းအား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲရဲ့နာကျင်အချိန်ပိုမှာထောင့်ကန်ဘောကနေအပြင်းခေါင်းတိုက်ပြီးလီဗာပူးအတွက်အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။သူဟာလီဗာပူးသမိုင်းမှာဂိုးသွင်းယူနိုင်တဲ့ပထမဆုံးဂိုးသမားဖြစ်လာခဲ့ပါတယ်။ယင်းဂိုးဟာလည်းသူ့ကစားသမားဘဝတစ်လျှောက်ပထမဆုံးဂိုးလည်းဖြစ်ပါတယ်။

ZawGyi

အလစ္ဆင္ရဲ႕အံ့ဩဖြယ္အႏိုင္ဂိုးအား ဝီနယ္ဒမ္ရဲ႕တုံ႔ျပန္မႈအေပၚ လီဗာပူးပရိသတ္မ်ားေပါက္ကြဲ

လီဗာပူးပရိသတ္မ်ားဟာဝက္စ္ဘ႐ြန္းႏွင့္ပြဲစဥ္တုန္းကနာက်င္အခ်ိန္ပိုမွာအႏိုင္ဂိုးသြင္းယူခဲ့တဲ့အလစ္ဆင္ရဲ႕ဂိုးနဲ႔ပတ္သက္ၿပီးေျပာဆိုေနၾကတုန္းျဖစ္ပါတယ္။အျခားတစ္ဖက္မွာ၎တို႔ဟာအလစ္ဆင္ရဲ႕အႏိုင္ဂိုးသြင္းမႈအေပၚဘာမွမခံစားရသလိုျဖစ္ေနခဲ့တဲ့ကြင္းလယ္ကစားသမားဝီနယ္ဒမ္အေပၚတြင္လည္းေဒါသထြက္လ်က္ရွိၾကပါတယ္။

ဒတ္ခ်္ကြင္းလယ္ကစားသမားဟာအလစ္ဆင္ဂိုးသြင္းယူၿပီးေနာက္လီဗာပူးကစားသမားအားလုံးကဂုဏ္ျပဳေနခ်ိန္တြင္ကစားေဖာ္မ်ားႏွင့္ပူးေပါင္းျခင္းမရွိဘဲစိတ္ေအးလက္ေအးျဖင့္ကစားေဖာ္မ်ားရဲ႕ေဝးရာသို႔ထြက္ခြာခဲ့ပါတယ္။ဒါေၾကာင့္လည္းလီဗာပူးပရိသတ္မ်ားကဒတ္ခ်္ကြင္းလယ္ကစားသမားဟာအသင္းနဲ႔ပတ္သက္ၿပီးလုံးဝဂ႐ုမစိုက္ဘူးလို႔ယူဆေနၾကပါတယ္။

အသက္၃၀ႏွစ္ရွိနယ္သာလန္လက္ေ႐ြးစင္ကစားသမားဟာယခုေႏြရာသီမွာလီဗာပူးႏွင့္စာခ်ပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးအန္ဖီးလ္မွထြက္ခြာဖို႔ေသခ်ာသေလာက္ရွိေနပါတယ္။သူဟာၿပီးခဲ့တဲ့ေႏြရာသီကတည္းကဘာစီလိုနာရဲ႕ဆက္သြယ္ျခင္းခံလာခဲ့ရၿပီးယခုေႏြမွာန်ဴးကမ့္သို႔ေျပာင္းဖြယ္ရွိပါတယ္။

လီဗာပူးဂိုးသမားအလစ္ဆင္ဟာဝက္စ္ဘ႐ြန္းအား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲရဲ႕နာက်င္အခ်ိန္ပိုမွာေထာင့္ကန္ေဘာကေနအျပင္းေခါင္းတိုက္ၿပီးလီဗာပူးအတြက္အႏိုင္ဂိုးသြင္းယူခဲ့ပါတယ္။သူဟာလီဗာပူးသမိုင္းမွာဂိုးသြင္းယူႏိုင္တဲ့ပထမဆုံးဂိုးသမားျဖစ္လာခဲ့ပါတယ္။ယင္းဂိုးဟာလည္းသူ႔ကစားသမားဘဝတစ္ေလွ်ာက္ပထမဆုံးဂိုးလည္းျဖစ္ပါတယ္။