အလယ်တန်းကစားသမားအေးလီယက်ကို ဗီရိုနာသို့ မန်စီးတီးရောင်းချ

မန်စီးတီးဟာအလယ်တန်းကစားသမားအိုင်ဗန်အေးလီယက်ကိုစီးရီးအေကလပ်ဗီရိုနာသို့ပေါင်၇သန်းဖြင့်ရောင်းချလိုက်ပါတယ်။အသက်၂၀နှစ်ရှိဆားဘီးယားလက်ရွေးစင်ကစားသမားဟာ၂၀၁၇ခုနှစ်တွင်မန်စီးတီးသို့ရောက်လာပြီးနောက်မန်စီးတီးအတွက်တစ်ပွဲမျှမကစားရသေးသူလည်းဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဗီရိုနာသို့အငှားဖြင့်သွားရောက်ကစားခဲ့သူဖြစ်ပြီးယခုအခါအပြီးသတ်ပြောင်းရွှေ့လိုက်ပြီဖြစ်ပါတယ်။

အေးလီယက်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဗီရိုနာအတွက်ပွဲ၃၀ကစားခွင့်ရရှိခဲ့ကာ၃ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။

သူဟာ၂၀၁၇ခုနှစ်တုန်းကမန်စီးတီးသို့ပြောင်းပြီးနောက်ဆားဘီးယားကလပ်ဇီမန်နှင့်ဒတ်ချ်ကလပ်ဘရီဒါတို့တွင်အငှားဖြင့်သွားကစားခဲ့ရဖူးပါတယ်။

သူဟာဗီရိုနာတွင်ခြေစွမ်းပြကစားနိုင်မှုနဲ့အတူယခုနှစ်အစောပိုင်းမှစတင်ကာဆားဘီးယားလက်ရွေးစင်အသင်းအတွက်ရွေးချယ်ခြင်းခံခဲ့ရကာနှစ်ပွဲကစားခွင့်ရရှိထားပြီဖြစ်ပါတယ်။

ZawGyi

အလယ္တန္းကစားသမားေအးလီယက္ကို ဗီ႐ိုနာသို႔ မန္စီးတီးေရာင္းခ်

မန္စီးတီးဟာအလယ္တန္းကစားသမားအိုင္ဗန္ေအးလီယက္ကိုစီးရီးေအကလပ္ဗီ႐ိုနာသို႔ေပါင္၇သန္းျဖင့္ေရာင္းခ်လိုက္ပါတယ္။အသက္၂၀ႏွစ္ရွိဆားဘီးယားလက္ေ႐ြးစင္ကစားသမားဟာ၂၀၁၇ခုႏွစ္တြင္မန္စီးတီးသို႔ေရာက္လာၿပီးေနာက္မန္စီးတီးအတြက္တစ္ပြဲမွ်မကစားရေသးသူလည္းျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဗီ႐ိုနာသို႔အငွားျဖင့္သြားေရာက္ကစားခဲ့သူျဖစ္ၿပီးယခုအခါအၿပီးသတ္ေျပာင္းေ႐ႊ႕လိုက္ၿပီျဖစ္ပါတယ္။

ေအးလီယက္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကဗီ႐ိုနာအတြက္ပြဲ၃၀ကစားခြင့္ရရွိခဲ့ကာ၃ဂိုးသြင္းယူႏိုင္ခဲ့သူျဖစ္ပါတယ္။

သူဟာ၂၀၁၇ခုႏွစ္တုန္းကမန္စီးတီးသို႔ေျပာင္းၿပီးေနာက္ဆားဘီးယားကလပ္ဇီမန္ႏွင့္ဒတ္ခ်္ကလပ္ဘရီဒါတို႔တြင္အငွားျဖင့္သြားကစားခဲ့ရဖူးပါတယ္။

သူဟာဗီ႐ိုနာတြင္ေျခစြမ္းျပကစားႏိုင္မႈနဲ႔အတူယခုႏွစ္အေစာပိုင္းမွစတင္ကာဆားဘီးယားလက္ေ႐ြးစင္အသင္းအတြက္ေ႐ြးခ်ယ္ျခင္းခံခဲ့ရကာႏွစ္ပြဲကစားခြင့္ရရွိထားၿပီျဖစ္ပါတယ္။