ဆွဲဆောင်မှုပြင်းရှလွန်းလို့ဒဏ်ရိုက်ခံခဲ့ရကြောင်း ရီယက်မရာ့ဇ်ရဲ့ဇနီးသည်ဖွင့်ဟလာ

ရီယက်မရာ့ဇ်ရဲ့ဇနီးသည်ကလော့ဒေါင်းစည်းမျဉ်းကိုချိုးဖောက်ကာပါတီပွဲလုပ်စဉ်အရမ်းလန်းနေမှုကြောင့်ဒဏ်ရိုက်ခြင်းခံခဲ့ရကြောင်းနှင့်ရဲတပ်ဖွဲ့ဝင်များအားပါတီပွဲမကြိုက်ဘူးလားဟုမေးမြန်းခဲ့ကြောင်းဖွင့်ဟလာပါတယ်။

အသက်၂၈နှစ်ရှိမော်ဒယ်ရီသာဂျိုဟယ်ဟာလန်ဒန်ရှိတိုက်ခန်းတစ်ခုမှာပါတီပွဲပြုလုပ်မှုကြောင့်ရဲတပ်ဖွဲ့ရဲ့ဝင်ရောက်စီးနင်းမှုခံခဲ့ရပြီးကိုဗစ်စည်းမျဉ်းချိုးဖောက်မှုအတွက်ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။

သူမရဲ့ပါတီပွဲတွင်အနည်းဆုံးလူခြောက်ဦးပါဝင်တယ်လို့ယူဆရပြီးသူ့ကိုရဲတပ်ဖွဲ့ကဝိုင်းအုံကစစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ကြကြောင်းတွေ့ရပါတယ်။

သူမက “အရမ်းလန်းလွန်းလို့ဒဏ်ရိုက်ခံခဲ့ရတယ်။ကျွန်မတို့အားလုံးဒဏ်ရိုက်ခံရတယ်။ဘာမှမစိုးရိမ်ပါနဲ့အချစ်က လေး”လို့ပြောကြားသွားပါတယ်။

သူမရဲ့မွေးနေ့ပါတီပွဲကိုဝင်ရောက်စီးနင်းရာတွင်အနည်းဆုံးရဲတပ်ဖွဲ့ဝင် ၁၀ဦးခန့်ပါဝင်မယ်လို့ယူဆရပြီး ရဲတပ်ဖွဲ့ဝင်အား “ဘဝကိုဒီအတိုင်းကြီးဘဲဖြတ်သန်းရမှာလား။ရှင်တို့ရောပါတီမကြိုက်ဘူးလား”လို့မေးမြန်းခဲ့ပါ တယ်။ထိုအခါအမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ဦးက “လော့ဒေါင်းကြီးမှာတော့မလုပ်နဲ့လေ”လို့ပြောကြားသွားပါတယ်။

ZawGyi





