
ဂျာဂင်ကလော့ပ်ဟာရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်တဲ့ပွဲစဉ်မှအလစ်ဆင်ရဲ့လက်ဆောင်ဂိုးကိုလက်ခုပ်တီးတုံ့ပြန်မှုပြုလုပ်ခဲ့ပါတယ်။
ဘရာဇီးဂိုးသမားဟာမနေ့ညတုန်းကပွဲစဉ်တွင်ဘောလုံးပေးပို့မှုပြုလုပ်ခဲ့ရာမှာ ဗီနီရှပ်စ်ဂျူနီယာနဲ့ထိပြီးပြန်အံထွက်ကာဂိုးပေါက်ထဲဝင်သွားလို့ ချေပဂိုးပေးခဲ့ရပါတယ်။
ကလော့ပ်လည်းဘာမှမတတ်နိုင်ခဲ့ပါဘူး။ဒါပေမဲ့ကလော့ပ်ဟာပြုံနေတာတွေ့ရပြီးလက်ခုပ်အနည်းငယ်တီးကာကစားသမားများကိုစိတ်ဓာတ်တက်ကြွနေဖို့လုပ်ခဲ့ပါတယ်။
ဘောလုံးပရိသတ်တွေကတော့ကလော့ပ်ဟာဒေါသထွက်လွန်းနေမှုကြောင့်လက်ခုပ်တီးလာတာလို့ဆိုနေကြပါတယ်။
လီဗာပူးဟာမနေ့ညကပွဲတွင်ဒါဝင်နူနက်ဇ်နှင့်ဆာလက်တို့ရဲ့ဂိုးကြောင့်ရီးရဲလ်မက်ဒရစ်ကို၂-၀ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့တာပါ။ဒါပေမဲ့ဗီနီရှပ်စ်ကချေပဂိုးနိုင်ဂိုးသွင်းခဲ့ပြီးမီလီတာအိုနှင့်ဘန်ဇီးမားတို့ကအနိုင်ဂိုးများသွင်းခဲ့လို့ရီးရဲလ်မက်ဒရစ်တို့ ၅-၂ဖြင့်အနိုင်ရရှိသွားခဲ့ပါတယ်။
ZawGyi
အလစ်ဆင်ရဲ့ လက်ဆောင်ဂိုးကို ရယ်စရာကောင်းတဲ့ တုံ့ပြန်မှု ပြုလုပ်ခဲ့တဲ့ ကလော့ပ်