အလန်ဘောရဲ့၁၉၆၆ အင်္ဂလန်ကမ္ဘာ့ဖလားချန်ပီယံဆုတံဆိပ်ကို စံချိန်တင်လေလံကြေးဖြင့် ရောင်းချခဲ့ရ

အလန်ဘောရဲ့၁၉၆၆အင်္ဂလန်ကမ္ဘာ့ဖလားချန်ပီယံဆုတံဆိပ်ကိုပေါင်၂၅၂၀၀၀ဖြင့်ရောင်းချနိုင်ခဲ့ပါတယ်။

အင်္ဂလန်ရဲ့ကျောနံပါတ်၇ကစားသမားဟာအနောက်ဂျာမနီကို၄-၂ဖြင့်အနိုင်ရရှိတဲ့အင်္ဂလန်အသင်းတွင်နိုင်ခဲ့ပါတယ်။

သူ့ရဲ့အင်္ဂလန်ကျောနံပါတ်၇အင်္ကျီကိုပေါင်၁၆၄၀၀၀ဖြင့်လည်းကောင်း၊အင်္ဂလန်ဦးထုပ်ကိုပေါင်၁၄၅၀၀၀ဖြင့်လည်းကောင်းအသီးသီးရောင်းချခဲ့ရပါသေးတယ်။

အလန်ဘောဟာအသက်၂၁နှစ်ဖြင့်အင်္ဂလန်ကမ္ဘာ့ဖလားချန်ပီယံအသင်းတွင်ပါဝင်ခဲ့သူဖြစ်ပြီးကမ္ဘာ့ဖလားချန်ပီယံအင်္ဂလန်အသင်းတွင်အသက်အငယ်ဆုံးကစားသမားလည်းဖြစ်ပါတယ်။

အဲဗာတန်နှင့်အာဆင်နယ်အလယ်တန်းကစားသမားဟာအသက်၆၁နှစ်အရွယ်၂၀၀၇ခုနှစ်တုန်းကနှလုံးရောဂါဖြင့်ကွယ်လွန်ခဲ့သူလည်းဖြစ်ပါတယ်။

သူ့ရဲ့အမှတ်တရပစ္စည်းများကို၂၀၀၅ခုနှစ်တုန်းကဘော်လ်တန်အသင်းပိုင်ရှင်ဟောင်း စီးပွားရေးလုပ်ငန်းရှင်အက်ဒ်ဝင်းဒေးဗစ်ကိုရောင်းချခဲ့ပါတယ်။

အလန်ဘောရဲ့ကမ္ဘာ့ဖလားဆုတံဆိပ်ကိုလေလံတင်ရောင်းချနိုင်တဲ့ပမာဏကစံချိန်တင်ရရှိတဲ့ငွေလည်းဖြစ်ပါတယ်။ယခင်၂၀၁၀ခုနှစ်တုန်းကနော်ဘီစတိုင်ရဲ့ကမ္ဘာ့ဖလားဆုတံဆိပ်ကိုလေလံတင်ရောင်းချခဲ့ရာတွင်ပေါင်၁၈၈၀၀၀သာရရှိခဲ့ပါတယ်။

ZawGyi

အလန္ေဘာရဲ႕၁၉၆၆ အဂၤလန္ကမာၻ႔ဖလားခ်န္ပီယံဆုတံဆိပ္ကို စံခ်ိန္တင္ေလလံေၾကးျဖင့္ ေရာင္းခ်ခဲ့ရ

အလန္ေဘာရဲ႕၁၉၆၆အဂၤလန္ကမာၻ႔ဖလားခ်န္ပီယံဆုတံဆိပ္ကိုေပါင္၂၅၂၀၀၀ျဖင့္ေရာင္းခ်ႏိုင္ခဲ့ပါတယ္။

အဂၤလန္ရဲ႕ေက်ာနံပါတ္၇ကစားသမားဟာအေနာက္ဂ်ာမနီကို၄-၂ျဖင့္အႏိုင္ရရွိတဲ့အဂၤလန္အသင္းတြင္ႏိုင္ခဲ့ပါတယ္။

သူ႔ရဲ႕အဂၤလန္ေက်ာနံပါတ္၇အက်ႌကိုေပါင္၁၆၄၀၀၀ျဖင့္လည္းေကာင္း၊အဂၤလန္ဦးထုပ္ကိုေပါင္၁၄၅၀၀၀ျဖင့္လည္းေကာင္းအသီးသီးေရာင္းခ်ခဲ့ရပါေသးတယ္။

အလန္ေဘာဟာအသက္၂၁ႏွစ္ျဖင့္အဂၤလန္ကမာၻ႔ဖလားခ်န္ပီယံအသင္းတြင္ပါဝင္ခဲ့သူျဖစ္ၿပီးကမာၻ႔ဖလားခ်န္ပီယံအဂၤလန္အသင္းတြင္အသက္အငယ္ဆုံးကစားသမားလည္းျဖစ္ပါတယ္။

အဲဗာတန္ႏွင့္အာဆင္နယ္အလယ္တန္းကစားသမားဟာအသက္၆၁ႏွစ္အ႐ြယ္၂၀၀၇ခုႏွစ္တုန္းကႏွလုံးေရာဂါျဖင့္ကြယ္လြန္ခဲ့သူလည္းျဖစ္ပါတယ္။

သူ႔ရဲ႕အမွတ္တရပစၥည္းမ်ားကို၂၀၀၅ခုႏွစ္တုန္းကေဘာ္လ္တန္အသင္းပိုင္ရွင္ေဟာင္း စီးပြားေရးလုပ္ငန္းရွင္အက္ဒ္ဝင္းေဒးဗစ္ကိုေရာင္းခ်ခဲ့ပါတယ္။

အလန္ေဘာရဲ႕ကမာၻ႔ဖလားဆုတံဆိပ္ကိုေလလံတင္ေရာင္းခ်ႏိုင္တဲ့ပမာဏကစံခ်ိန္တင္ရရွိတဲ့ေငြလည္းျဖစ္ပါတယ္။ယခင္၂၀၁၀ခုႏွစ္တုန္းကေနာ္ဘီစတိုင္ရဲ႕ကမာၻ႔ဖလားဆုတံဆိပ္ကိုေလလံတင္ေရာင္းခ်ခဲ့ရာတြင္ေပါင္၁၈၈၀၀၀သာရရွိခဲ့ပါတယ္။